ရှောင်တိမ်းနေရလို့ ရုပ်ပိုင်းဆိုင်ရာကျဆင်းသွားပေမယ့် စိတ်ဓာတ်ကတော့ ဘယ်တော့မှမကျဘူးဆိုတဲ့ ညီနန်

ရှောင်တိမ်းနေရလို့ ရုပ်ပိုင်းဆိုင်ရာကျဆင်းသွားပေမယ့် စိတ်ဓာတ်ကတော့ ဘယ်တော့မှမကျဘူးဆိုတဲ့ ညီနန်

အာဏာသိမ်းမှုဖြစ်စဉ်စတင်ကတည်းက ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်ခဲ့တဲ့ သရုပ်ဆောင်ညီနန္ဒဟာ ပုဒ်မ (၅၀၅) (က) နဲ့ ရှောင်တိမ်းနေရပြီး လက်ရှိအချိန်ထိလည်း ဘေးကင်းရာမှာနေရင်း တော်လှန်နေဆဲပါပဲ။ ဖခင်ဖြစ်သူဟာ Covid ရောဂါနဲ့ ဆုံးပါးသွားခဲ့ရတာတောင် နောက်ဆုံးအချိန်ကို

Video Call လေးနဲ့ပဲ အားပေးနှစ်သိမ်းခဲ့ရတဲ့ ကြေကွဲစရာအဖြစ်တွေကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။ မိဘကိုလည်း အဝေးကနေပဲ ဂရုစိုက်ဖို့မှာနိုင်ပြီး မိသားစုနဲ့လည်း ခွဲခွာနေခဲ့ရတာပါ။ဘေးကင်းရာမှာနေထိုင်ရင်း အရင်လိုကိုယ့်ကိုကိုယ်သေချာဂရုမစိုက်နိုင်တာကြောင့် ရုပ်ပိုင်းဆိုင်ရာလည်း ကျဆင်းသွားခဲ့ပါတယ်။

ဒီနေ့မှာတော့ သူ့ရဲ့ပုံရိပ်တစ်ခုကိုတင်ပြီး ရုပ်ကျပေမယ့် စိတ်ဓာတ်ကဘယ်တော့မှ မကျဘူးဆိုတဲ့အကြောင်း ပရိသတ်တွေကို ခွန်အားဖြစ်အောင်ပြောခဲ့ပါသေးတယ်။ တန်ဖိုးရှိတဲ့ အနုပညာရှင်တွေ တဖြုတ်ဖြုတ်ကြွေနေတာကိုလည်း အတော်လေးစိတ်မကောင်းဖြစ်တဲ့အကြောင်း ရင်ဖွင့်ခဲ့ပါသေးတယ်။တော်လှန်ရေးဟာ ဘယ်လောက်ပဲကြာမြင့်ပါစေ ပြည်သူတွေဟာအဆုံးထိ တိုက်ပွဲဝင်ကြမှာပါ။ ကြွေလွင့်ခဲ့ရတဲ့အသက်တွေနဲ့ စတေးခဲ့ရတဲ့ဘဝတွေဟာလည်း ဒီတိုက်ပွဲကြီးအောင်နိုင်မှသာ တရားမျှတမှုကိုရမှာပါ။

နန္ဒရဲ့ ဒီပုံလေးအောက်မှာ ပရိသတ်တွေက အားတင်းထားဖို့နဲ့ ပြည်သူဖက်က ရပ်တည်ပေးလို့ ကျေးဇူးတင်ကြောင်းမှတ်ချက်တွေပေးခဲ့ကြပါတယ်။ တော်လှန်ရေးကြီးပြီးဆုံးသွားရင် ပြည်သူ့ဘက်တော်သားတွေဖြစ်ပေးခဲ့တဲ့ အနုပညာရှင်တိုင်းကို ပြည်သူတွေက မမေ့မလျော့နဲ့ ကျေးဇူးတင်ပြီး အားပေးကြမှာပါ။

