သူများတွေကိုကျမပြောပဲ သူမရဲ့ပုံအဟောင်းလေးတွေပြန်တင်တာကို အပြစ်လာပြောနေသူတွေကို ရွဲ့ပြောလိုက်တဲ့ ခြူးလေး
ချစ်လှစွာသော ပရိတ်သတ်ကြီးရေ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ ပရိသတ်တွေ ရင်ထဲကို ရောက်ရှိလာတဲ့ သူလေးကတော့ သရုပ်ဆောင် မင်းသမီး ခြူး လေး ပဲဖြစ်ပါတယ်။ ခြူးလေးဟာ MRTV-4 ဇာတ်လမ်းတွဲ တွေကနေ တစ်ဆင့် လူသိများလာတာ ဖြစ်ပြီးကျရာ ဇာတ်ကောင်ကို အကောင်းဆုံး ပီပြင်အောင် သရုပ်ဆောင် တွေ ကြောင့် ပရိသတ်တွေ ရဲ့ချစ်ခင်အားပေးမှုကို အခိုင် အမာ ရရှိလာတဲ့ အနုပညာရှင် တစ်လက် ဖြစ်ပါတယ်။ သူမကတော့ ဟန်ဆောင်မှုကင်း ပြီး ပျော်ပျော်နေတတ်သူလေး ဖြစ်တာကြောင့် ပရိသတ်တွေက အချစ်ပိုနေရတာ ပဲဖြစ်ပါတယ်..။
ဒီနေ့မှာတော့ လူမှုကွန်ယက်စာမျက်နှာမှာ မကျေနပ်ချက်တွေကို ပေါက်ကွဲကာ အခုလိုပဲ ရေးတင်လာပါတယ်။ ” မသိရင် ငါက ဘဲ အာဏာ သိမ်းသွားသလိုလို …စစ်တပ် ကဘဲ ငါ့အမျိုး လိုလို နဲ့ ..ငါ post တင်ရင်ဘဲ တိုက်ပွဲက ရှုံးမလိုလို …ငါ post တင်ရင်ဘဲ သူတို့ အိမ်ကို..ပေါ်တာ လာဆွဲ ခံရတော့မလိုလို ငါက ဘဲ အခုချိန်မှာ အောင်မြင်ကြီးပွား ချမ်းသာပြီး…စီးပွားရေး တွေ ကောင်းနေသလိုလို
Facebook Game နဲ့ Tiktok တွေမှာ ပလူပျံနေ ကြတာကို အလှထိုင်ကြည့်နေပြီး ငါ အရင်က ပုံ အဟောင်း တင်တာ..ေ-ာက်ပစ် ဖြစ် သွားတယ်ပေါ့ …… ” လို့ရေးသားလာပြန်တာကြောင့် ခြူးလေးရဲ့ post အောက်မှာ ပရိသတ်တွေက အပြင်းအထန်ဝေဖန် နေတာပဲဖြစ်ပါတယ်။ အရင်တခါတုန်းကလည်း “ လက်လေး ညောင်းယုံလောက် စာလေးတွေရေးပြီး လိုင်းပေါ်မှာ ပေါက်ကွဲပြတဲ့ လုပ်ရပ်ကိုရွေးချယ်မှ မှန်ကန်တယ် ထင်ရင်လည်း ထမင်းရှင်တွေရဲ့ အမုန်းကို ခံရမှာပါဘဲ 🙏🙏🙏 ” လို့ရေးသားခဲ့တာကြောင့် ပွဲဆူသွားခဲ့သေးပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါ
စေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။
Zawgyi