တစ်အိမ်လုံးကိုဗစ်ဖြစ်နေပြီး အခက်အခဲဖြစ်နေတဲ့အချိန်တွေကို ဝမ်းနည်းစွာပြန်ပြောပြလာတဲ့ မေပန်းချီ

တစ်အိမ်လုံးကိုဗစ်ဖြစ်နေပြီး အခက်အခဲဖြစ်နေတဲ့အချိန်တွေကို ဝမ်းနည်းစွာပြန်ပြောပြလာတဲ့ မေပန်းချီ

ပြီးခဲ့တဲ့သြဂုတ်လ၅ရက်နေ့မှာဆိုရင်တော့သရုပ်ဆောင်မေပန်းချီရဲ့မိခင်ကြီးကကိုဗစ်ရောဂါကြောင့်ကွယ်လွန်သွားခဲ့ပြီပဲဖြစ်ပါတယ်။

မိသားစုနဲ့ထပ်တူဝမ်းနည်းရပါတယ်၊အခုတစ်ခါမှာဆိုရင်မေပန်းချီကကွယ်လွန်သွားပြီဖြစ်တဲ့မိခင်ကြီးအကြောင်းနဲ့ပတ်သတ်ပြီးခက်ခက်ခဲခဲဖြတ်သန်းခဲ့ရကြောင်းကိုအခုလိုပြောပြလာခဲ့ပါတယ်နော်။

မေပန်းချီကသေမင်းနှုတ်ခမ်းဝကိုကိုယ်ကိုယ်တိုင်လဲအမေနဲ့အတူဖြတ်သန်းခဲ့ရတယ်၊၂ယောက်ကူကယ်ရာမရှိလို့Qစင်တာမှာကိုယ်သတိလစ်ချင်နေတဲ့အနေအထားမှာတောင်အမေအောက်ဆီဂျင်ပိုက်ဆွဲချွတ်မှာဆိုးလို့အမေ့လက်ကိုကိုင်ထားရင်းခေါင်းငိုက်ဆိုက်သွားရတယ်။

တစ်လတိတိဖြတ်ကျော်ဖူးသူတိုင်းဒါကိုနားလည်တယ်၊ကိုယ်ချင်းလဲစာတယ်၊ကိုယ်တိုင်လဲငါလဲသေရတော့မှာပါလားဆိုပြီးလဲတွေးခဲ့ဖူးတယ်၊အဲ့အချိန်ကြုံရတဲ့လောကဓံကြောင့် ကျန်ရှိတဲ့ဘဝကိုဘယ်လိုဖြတ်သန်းရမလဲဆိုတာ ကိုယ်တိုင်သင်ကြားနိုင်ခဲ့တယ်ဆိုပြီးတော့ဝမ်းနည်းစွာရေးသားလာပါတယ်။

ဒါပေမဲ့တချို့လူတွေကလဲကျနေရင်အမြဲလဲကျနေမှကျေနပ်တတ်ကျတာ၊လဲကျရာကပြန်ထလာနိုင်ရင်လဲဆွဲမထူချင်ကျဘူး၊ကျရူံးနေရင်ပိုဝမ်းသာတတ်ကျတယ်၊အော်သူပြန်လဲရှင်သန်ကြိုးစားလာနိုင်ပါလာဆိုပြီးလက်ခုပ်မတီးပေးချင်ကျဘူး။

ဒဲ့ပြောရရင်မိဘသေသွားပြီလေနင်ဘာလို့ပျော်နေလဲနင်ဘာလို့ပုံမှန်အတိုင်းအလုပ်တွေပြန်လုပ်နေလဲနင်ပါလိုက်သေ၊သေမင်းနှုတ်ခမ်းဝရောက်ဖူးသူတိုင်းဘဝမှာ ဘာကအရေးကြီးလဲဆိုတာသိလာပြီးသား၊ကျန်ရှိအချိန်ကိုကောင်းကောင်းဖြတ်သန်းနိုင်တယ်တန်ဖိုးရှိစွာဆိုပြီးတော့သူမရဲ့လူမှုကွန်ယက်ထက်မှာရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Zawgyi

တစ်အိမ်လုံးကိုဗစ်ဖြစ်နေပြီး အခက်အခဲဖြစ်နေတဲ့အချိန်တွေကို ၀မ်းနည်းစွာပြန်ပြောပြလာတဲ့ သရုပ်ဆောင်မေပန်းချီ







Leave a Reply

Your email address will not be published.