Zawgyi

ေရွာင္တိမ္းေနရလို႔ ႐ုပ္ပိုင္းဆိုင္ရာက်ဆင္းသြားေပမယ့္ စိတ္ဓာတ္ကေတာ့ ဘယ္ေတာ့မွမက်ဘူးဆိုတဲ့ ညီနႏ္

အာဏာသိမ္းမႈျဖစ္စဥ္စတင္ကတည္းက ျပည္သူေတြနဲ႔တစ္သားတည္းရပ္တည္ခဲ့တဲ့ သ႐ုပ္ေဆာင္ညီနႏၵဟာ ပုဒ္မ (၅၀၅) (က) နဲ႔ ေရွာင္တိမ္းေနရၿပီး လက္ရွိအခ်ိန္ထိလည္း ေဘးကင္းရာမွာေနရင္း ေတာ္လွန္ေနဆဲပါပဲ။ ဖခင္ျဖစ္သူဟာ Covid ေရာဂါနဲ႔ ဆုံးပါးသြားခဲ့ရတာေတာင္ ေနာက္ဆုံးအခ်ိန္ကို

Video Call ေလးနဲ႔ပဲ အားေပးႏွစ္သိမ္းခဲ့ရတဲ့ ေၾကကြဲစရာအျဖစ္ေတြကိုလည္း ရင္ဆိုင္ခဲ့ရပါတယ္။ မိဘကိုလည္း အေဝးကေနပဲ ဂ႐ုစိုက္ဖို႔မွာႏိုင္ၿပီး မိသားစုနဲ႔လည္း ခြဲခြာေနခဲ့ရတာပါ။ေဘးကင္းရာမွာေနထိုင္ရင္း အရင္လိုကိုယ့္ကိုကိုယ္ေသခ်ာဂ႐ုမစိုက္ႏိုင္တာေၾကာင့္ ႐ုပ္ပိုင္းဆိုင္ရာလည္း က်ဆင္းသြားခဲ့ပါတယ္။

ဒီေန႔မွာေတာ့ သူ႔ရဲ႕ပုံရိပ္တစ္ခုကိုတင္ၿပီး ႐ုပ္က်ေပမယ့္ စိတ္ဓာတ္ကဘယ္ေတာ့မွ မက်ဘူးဆိုတဲ့အေၾကာင္း ပရိသတ္ေတြကို ခြန္အားျဖစ္ေအာင္ေျပာခဲ့ပါေသးတယ္။ တန္ဖိုးရွိတဲ့ အႏုပညာရွင္ေတြ တျဖဳတ္ျဖဳတ္ေႂကြေနတာကိုလည္း အေတာ္ေလးစိတ္မေကာင္းျဖစ္တဲ့အေၾကာင္း ရင္ဖြင့္ခဲ့ပါေသးတယ္။ေတာ္လွန္ေရးဟာ ဘယ္ေလာက္ပဲၾကာျမင့္ပါေစ ျပည္သူေတြဟာအဆုံးထိ တိုက္ပြဲဝင္ၾကမွာပါ။ ေႂကြလြင့္ခဲ့ရတဲ့အသက္ေတြနဲ႔ စေတးခဲ့ရတဲ့ဘဝေတြဟာလည္း ဒီတိုက္ပြဲႀကီးေအာင္ႏိုင္မွသာ တရားမွ်တမႈကိုရမွာပါ။

နႏၵရဲ႕ ဒီပုံေလးေအာက္မွာ ပရိသတ္ေတြက အားတင္းထားဖို႔နဲ႔ ျပည္သူဖက္က ရပ္တည္ေပးလို႔ ေက်းဇူးတင္ေၾကာင္းမွတ္ခ်က္ေတြေပးခဲ့ၾကပါတယ္။ ေတာ္လွန္ေရးႀကီးၿပီးဆုံးသြားရင္ ျပည္သူ႔ဘက္ေတာ္သားေတြျဖစ္ေပးခဲ့တဲ့ အႏုပညာရွင္တိုင္းကို ျပည္သူေတြက မေမ့မေလ်ာ့နဲ႔ ေက်းဇူးတင္ၿပီး အားေပးၾကမွာပါ။

Leave a Reply

Your email address will not be published.