စားဝတ်နေရေးခက်ခဲနေတဲ့လူ (၂၀၀)စာအတွက် အာဟာရဒါနအလှူလေးလှူဒါန်းပေးလိုက်တဲ့ ခန့်စည်သူ

စားဝတ်နေရေးခက်ခဲနေတဲ့လူ (၂၀၀)စာအတွက် အာဟာရဒါနအလှူလေးလှူဒါန်းပေးလိုက်တဲ့ ခန့်စည်သူ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော်ဖြစ်တဲ့ သရုပ်ဆောင် မင်းသားချော ခန့်စည်သူကတော့ အခုရက်ပိုင်းမှာ နေ့တိုင်းလိုလို အလှူအတန်းတွေကို ပြုလုပ်နေခဲ့ပါတယ်။ အရင်ကတည်းကတော့ ခန့်စည်သူက ပရဟိတအလုပ်တွေကို လုပ်ကိုင်နေခဲ့ပေမဲ့ အခုလို ကပ်ဘေးတွေကြောင့် အခြေခံလူတန်းစားတွေအတွက် စားဝတ်နေရေးခက်ခဲချိန်မှာတော့ နေ့တိုင်းလိုလို အလှူတွေပြုလုပ်နေခဲ့တာပါ။

ဒီနေ့မှာလည်း ခန့်စည်သူကတောင်ဒဂုံဘက်က စားဝတ်နေရေးအဆင်မပြေခက်ခဲနေတဲ့သူတွေအတွက် မေနွယ်ထွန်းက ထမင်း၊ကုလားပဲနဲ့ကြက်သားချက်၊ငရုပ်သီးကြော်၊သရက်ချဉ်သုပ် လှူဒါန်းဖို့စီစဉ်နေတဲ့အလှူလေးမှာ လူ(၂၀၀)စာအတွက် ပါဝင်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ တကယ်စားဝတ်နေရေးခက်ခဲနေတဲ့သူတွေအတွက်လှူဒါန်းပေးတဲ့ အာဟာရဒါနကာလဒါနအလှူလေးမို့ တကယ်ကို မွန်မြတ်လှတဲ့အလှူလေးပါပဲနော်။

ပရိသတ်ကြီးတွေလည်း ခန့်စည်သူရဲ့ မွန်မြတ်လှတဲ့ ကာလဒါန အာဟာရဒါနအလှူလေးကို မုဒိတာပွား သာဓုခေါ်ဆိုနိုင်ဖို့ ကနေ ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။ CeleZone ပရိသတ်ကြီးတွေက ခန့်စည်သူရဲ့အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Zawgyi

စားဝတ္ေနေရးခက္ခဲေနတဲ့လူ (၂၀၀)စာအတြက္ အာဟာရဒါနအလႉေလးလႉဒါန္းေပးလိုက္တဲ့ ခန႔္စည္သူ

ပရိသတ္ႀကီးေရ ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ျဖစ္တဲ့ သ႐ုပ္ေဆာင္ မင္းသားေခ်ာ ခန႔္စည္သူကေတာ့ အခုရက္ပိုင္းမွာ ေန႔တိုင္းလိုလို အလႉအတန္းေတြကို ျပဳလုပ္ေနခဲ့ပါတယ္။ အရင္ကတည္းကေတာ့ ခန႔္စည္သူက ပရဟိတအလုပ္ေတြကို လုပ္ကိုင္ေနခဲ့ေပမဲ့ အခုလို ကပ္ေဘးေတြေၾကာင့္ အေျခခံလူတန္းစားေတြအတြက္ စားဝတ္ေနေရးခက္ခဲခ်ိန္မွာေတာ့ ေန႔တိုင္းလိုလို အလႉေတြျပဳလုပ္ေနခဲ့တာပါ။

ဒီေန႔မွာလည္း ခန႔္စည္သူကေတာင္ဒဂုံဘက္က စားဝတ္ေနေရးအဆင္မေျပခက္ခဲေနတဲ့သူေတြအတြက္ ေမႏြယ္ထြန္းက ထမင္း၊ကုလားပဲနဲ႔ၾကက္သားခ်က္၊င႐ုပ္သီးေၾကာ္၊သရက္ခ်ဥ္သုပ္ လႉဒါန္းဖို႔စီစဥ္ေနတဲ့အလႉေလးမွာ လူ(၂၀၀)စာအတြက္ ပါဝင္လႉဒါန္းေပးခဲ့တာပဲျဖစ္ပါတယ္။ တကယ္စားဝတ္ေနေရးခက္ခဲေနတဲ့သူေတြအတြက္လႉဒါန္းေပးတဲ့ အာဟာရဒါနကာလဒါနအလႉေလးမို႔ တကယ္ကို မြန္ျမတ္လွတဲ့အလႉေလးပါပဲေနာ္။

ပရိသတ္ႀကီးေတြလည္း ခန႔္စည္သူရဲ႕ မြန္ျမတ္လွတဲ့ ကာလဒါန အာဟာရဒါနအလႉေလးကို မုဒိတာပြား သာဓုေခၚဆိုႏိုင္ဖို႔ ကေန ျပန္လည္မွ်ေဝေဖာ္ျပေပးလိုက္ပါတယ္ေနာ္။ CeleZone ပရိသတ္ႀကီးေတြက ခန႔္စည္သူရဲ႕အလႉေလးကို သာဓုေခၚဆိုေပးခဲ့ၾကပါဦးေနာ္။

Leave a Reply

Your email address will not be published.