မင်းသားကြီးဦးကျော်သူရေးသားလာတဲ့ သုဘရာဇာရဲ့အဖြစ်အပျက်

မင်းသားကြီးဦးကျော်သူရေးသားလာတဲ့ သုဘရာဇာရဲ့အဖြစ်အပျက်

တစ်ခေတ်တစ်ခါကမြန်မာပြည်ရဲ့ရုပ်ရှင်လောကနေရာတစ်ခုမှာ ထိပ်တန်းကနေအောင်မြင်မှုုနေရာကိုရယူနိုင်ခဲ့အထဲမှာမင်းသားကြီးဦးကျော်သူတစ်ယောက်လည်းအပါအဝင်ဖြစ်ပါတယ်နော်. မင်းသားကြီးဦးကျော်သူကတော့ အကယ်ဒမီဆုတွေကိုလည်း ရယူနိုင်ခဲ့သလို ပရိသတ်တွေရဲ့ချစ်ခြင်းတွေကိုပါ ထာဝရသိမ်းပိုက်ထားနိုင်သူပဲဖြစ်ပါတယ်..

မင်းသားကြီးဦးကျော်သူကတော့ အောင်မြင်နေရင်းမှာဘဲ အနုပညာအလုပ်ကနေရပ်နားပြီးနောက် ပရိဟိတအလုပ်တွေကိုပဲ ဆက်လက်လုပ်ကိုင်နေခဲ့တာ ဖြစ်ပါတယ်။

အနုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်ခြင်းမရှိတော့ပေမဲ့ ပရိသတ်တွေရဲ့ရင်တွေထဲတော့ အမြဲရှိနေတာဖြစ်ပါတယ်နော်. ခုချိန်မှာ‌တော့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့အာဏာသိမ်းမှုကြောင့် မတရားမှုကိုတွန်းလှန်ခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တော်တော်များများလည်း အင်းစိန်ထောင်ထဲမှာ ဖမ်းဆီးခံထားရပြီး တစ်ချို့ကတော့ ဝရမ်းပြေးဘဝကို ရောက်ရှိနေရပြီဖြစ်ပါတယ်။

ဒီနေ့လေးမှာတော့ မင်းသားကြီးဦးကျော်သူကသူ့ရဲ့ဖေ့ဘုတ်စာမျက်နှာထက်မှာ.

” ကိုရီးယားမှာပေါ့ဗျာ။ ။အကယ်ဒမီရုပ်ရှင်သရုပ်ဆောင်ဖြစ်တယ်လို့ ကိုရီးယားလို မိတ်ဆက်ပေးတော့ ပြုံးပြလေရဲ့။ ရုပ်ရှင်လည်းရိုက်တယ်။ အသုဘလည်းချတဲ့ ကုသိုလ်ဖြစ်သုဘရာဇာလို့လည်း မိတ်ဆက်ပေးရော ပြုံးပြယုံတင်မကတော့ဘူး အတင်းလက်ကိုဆွဲကိုင်ဖက်ပြီး ဓါတ်ပုံရိုက်ခိုင်းတော့တာဘဲဗျာ။

တစ်ချို့ဆိုရင်ထမင်းစားပွဲမှာ တကယ့်အဓိကဧည့်သည်တော်တွေ ထိုင်တဲ့ ထိပ်ဆုံးထိုင်ခုံမှာနေရာချပေး၊ အရေးကြီးတဲ့နိုင်ငံတော်အခန်းအနားဖွင့်ပွဲမှာ ဖဲကြိုးဖြတ်ပေးခိုင်းလိုခိုင်း နေရာပေးလိုက်ကြတာလေ။ ဒါကလူကြီးကော လူငယ်ကော မိန်းမကြီးကော မိန်းမငယ်လေးတွေကောဗျ။

