ဘုရားစာ တရားစာတွေ ရွတ်ပြရင်း အဘတွေကိုယ်တိုင် တိုင်းပြည်ဖျက်ဆီးပုံတွေကြောင့် သံဝေဂရနေပြီဖြစ်တဲ့ ရွှေရူပါဦး
ရွေရူပါဦးကတော့ အနုပညာလမ်းကြောင်းမှာ မော်ဒယ်တစ်ယောက်လို့သူမကိုယ်သူမ ပြောနေကြပေမဲ့ ပရိသတ်တွေကတော့ သူမကိုတပ်ချစ်သူလို့ပဲ သိထားကြပါတယ်နော်. တစ်ချို့ဆိုရင်သူမကို ခုမှမြင်ဖူးတာဆိုပြီးတောင် ရေးသားနေကြပါတယ်။ မကြာခင်ရက်ပိုင်းတုန်းကတော့ သူမကိုအေးချမ်းအောင်လို့ အဘတွေက စီစဉ်ပေးမှုတစ်ခုကြောင့်ဆိုပြီးတင်လာခဲ့လို့ ပွဲဆူသွားရပြန်ပါတယ်နော်..
ဒီနေ့လေးမှာလည်း ရွေရူပါဦးက “သူယုတ်မာများသည် ကိလေသာကို မဖျက်ဆီးလောကကြီးကိုသာ ဖျက်ဆီးလေ့ရှိကြ၏….ဆိုသလိုပဲသူတော်ကောင်းတွေဟာ သူယူတ်မာတွေနဲ့ ဖက်ပြိုင်မပြောဘူးသူတို့မှာ ကောင်းမှုကုသိုလ်တွေနဲ့အချိန်ပြည့်နေ လို့ အမှိုက်တွေအတွက်အချိန်မပေးဘူးသူယုတ်မာတို့ရဲ့စော်ကားမှုကိုလည်း သည်းခံတတ်ကြတယ်ဒါကြောင့်လည်း သူတော်ကောင်းလို့ သတ်မှတ်တာသည်းခံတယ်ဆိုတာ
လူတိုင်းမလုပ်နိုင်ဘူးသည်းခံခြင်းနဲ့အတူအောင်မြင်မှုတွေကို ရယူလေ့ရှိတယ်သူတစ်ပါးအကျိုး ပျက်စီးဆုံးရှုံးအောင်မလုပ်တဲ့အပြင် သူတစ်ပါးရဲ့အ ကျိုးစီးပွားကိုသာ လိုလားတတ်ကြတယ်ဒီတော့ မိမိတို့ရဲ့ကံ၃ ပါးတွေကို ပြန်ဆန်းစစ်ကြည့်လျှင် မိမိဟာ ဘာလဲဆိုတာအဖြေထွက်လိမ့်မယ်မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထားနေ့စဉ် ဒါန၊သီလ၊ဘာဝနာ တစ်ခုခု ရအောင်ယူ လူငယ်ဆိုလျှင်လည်း
ကုသိုလ်၊ပညာ၊ဥစ္စာ ရှာသေခြင်းတရားဟာ အရွယ် မရွေးလို့ငှက်တွေလို ပျံရင်းသေတတ်သလို လူတွေလည်း ကြံရင်းသေတတ်ကြတယ်ဆိုတာ သတိချပ်” ဆိုပြီးရေးသားလာခဲ့တာ ဖြစ်ပါတယ်။ သူမရေးသားထားတဲ့ ပို့စ်အောက်မှာတော့ သူမကိုယ်တိုင် အဘတွေကို တော်လှန်နေပြီဖြစ်တာမို့ ဝမ်းသာပါတယ်ဆိုပြီး အားပေးထားကြပါသေးတယ်နော်
Source: Shwe YuPar Oo
Zawgyi
Source: Shwe YuPar Oo