သေဆုံးသွားတဲ့ မာယာလေးအတွက် လက်စားချေပြမယ်ဆိုပြီး ဒေါသအိုးပေါက်ကွဲလာခဲ့တဲ့ မင်းမော်ကွန်း…

သေဆုံးသွားတဲ့ မာယာလေးအတွက် လက်စားချေပြမယ်ဆိုပြီး ဒေါသအိုးပေါက်ကွဲလာခဲ့တဲ့ မင်းမော်ကွန်း…

သေဆုံးသွားတဲ့ ခွေးလေးအတွက် စစ်ကောင်စီကို လက်စားချေဖို့ အမှုတခု ထပ်တိုးလာပြီလို့ ဒေါသပေါက်ကွဲစွာဆိုတဲ့ မင်းမော်ကွန်း။

၂၀၂၁ခုနှစ်၊သြဂုတ်၂၃ရက်။

အကယ်ဒမီ မင်သား :” မင်းမော်ကွန်း”ဟာ စစ်ကောင်စီကို တော်လှန်မှုကြောင့် ယခုအခါ လွတ်မြောက်နယ်မြေသို့

မိသားစု ၃ဦး အတူတကွ တိမ်းရှောင်နေရတာပဲဖြစ်ပါတယ်။ ယခုလို တိမ်းရှောင်ခဲ့ရာမှာ သူ့ရဲ့ အချစ်တော် ခွေးလေး မာယာလည်း ပါဝင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

မနေ့က သြဂုတ်၂၂ရက်ညမှာ “မင်းမော်ကွန်း”၏ ခွေးကလေး ‘မာယာ’ဟာ ကြမ်းတမ်းလှတဲ့ တောတောင်ထဲမှာ သေဆုံးသွားခဲ့ရပြီ ဖြစ်လို့

ယခုလို ဒေါသပေါက်ကွဲနေခြင်းပဲဖြစ်ပါတယ်။ဒါရိုက်တာ ကိုပေါက်က လည်း ခွေးလေး မာယာအတွက် ကဗျာလေး တပုဒ် ရေးဖွဲ့ ခဲ့ပါတယ်။

မာယာတေးသွား

မြူတွေဝေတဲ့ လပြည့်

ဝါခေါင်ရဲ့ဝေလီဝေလင်းမှာ

မင်းနဲ့ဆုံမယ်မှန်းမသိခဲ့ဘူးလေ၊

ခရီးတွေကမိုင်ချီတော့

မင်းကလေးလိုက်နိုင်ပါ့မလားလို့ စိတ်ပူတယ်၊

အန္တရာယ်တွေက လက်တကမ်းမှာ

ကြိုကြိုစောင့်နေတော့

မင်းပန်းမှားလည်းစိုးတယ်၊

မင်းရဲ့ပင့်သက်ရှိုက်သံတွေကြား

မောမောပန်းပန်းပြေးကြရတော့

မင်းအဆင်ပြေပါ့မလားလဲ စိတ်ပူတယ်၊

တော်လှန်ရေးမှာ ခဏတွေ့ရပေမယ့်

တသက်မမေ့အောင်လုပ်ရက်တယ် မာယာ၊

မင်းလေးရဲ့မျက်ဝန်းတွေကတောက်ပရက်တယ်

ဆုံသူတိုင်းက မင်းကိုပဲအရုဏ်စွဲလို့

အခက်အခဲတစ်ချို့လည်း မင်းမျက်ဝန်းကြောင့်ကျော်ခဲ့တယ်၊

ပန်းတိုင်ရောက်ခါနီးမှထားရက္ခဲ့တာလား မာယာ၊

လေပြည်တိုက်တိုင်း ဟိုဘက်ကမ်းက ဖားစည်သံတွေ မင်းလေးကြားပါစေ၊

မာယာရေ

ဒေါနတောင်တန်းနဲ့သံလွင်မြစ်ကြီးက

မင်းလေးရဲ့ ပင့်သက်ရှိုက်သံတွေကို

မာယာတေးသွားတစ်ပုဒ်လိုအကြိမ်ကြိမ်ဆိုညည်းနေအုံးမှာ…..

ကိုပေါက် ၂၂.၈.၂၀၂၁

(တော်လှန်ရေးခရီးတစ်ထောက်မှ တရက်တာပဲတွေ့လိုက်ရပြီးအခက်အခဲတွေအတူတူကျော်ဖြတ်ရင်း ကျဆုံးသွားတဲ့ မာယာအတွက် အမှတ်တရ)

တိရိစ္ဆာန်လေးတွေကို ချစ်မြတ်နိုးသူတယောက် ဖြစ်သည်မို့ ယခုကဲ့သို့ စစ်ခေါင်းဆောင်အပေါ် ဒေါသပေါက်ကွဲခဲ့တာပဲပါ။

ကျည်ဆံအစစ်၊လက်နက်အစစ်ဖြင့် လက်စားခြေဖို့ ပြန်လာမည်ဟု ပြည်သူချစ်တဲ့ မင်းသား တယောက်က ယခုလို ကြွေးကျော်ခဲ့ ခြင်းလည်း ဖြစ်ပါသည်။

Zawgyi








မာယာတေးသွား

မြူတွေဝေတဲ့ လပြည့်

















မာယာရေ




ကိုပေါက် ၂၂.၈.၂၀၂၁




Leave a Reply

Your email address will not be published. Required fields are marked *