သူဌေးကော ကမ္ဘာကျော်မင်းသားကော ပြည်သူအရပ်သားကောဗျ။ အားလုံးကတစ်ပုံစံထဲ ဆက်ဆံမှုတုန့်ပြန်မှုတွေတစ်ထပ်ထဲဗျာ။ မြန်မာပြည်ဆိုရင်တော့ အရင်ကပေါ့ဗျာ။မင်းသားပါဆိုတော့ပြုံးပြီးဓါတ်ပုံရိုက်ရင်ရိုက် အော်တိုထိုးခိုင်းရင်ခိုင်းပေါ့။

သုဘရာဇာဆိုတာနဲ့မျက်နှာပျက်ပြီး နူတ်ခမ်းမဲ့ရွဲ့ပြီးဝေးဝေးကိုရှောင်ထွက်သွားလေရဲ့။ဒါဟာ ပြည်ပနိုင်ငံနဲ့မြန်မာနိုင်ငံရဲ့မတူညီတဲ့ဆက်ဆံရေးပေါ့ဗျာ။ဪ…… ထေရဝါဒဗုဒ္ဓဘာသာတွေရဲ့နိုင်ငံမှာဘာဖြစ်လို့များဒီလောက်အယူသည်းကြပါလိမ့်လို့…ဒွိဟဖြစ်မိပါရဲ့ဗျာ။ ❤ ကျော်သူ ❤ ” ဆိုပြီး ရေးသားလာခဲ့ပါတယ်. ။

စာဖတ်ပရိသတ်ကြီးရဲ့ထင်မြင်ယူဆချက်လေးတွေကိုလည်း ရေးပေးသွားကြပါအုံးနော်…

Zawgyi

မင္းသားႀကီးဦးေက်ာ္သူေရးသားလာတဲ့ သုဘရာဇာရဲ႕အျဖစ္အပ်က္

တစ္ေခတ္တစ္ခါကျမန္မာျပည္ရဲ႕႐ုပ္ရွင္ေလာကေနရာတစ္ခုမွာ ထိပ္တန္းကေနေအာင္ျမင္မႈုေနရာကိုရယူႏိုင္ခဲ့အထဲမွာမင္းသားႀကီးဦးေက်ာ္သူတစ္ေယာက္လည္းအပါအဝင္ျဖစ္ပါတယ္ေနာ္. မင္းသားႀကီးဦးေက်ာ္သူကေတာ့ အကယ္ဒမီဆုေတြကိုလည္း ရယူႏိုင္ခဲ့သလို ပရိသတ္ေတြရဲ႕ခ်စ္ျခင္းေတြကိုပါ ထာဝရသိမ္းပိုက္ထားႏိုင္သူပဲျဖစ္ပါတယ္..

မင္းသားႀကီးဦးေက်ာ္သူကေတာ့ ေအာင္ျမင္ေနရင္းမွာဘဲ အႏုပညာအလုပ္ကေနရပ္နားၿပီးေနာက္ ပရိဟိတအလုပ္ေတြကိုပဲ ဆက္လက္လုပ္ကိုင္ေနခဲ့တာ ျဖစ္ပါတယ္။

အႏုပညာအလုပ္ေတြကိုဆက္လက္လုပ္ကိုင္ျခင္းမရွိေတာ့ေပမဲ့ ပရိသတ္ေတြရဲ႕ရင္ေတြထဲေတာ့ အၿမဲရွိေနတာျဖစ္ပါတယ္ေနာ္. ခုခ်ိန္မွာ‌ေတာ့ ျမန္မာႏိုင္ငံမွာျဖစ္ေနတဲ့အာဏာသိမ္းမႈေၾကာင့္ မတရားမႈကိုတြန္းလွန္ခဲ့တဲ့ ျပည္သူခ်စ္အႏုပညာရွင္ေတာ္ေတာ္မ်ားမ်ားလည္း အင္းစိန္ေထာင္ထဲမွာ ဖမ္းဆီးခံထားရၿပီး တစ္ခ်ိဳ႕ကေတာ့ ဝရမ္းေျပးဘဝကို ေရာက္ရွိေနရၿပီျဖစ္ပါတယ္။

ဒီေန႔ေလးမွာေတာ့ မင္းသားႀကီးဦးေက်ာ္သူကသူ႔ရဲ႕ေဖ့ဘုတ္စာမ်က္ႏွာထက္မွာ.

