ခင်ပွန်းဖြစ်သူကိုယ်ပွါးလေးတွေရဲ့လက်ကိုမြဲမြဲတွဲပြီးအကောင်းဆုံးရှင်သန်နေထိုင်သွားမှာပါလို့ဆိုလာတဲ့ နန်းမြတ်ဖြိုးသင်း
သရုပ်ဆောင်နန်းမြတ်ဖြိုးသင်းရဲ့ ခင်ပွန်းဖြစ်သူ ကိုတာတာမျိုးဟာ ဩဂုတ်လ ၂၁ရက်နေ့တွင်ကိုဗစ်ရောဂါဖြင့် ကွယ်လွန်သွားခဲ့ပါတယ်။ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားခဲ့တဲ့အတွက် ခင်ပွန်းဖြစ်သူအတွက်ပါ ပေါင်းပြီး ၂ ဆ အကောင်းဆုံးရှင်သန်နေထိုင်သွားမယ့်အကြောင်းကို “ကျမရဲ့ဆုံးရှူံးမှုကလျှင်မြန်ကြီးမားလွန်းလို့ပြောစရာစကားလုံးရှာမရအောင်ပါပဲ။
ခုချိန်မှာလဲရင်ထဲမှာဘယ်လိုခံစားနေရမယ် ဘယ်လောက်လွမ်းနေမယ်ဆိုတာ ကြုံဖူးသူမှလွဲ ဘယ်သူမှကိုယ်ချင်းစာနိုင်မှာမဟုတ်ပါဘူး။ လူဆိုတာမွေးလာရင် သေချာတာကသေဖို့ပါပဲ။ကျန်ခဲ့တဲ့သူကတော့အကောင်းဆုံးရှင်သန်ရမှာပါ။ သူ့အတွက်ပါပေါင်းပီး၂ဆ ကျမအကောင်းဆုံးရှင်သန်မှာပါ။ သူထားခဲ့တဲ့သူ့ကိုယ်ပွါးလေးတွေရဲ့လက်ကိုမြဲမြဲတွဲပီးကျမအကောင်းဆုံးရှင်သန်ပါမယ်။ ကျမကိုအရမ်းချစ်တဲ့ သူမရှိတော့လို့ကျမပိုပင်ပန်းမှာပါ။
ဒါပေမယ့်ဒါတွေဟာ လောကဓံပါ။ သံသရာကမလွတ်မြောက်နိုင်သေးသ၍ လောကဓံကနှိပ်စက်တဲ့ဒဏ်ကိုခံနေကြရမှာပါပဲ။ကျမအတွက်သူထားခဲ့တဲ့၄နှစ်တာgood memoriesတွေကအဖိုးမဖြတ်နိုင်အောင်ပါပဲ။ ပြန်စဉ်းစားကြည့်တော့ရန်ဖြစ်ရတာလဲမရှိ စိတ်ဆင်းရဲရတာလဲမရှိခဲ့တဲ့၄နှစ်တာကာလကိုပိုတန်ဖိုးထားမိပါတယ်။ သူနေမကောင်းချိန် သူ့ရဲ့နောက်ဆုံးချိန်မှာလဲ သားစွဲမယားစွဲမဖြစ်အောင် သံသရာအတွက်ကောင်းအောင်ကျမတည်တည်ငြိမ်ငြိမ်နဲ့ရာနှုန်းပြည့်လုပ်ပေးလိုက်နိုင်တယ်။
သူလဲငြင်ငြင်သာသာ ပျော့ပျော့ပျောင်းပျောင်းနဲ့အသက်ထွက်သွားနိုင်ခဲ့တယ်။ သူကစိတ်ထားကောင်းသူ အကုသိုလ်စိတ်နည်းသူ ကူညီတတ်သူမို့ သုခဘုံကိုရောက်မယ်လို့ ကျမအပြည့်အဝယုံကြည်တယ်။ ရှည်လွန်းလှတဲ့သံသရာမှာဘဝကူးကောင်းဖို့ကလဲအရေးကြီးပါတယ်။ ဘာတွေပဲတွေ့ကြုံရပါစေ ကျမသူ့အတွက်ပါပေါင်းပီးအကောင်းဆုံးကြိုးစားရှင်သန်ပါမယ်။
သတိရတယ် လွမ်းတယ်ဆိုတာထက်ပိုပါတယ်ယောက်ျားရေ
ရက်စွဲလေးကလှသလောက်
21.8.21” ဆိုပြီး လူမှုကွန်ယက် စာမျက်နှာတွင် လွမ်းဆွေးဖွယ်ရာ ဖော်ပြရေးသားခဲ့ပါတယ်။
