ထွက်ပြေးနေစဉ် သိန်းသောင်းချီသော ပိုင်ဆိုင်မှုတချို့ကို ယုံကြည်ရဆုံးသူစီ အပ်နှံရာမှ လိမ်လည်ခံရလိုက်ရတဲ့ ဖြူဖြူကျော်သိန်း
“အဆိုတော်ဖြူဖြူကျော်သိန်း …၅၀၅(က)နဲ့ ရှောင်တိမ်းနေရစဉ် ပိုင်ဆိုင်မှုတချို့ကို
ယုံကြည်စိတ်ချရတဲ့နီးစပ်သူမိတ်ဆွေများထံ …အပ်နှံခဲ့ရာမှ နောက်ကျောဓားထိုး …လိမ်လည်ခံခဲ့ရ”
ဒီနေ့ ဒီ.အကြောင်းအရာလေးကို …Instagram ဖွင့်ကြည့်ရင်း တွေ့လိုက်ရချိန်မှာ …Admin team အနေနဲ့ တော်တော်လေး စိတ်မကောင်းဖြစ်မိပါတယ်…
အားလုံး…သိကြတဲ့အတိုင်း …၄ယောက်ပဲ ရှိတဲ့ ဖြူဖြူ့ရဲ့ မိသားစုလေးမှာ အမဖြစ်သူက …အိမ်ထောင်ကျပြီး
နိုင်ငံခြားမှာပဲ နေထိုင်နေတာမို့ လက်ရှိမှာ ဖြူဖြူနဲ့ ပင်စင်စား မကျန်းမာတဲ့ မိဘအိုတွေပဲ …အိမ်မှာ ကျန်ခဲ့ပါတယ်.
ဒါကြောင့်မို့ပဲ ခင်ရာဆွေမျိုးဆိုသလို နီးစပ်ရာ …အသိုင်းအဝိုင်းထဲက မိတ်ဆွေတွေ.ရဲ့ ကူညီဖေးမမှုနဲ့ ..ရပ်တည်နေလာခဲ့ပြီး
ဖြူဖြူ့ကို ၅၀၅ စာရင်းမှာ …ထည့်သွင်းခံရချိန်မှာတော့ မိဘတွေကို သင့်တော်ရာမှာ… ရွေ့ပြောင်းပြီး လက်ရှိပိုင်ဆိုင်မှု …
တချို့ကို ယုံကြည်ရတယ်လို့ … ယူဆထားတဲ့ မိတ်ရင်းဆွေရင်းတွေထံမှာ ခေတ္တ အပ်နှံပြီး …ရှောင်တိမ်းနေခဲ့ရပါတယ်…
အဲ့ဒီနောက် အချိန်တစ်ခုကြာပြီးနောက် လိုအပ်ရာတွေမှာ သုံးစွဲဖို့ အပ်နှံထားသူ…တွေထံမှာ ပြန်လည်တော.င်းယူတဲ့အချိန်မှာတော့
အဆက်အသွယ်ဖြတ်ခံရပြီး …နောက်,ကြာတော့မှ စိတ်ပျက်ဖွယ်ရာ …နောက်ကျောဓားထိုး …လိမ်လည်ခံရမှန်းသိလိုက်ရတာပါ….
တကယ်ဆိုရင် ခုချိန် တိုင်းပြည်မှာ… နိုင်ငံရေး၊စီးပွားရေး…၊ လူမှုရေး ကစလို့ အစစအရာရာ… ယိုယွင်းနေချိန်မှာ…
နိုင်ငံအရေးအခင်းအပေါ် …ပရိသတ်နဲ့ တသားထဲ ရှိနေပေးခဲ့လို့ ၅၀၅ …စာရင်းထည့်ခံရပြီး… မိဘအိုတွေနဲ့ ခွဲပြီး
အနေအစားဆင်းရဲစွာ ရှောင်တိမ်းနေရတဲ့ …ပြည်သူထဲက ပြည်သူတစ်ယောက်ကို ဝိုင်းဝန်းစောင့်ရှောက်ပေးရ…မယ့်အစား
ရေနစ်သူဝါးကူထိုးသလို… ဒုက္ခပေးကြတဲ့ အဖြစ်ကို ဖြူဖြူ့ပရိသတ်များ သိရှိစေဖို့ရာ စိတ်မကောင်း.ခြင်းများစွာနဲ့ ပြန်လည်မျှဝေပေးလိုက်ပါ.တယ်နော်….
ဖြူဖြူ နဲ့ မိသားစုအတွက် …ဆုတောင်းခြင်းများဖြင့် ဝန်းရံပေးကြပါဦးနော် 🙏🙏🙏
Zawgyi