မုံရွာမှာ NUGကို ထောက်ခံကြောင်း Facebook ပရိုဖိုင်ချိန်းထားတဲ့ ဗိုလ်မှူးကတော် အမှုဖွင့်ခံရ
မုံရွာမှာ NUGကို ထောက်ခံကြောင်း Facebook ပရိုဖိုင်ချိန်းထားတဲ့ ဗိုလ်မှူးကတော် အမှုဖွင့်ခံရ
မုံရွာ၊ စစ်ကိုင်းတိုင်း – မုံရွာမြို့ ရန်ကင်းရပ်ကွက် ကျောက္ကာလမ်းမှာ ဖက်ရှင်စတိုးဆိုင် ဖွင့်ထားတဲ့ ဗိုလ်မှူးကတော်တစ်ဦးကို Facebook ပရိုဖိုင်မှာအမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ကို ထောက်ခံကြောင်း ပရိုဖိုင်ချိန်းထားလို့ဆိုကာ အ.ြ.က.မ်းဖ.က်စစ်အုပ်စုရဲ့ အရာရှိတစ်ဦးက မုံရွာအမှတ် ၁
ရဲစခန်းမှာ ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့် တိုင်တန်းထားတယ်လို့ သိရပါတယ်။ အခုလိုအမှုဖွင့် တိုင်တန်းထားတာနဲ့ပက်သက်ပြီး အ.ြ.က.မ်.းဖ.ကစစ်အုပ်စုရဲ့မိန်းမတွေ စုစည်းဖွဲ့စည်းထားတဲ့ Telegram ဂရုတစ်ခုဖြစ်တဲ့ ဖရဲသီးနှိမ်နင်းရေး ဂရုတွေထဲမှာတော့ သစ္စာဖောက်ကို အပစ်ပေးဖို့
အနောက်မြောက်တိုင်း စစ်ဌာနချုပ်က အရာရှိကိုယ်တိုင် မုံရွာအမှတ် ၁ ရဲစခန်းမှာ (ပ) ၂၁၀/ ၂၀၂၁ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅နဲ့ တရားလိုပြုလုပ်ပြီး အမှုဖွင့်တာကြောင့် ဗိုလ်မှူးကတော်ဟာ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ရေးသားထားပါတယ်။ လေးစားစွာဖြင့်
Zawgyi
Leave a Reply
Your email address will not be published. Required fields are marked *