မအလ တို့လက်အောက် လုံးလုံးရောက်သွားပြီဖြစ်တဲ့ Wave Money
ငွေ အဝင်အများကြီးရှိတဲ့ OS တွေ အကုန်ငွေထုတ်ထားဖို့ပြောချင်ပါတယ် ဆူး ရဲ့ ဒီ acc က Lvl 1 acc ဖြစ်ပြီးတော့ ငွေလွှဲငွေဝင်တောင် မှ အများဆုံး ငွေလွှဲ ၅၀၀၀၀အပြင်ပိုလွှဲမရတဲ့ Acc နော် (ဒါလည်း Os လုပ်လို့ Delivery ကငွေဝင်ငွေလွှဲရှိတာနော်)
အခုလည်း wave ထဲမှာ ၂၅၀၀၀ ပဲရှိတာ နော် ကိုယ့်ဘာသာ ဈေးရောင်းပြီးရထားတဲ့ ပိုက်ဆံ 🤣 ငွေလွှဲ ငွေဝင်ဆိုလို့ မုန့်မှာစားတာပဲရှိမယ် စလစ်တွေကအစ အကုန် တန်းစီပြီး ချပြနိုင်တယ်နော်
အေး အာ့လို Online shop သီးသန့်လုပ်တဲ့ acc ကိုမှရွေးပြီးတော့ မနေ့က Acc ဆိုင်းငံ့ခံရပါတယ် system update ကြောင့်မဟုတ်ဖူးနော် ရုတ်တရတ်ကြီး ဆိုင်းငံ့ခံရတာပါ
သိန်းဆယ်ချီပြီးငွေတွေလှုနေတဲ့သူမို့လို့ acc ပိတ်ခံရတာမဟုတ်ဖူး နော် ဘာမှမဟုတ်တဲ့ သာမာန်သုံးစွဲသူ acc ကိုပိတ်တာပါရှင်
အာ့တာနဲ့ call center ဖုန်းဆက်တော့ လျောက်ထားပေးမယ်ပြောပါတယ်။ အခု ဖုန်းပြန်ဆက်ပါတယ် အာဏာပိုင် အဖွဲ့အစည်း က ညွှန်ကြားချက် အရပါ ဆိုပြီးတော့ ပြောပါတယ်ရှင့်
ဘယ်ချိန်ပြန်ရမယ် မရဖူး ဆိုပြီးလည်း တိတိကျကျ မပြောပါဖူး ဘာမှအာမခံချက်လည်းမရှိပါဖူးဘာမှမလုပ်လည်း ပဲ acc ပိတ်ချတာပဲလားဆိုတော့ ဟုတ် အထက်က အမိန့်အရပါတဲ့ ရှင့်
အာ့တော့ ဘာမှမလုပ်လည်း ကိုယ့်ဘာသာဈေးရောင်းလည်း သူတို့ထင်တဲ့အကောင့် တွေအကုန် ဆွဲပိတ်နေတဲ့ ကာလဖြစ်နေပါပြီ ကိုယ့်ဘာသာ ကျန်းမာရေးမကောင်းလို့ ပိုက်ဆံရှာလိုက်ဆေးခန်းပြလိုက်လုပ်နေတဲ့သူကိုလည်း acc ပိတ်ပါတယ်ရှင့်….
Zawgyi