သားလေးကိုဆုံးရှုံးလိုက်ရပြီ ကျွန်မ ကမ္ဘာလုံးဝမကျေဘူး” ခန့်ညားဟိန်း၏ မိခင်
သားလေးကိုဆုံးရှုံးလိုက်ရပြီ ကျွန်မ ကမ္ဘာလုံးဝမကျေဘူး” ခန့်ညားဟိန်း၏ မိခင်
“ပညာမတတ်တဲ့ကျွန်မက သားလေးကို စာတော်တဲ့ ထူးချွန်တဲ့သားကလေး ဖြစ်လာအောင် အစစအရာရာ ပံ့ပိုးပေးခဲ့ပေမယ့် သားလေးကိုဆုံးရှုံးလိုက်ရပြီ ကျွန်မ ကမ္ဘာလုံးဝမကျေဘူး” ခန့်ညားဟိန်း၏ မိခင်
တချို့ဘဝတွေက အသက်ရှင်ရတာမတန်ဘူး။
ခန့်ညားဟိန်းအမေကို ကြည့်ပြီးတွေးမိတယ်။ ငယ်စဉ်ကထဲက ရှမ်းပြည်အစပ်မှာနေ တိုက်ပွဲကြားမှာ ကျည်ဆန်ရှောင်ရင်း စာမသင်ခဲ့ရလို့ ပညာမတတ်ခဲ့သူ။စာတော်တဲ့ ထူးချွန်တဲ့သားကလေး ဖြစ်လာအောင် ပညာမတတ်တဲ့မေမေက အစစအရာရာ ပံ့ပိုးပေးခဲ့ရှာပါလိမ့်မယ်။
သားလေး ဘာစာတွေကျက်နေတယ် သူမသိလောက်ဘူး။ သူသိတာ ဆရာကောင်းကောင်းဆီပို့မယ် သားလေးစာလုပ်ဖို့အားရှိတာတွေ ချက်ကျွေးမယ်ပေါ့။ဆယ်တန်းမှာ အမှတ် ငါးရာကျော်နဲ့ လေးဘာသာဂုဏ်ထူးရှင်သားလေးအတွက် ပညာမတတ်တဲ့ အမျိုးသမီးကြီး ဂုဏ်ယူနေပါလိမ့်မယ်။
ငါ့သားလေး ဆေး (၁) မှာ ကျောင်းတက်နေတယ် ဆရာဝန်ကြီး ဖြစ်တော့မယ်ဆိုတဲ့ ပီတိလေးနဲ့ ပျော် ရွှင် နေပါလိမ့်မယ်။
မတ်လ ၁၄ရက်နေ့မှာတော့ အဲဒီအိပ်မက်တွေအစား (၁၈) နှစ် မပြည့်သေးတဲ့သားလေးရဲ့ ကျည်သုံးချက်သင့် ခန္ဓာကိုယ်ပဲ ပြန်ရခဲ့တယ်။လောကကြီးမှာ သူ့အတွက် တရားမျှတမှုက ဘယ်မှာလဲ။
သားသမီးမွေးပြီး သေချာဆုံးမ သွန်သင်ခဲ့တဲ့ အမျိုးသမီးကြီးရဲ့ အဖိုးတန်သားလေးကိုသွေးသားဆန္ဒတစ်စုံတစ်ရာအတွက် လူ့လောကထဲ လူမဟုတ်တဟုတ်တွေ ခေါ်သွင်းပြီး အာဟာရ ပြည့်အောင် မကျွေးနိုင်
လူတန်းစေ့ မစောင့်ရှောက်နိုင်လို့ မကောင်းရာ မနေအပ် အရပ်ကို ပို့ထားတဲ့ မိန်းမတွေရဲ့သားတွေက သတ်ပစ်ခဲ့တယ်။
ကြိုးကြာလေးဟာ တောင်ပံ မခတ်နိုင်ခင်မှာပဲ ခွေး ရူး ကိုက်လို့ သေခဲ့ရတယ်။တချို့ဘဝတွေဟာ အသက်ရှင်ရတာ လုံးဝ မတန်ပါဘူး။ကွယ်လွန်သွားတဲ့ ဆရာ Dr ခန့်ငြားဟိန်းအတွက်သူ့နှစ်အလှည့်ရောက်ရင်
ဘွဲ့လေး အထိမ်းအမှတ်လေးထားပြီးဆမလေးပေးပြီးသိမ်းထားစေချင်တယ်ရူးတာမဟုတ်ပါဘူးကိုယ်တိုင် ဆမ ရတဲ့နေ့မှ အရမ်းပျော်ရွှင်ပြီးတကယ်ဆရာဝန်လို့ ကို ခံစားရတာမျိုးပေါ့
ပျော်လွနိးလို့ အမေ့လက်ထဲအပ်တဲ့ အချိန်ဘွဲ့နှင်းသဘင်မှာဆရာဝန်လို့ ကြေငြာလိုက်ချိန်သမားတော်တွေလို့ကြေငြာလိုက်ချိန်သူ့အမေဖြစ်ဖြစ် တနေရာရာက သူဖြစ်ဖြစ်ဂုဏ်ယူပြီးရှိနေစေချင်တယ်ကွယ်ပြီးတော့ဆရာဝန်အချင်းချင်း
စကားပြောတဲ့အခါအကြီးဖြစ်စေ အငယ်ကိုဖြစ်စေဆရာ ထည့်ပြောလေ့ရှိတယ်ဆရာ ဒေါက်တာ ခန့်ငြားဟိန်းလို့ ကျနော်တို့ပြောကြမယ်လေ
သူ့မိသားစုဝင်တယောက်ယောက် ကျန်းမာရေးအကူအညီတောင်းခံလာရင်လဲ တတ်နိုင်သလောက် FOCပေးကြပါလို့ ဆရာကောင်းရာမွန်ရာရောက်ပါစေ
Zawgyi
Leave a Reply
Your email address will not be published. Required fields are marked *