Zawgyi
ခင္ပြန္းျဖစ္သူကိုယ္ပြါးေလးေတြရဲ႕လက္ကိုၿမဲၿမဲတြဲၿပီးအေကာင္းဆုံးရွင္သန္ေနထိုင္သြားမွာပါလို႔ဆိုလာတဲ့ နန္းျမတ္ၿဖိဳးသင္း
သ႐ုပ္ေဆာင္နန္းျမတ္ၿဖိဳးသင္းရဲ႕ ခင္ပြန္းျဖစ္သူ ကိုတာတာမ်ိဳးဟာ ဩဂုတ္လ ၂၁ရက္ေန႔တြင္ကိုဗစ္ေရာဂါျဖင့္ ကြယ္လြန္သြားခဲ့ပါတယ္။ခင္ပြန္းျဖစ္သူ ကြယ္လြန္သြားခဲ့တဲ့အတြက္ ခင္ပြန္းျဖစ္သူအတြက္ပါ ေပါင္းၿပီး ၂ ဆ အေကာင္းဆုံးရွင္သန္ေနထိုင္သြားမယ့္အေၾကာင္းကို “က်မရဲ႕ဆုံးရႉံးမႈကလွ်င္ျမန္ႀကီးမားလြန္းလို႔ေျပာစရာစကားလုံးရွာမရေအာင္ပါပဲ။
ခုခ်ိန္မွာလဲရင္ထဲမွာဘယ္လိုခံစားေနရမယ္ ဘယ္ေလာက္လြမ္းေနမယ္ဆိုတာ ႀကဳံဖူးသူမွလြဲ ဘယ္သူမွကိုယ္ခ်င္းစာႏိုင္မွာမဟုတ္ပါဘူး။ လူဆိုတာေမြးလာရင္ ေသခ်ာတာကေသဖို႔ပါပဲ။က်န္ခဲ့တဲ့သူကေတာ့အေကာင္းဆုံးရွင္သန္ရမွာပါ။ သူ႔အတြက္ပါေပါင္းပီး၂ဆ က်မအေကာင္းဆုံးရွင္သန္မွာပါ။ သူထားခဲ့တဲ့သူ႔ကိုယ္ပြါးေလးေတြရဲ႕လက္ကိုၿမဲၿမဲတြဲပီးက်မအေကာင္းဆုံးရွင္သန္ပါမယ္။ က်မကိုအရမ္းခ်စ္တဲ့ သူမရွိေတာ့လို႔က်မပိုပင္ပန္းမွာပါ။
ဒါေပမယ့္ဒါေတြဟာ ေလာကဓံပါ။ သံသရာကမလြတ္ေျမာက္ႏိုင္ေသးသ၍ ေလာကဓံကႏွိပ္စက္တဲ့ဒဏ္ကိုခံေနၾကရမွာပါပဲ။က်မအတြက္သူထားခဲ့တဲ့၄ႏွစ္တာgood memoriesေတြကအဖိုးမျဖတ္ႏိုင္ေအာင္ပါပဲ။ ျပန္စဥ္းစားၾကည့္ေတာ့ရန္ျဖစ္ရတာလဲမရွိ စိတ္ဆင္းရဲရတာလဲမရွိခဲ့တဲ့၄ႏွစ္တာကာလကိုပိုတန္ဖိုးထားမိပါတယ္။ သူေနမေကာင္းခ်ိန္ သူ႔ရဲ႕ေနာက္ဆုံးခ်ိန္မွာလဲ သားစြဲမယားစြဲမျဖစ္ေအာင္ သံသရာအတြက္ေကာင္းေအာင္က်မတည္တည္ၿငိမ္ၿငိမ္နဲ႔ရာႏႈန္းျပည့္လုပ္ေပးလိုက္ႏိုင္တယ္။
သူလဲျငင္ျငင္သာသာ ေပ်ာ့ေပ်ာ့ေပ်ာင္းေပ်ာင္းနဲ႔အသက္ထြက္သြားႏိုင္ခဲ့တယ္။ သူကစိတ္ထားေကာင္းသူ အကုသိုလ္စိတ္နည္းသူ ကူညီတတ္သူမို႔ သုခဘုံကိုေရာက္မယ္လို႔ က်မအျပည့္အဝယုံၾကည္တယ္။ ရွည္လြန္းလွတဲ့သံသရာမွာဘဝကူးေကာင္းဖို႔ကလဲအေရးႀကီးပါတယ္။ ဘာေတြပဲေတြ႕ႀကဳံရပါေစ က်မသူ႔အတြက္ပါေပါင္းပီးအေကာင္းဆုံးႀကိဳးစားရွင္သန္ပါမယ္။
သတိရတယ္ လြမ္းတယ္ဆိုတာထက္ပိုပါတယ္ေယာက္်ားေရ
ရက္စြဲေလးကလွသေလာက္
21.8.21” ဆိုၿပီး လူမႈကြန္ယက္ စာမ်က္ႏွာတြင္ လြမ္းေဆြးဖြယ္ရာ ေဖာ္ျပေရးသားခဲ့ပါတယ္။