သရုပ်ဆောင် ချစ်သုဝေ၏ ဖခင်ကြီး ဦးဇော်ဝင်း ဒီကနေ့မှာပဲ ရုတ်တရက်ကွယ်လွန်
ပေါ်ပင်စုံ ပရိသတ်ကြီးရေ မိုးလင်းလင်းချင်းမှာပဲ ကြားလိုက်ရတဲ့သတင်းက တကယ်ကိုစိတ်မကောင်းစရာရာပဲဗျာ ပြည်သူအားလုံးကချစ်တဲ့ သရုပ်ဆောင်မင်းသမီးလေး ချစ်သုဝေ ရဲ့ဖခင်ကြီး ဒီနေ့မနက်မှာပဲ ဆုံးပါးသွားတယ်လို့ အနုပညာအသိုင်းအဝိုင်း သတင်းတွေအရ သိရပါတယ်
ချစ်သုဝေနှင့် သူ၏ခင်ပွန်း အဆိုတော်လင်းလင်း ဟာ နွေဦးတော်လှန်ရေးမှာ ရဲရဲတောက်ပါဝင်ခဲ့တာ အားလုံးအသိပါပဲနော် ဒါကြောင့်မို့ ပုဒ်မ ၅၀၅ နှင့်အမှုဖွင့်ခံထားရပြီး လွတ်မြောက်ရာကို တိမ်းရှောင်နေကြရတာပါ ချစ်စရာသမီးလေး ၂ ယောက်နဲ့ မိသားစုရဲ့အဝေမှာ ဆင်းရဲဒုက္ခမျိုးစုံခံစားပြီး ပြည်သူတွေအတွက် အာဏာရှင်ကို တော်လှန်းပေးခဲ့ကြတာပါ
လွန်ခဲ့တဲ့ လအနည်းငယ်ကလဲ ချစ်သုဝေရဲ့ခင်ပွန်းဖြစ်တဲ့ လင်းလင်း၏ ဖခင်ကြီး ဆုံးပါးသွားပါတယ် အခုတော့ မချစ်သုဝေရဲ့ ဖခငကြီးပါမရှိတော့ဘူးဆိုတော့ ဇနီးမောင်နှံ ၂ ယောက်စလုံး ဖခင် မဲ့သွားကြပြီပေါ့ဗျာ
အခုလို မိဘတွေ အသက်ဆုံးနဲ့နောက်ဆုံးအချိန်တွေမှာတောင် ပြုစုခွင့်မရ နွေးထွေးခွင့်မရဘဲ အဝေးကနေသာ ငိုကြွေးနေရတဲ့ အနုပညာရှင်တွေကို တကယ်ပဲကိုယ်ချင်းစာမိပါတယ် မိဘကို ဆုံးရှုံးလိုက်ရတဲ့ အနုပညာရှင်တွေ တဖြည်းဖြည်း များပြားလာပါတယ် တစ်ယောက်ပြီးတစ်ယောက် ကြွေလွင့်နေကြရပါတယ်
ချစ်သုဝေတို့ ဇနီးမောင်နှံ ၂ ယောက်လုံးရဲ့ ဖခင်ပြီးတွေ ကောင်းရာမွန်ရာရောက်ပါစေလို့ ဆုတောင်းရင် ဒီသတင်းလေးကို စိတ်မကောင်းစွာနဲ့ ဖော်ပြပေးလိုက်ရပါတယ်ဗျဝင်ရောက်ဖတ်ရှုခဲ့တဲ့ ပရိသတ်ကြီးနဲ့တကွ မြန်မာပြည်သူပြည်သားအားလုံး ကပ်ဘေးအပေါင်းမှ ကင်းလွှတ်ပြီး သာယာအေးချမ်းတဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ ဗျာ
Zawgyi
ချစ်သုဝေနှင့် သူ၏ခင်ပွန်း အဆိုတော်လင်းလင်း ဟာ နွဦေးတော်လှန်ရေးမှာ ရဲရဲတောက်ပါဝင်ခဲ့တာ အားလုံးအသိပါပဲနော် ဒါကြောင့်မို့ ပုဒ်မ ၅၀၅ နှင့်အမှုဖွင့်ခံထားရပြီး လွတ်မြောက်ရာကို တိမ်းရှောင်နေကြရတာပါ ချစ်စရာသမီးလေး ၂ ယောက်နဲ့ မိသားစုရဲ့အဝေမှာ ဆင်းရဲဒုက္ခမျိုးစုံခံစားပြီး ပြည်သူတွေအတွက် အာဏာရှင်ကို တော်လှန်းပေးခဲ့ကြတာပါ