” ကိုရီးယားမွာေပါ့ဗ်ာ။ ။အကယ္ဒမီ႐ုပ္ရွင္သ႐ုပ္ေဆာင္ျဖစ္တယ္လို႔ ကိုရီးယားလို မိတ္ဆက္ေပးေတာ့ ၿပဳံးျပေလရဲ႕။ ႐ုပ္ရွင္လည္း႐ိုက္တယ္။ အသုဘလည္းခ်တဲ့ ကုသိုလ္ျဖစ္သုဘရာဇာလို႔လည္း မိတ္ဆက္ေပးေရာ ၿပဳံးျပယုံတင္မကေတာ့ဘူး အတင္းလက္ကိုဆြဲကိုင္ဖက္ၿပီး ဓါတ္ပုံ႐ိုက္ခိုင္းေတာ့တာဘဲဗ်ာ။

တစ္ခ်ိဳ႕ဆိုရင္ထမင္းစားပြဲမွာ တကယ့္အဓိကဧည့္သည္ေတာ္ေတြ ထိုင္တဲ့ ထိပ္ဆုံးထိုင္ခုံမွာေနရာခ်ေပး၊ အေရးႀကီးတဲ့ႏိုင္ငံေတာ္အခန္းအနားဖြင့္ပြဲမွာ ဖဲႀကိဳးျဖတ္ေပးခိုင္းလိုခိုင္း ေနရာေပးလိုက္ၾကတာေလ။ ဒါကလူႀကီးေကာ လူငယ္ေကာ မိန္းမႀကီးေကာ မိန္းမငယ္ေလးေတြေကာဗ်။

သူေဌးေကာ ကမာၻေက်ာ္မင္းသားေကာ ျပည္သူအရပ္သားေကာဗ်။ အားလုံးကတစ္ပုံစံထဲ ဆက္ဆံမႈတုန႔္ျပန္မႈေတြတစ္ထပ္ထဲဗ်ာ။ ျမန္မာျပည္ဆိုရင္ေတာ့ အရင္ကေပါ့ဗ်ာ။မင္းသားပါဆိုေတာ့ၿပဳံးၿပီးဓါတ္ပုံ႐ိုက္ရင္႐ိုက္ ေအာ္တိုထိုးခိုင္းရင္ခိုင္းေပါ့။

သုဘရာဇာဆိုတာနဲ႔မ်က္ႏွာပ်က္ၿပီး ႏူတ္ခမ္းမဲ့႐ြဲ႕ၿပီးေဝးေဝးကိုေရွာင္ထြက္သြားေလရဲ႕။ဒါဟာ ျပည္ပႏိုင္ငံနဲ႔ျမန္မာႏိုင္ငံရဲ႕မတူညီတဲ့ဆက္ဆံေရးေပါ့ဗ်ာ။ဪ…… ေထရဝါဒဗုဒၶဘာသာေတြရဲ႕ႏိုင္ငံမွာဘာျဖစ္လို႔မ်ားဒီေလာက္အယူသည္းၾကပါလိမ့္လို႔…ဒြိဟျဖစ္မိပါရဲ႕ဗ်ာ။ ❤ ေက်ာ္သူ ❤ ” ဆိုၿပီး ေရးသားလာခဲ့ပါတယ္. ။

စာဖတ္ပရိသတ္ႀကီးရဲ႕ထင္ျမင္ယူဆခ်က္ေလးေတြကိုလည္း ေရးေပးသြားၾကပါအုံးေနာ္…

Leave a Reply

Your email address will not be published.