လုံခြုံတဲ့ နေရာမှာဖြစ်ကြောင်း စိတ်ပူနေတဲ့ ပရိတ်သတ်များကို အသိပေးလာတဲ့ သရုပ်ဆောင် ရတနာဗိုလ်

ထွက်ပြေးတိမ်းရှောင်နေရပေမယ့် လုံခြုံတဲ့ နေရာမှာဖြစ်ကြောင်း စိတ်ပူနေတဲ့ ပရိတ်သတ်များကို အသိပေးလာတဲ့ သရုပ်ဆောင် ရတနာဗိုလ်

သရုပ်ဆောင် ရတနာဗိုလ်ကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုများတွင် ပြည်သူတွေနဲ့အတူ ပူးပေါင်းပြီး လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ပြသခဲ့တဲ့အတွက် ပုဒ်မ ၅၀၅(က) ဖြင့်တရားစွဲထားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လုံခြုံဘေးကင်းတဲ့ နေရာသို့ တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။ ဘယ်လိုအခြေအနေမျိုးပဲရောက်ရောက် စိတ်ဓာတ်မကျဘဲ ရောက်ရာနေရာကနေ တော်လှန်နေတဲ့ လေးစားစရာမင်းသမီးတစ်ဦး ဖြစ်ပါတယ်။

ပရိသတ်တွေကလည်း ရတနာဗိုလ်ရဲ့လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေကြတာ ဖြစ်ပါတယ်။ ရတနာဗိုလ်ဟာမိသားစုနဲ့ဝေးရာမှာ ရှောင်ပုန်းနေခဲ့ရသည်မှာ (၅) လကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။ မနေ့ညကလည်း သူမရဲ့Instagram Story မှာ ပရိသတ်တွေစိတ်မပူရအောင် ဗီဒီယိုဖိုင်လေးတစ်ခု ဝေမျှပေးလာခဲ့တာ ဖြစ်ပါတယ်။ ဒါကတော့ တိမ်းရှောင်နေရတာ (၅) လပြည့်အမှတ်တရအနေနဲ့ ပရိသတ်တွေကို ဗီဒီယိုလေးရိုက်ကူးပြီး နှုတ်ဆက်နေတာ ဖြစ်ပါတယ်။

သူမကလည်း ” Long Time No See ရှောင်ပုန်းနေတဲ့ကာလ ငါးလပြည့် အမှတ်တရ stay safe ပါနော် အားလုံး ” ဆိုပြီး ဗီဒီယိုဖိုင်နှင့်အတူ ရေးသားထားတာကို မြင်တွေ့ရပါတယ်။ ဘယ်နေရာပဲရောက်ရောက် ပရိသတ်တွေကျန်းမာရေးဂရုစိုက်ဖို့ သတိပေးနေတဲ့ ရတနာဗိုလ်ရဲ့စိတ်ထားလေးက တကယ်ကို ချစ်စရာကောင်းလှပါတယ်။တော်လှန်ရေးအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်ပေးခဲ့တဲ့ အနုပညာရှင်များအားလုံး ဘေးကင်းကျန်းမာပြီးချစ်ရတဲ့ မိသားစုဝင်များနဲ့ အမြန်ဆုံး ပြန်လည်ဆုံဆည်းနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်။

Zawgyi

ထြက္ေျပးတိမ္းေရွာင္ေနရေပမယ့္ လုံၿခဳံတဲ့ ေနရာမွာျဖစ္ေၾကာင္း စိတ္ပူေနတဲ့ ပရိတ္သတ္မ်ားကို အသိေပးလာတဲ့ သ႐ုပ္ေဆာင္ ရတနာဗိုလ္

သ႐ုပ္ေဆာင္ ရတနာဗိုလ္ကေတာ့ ျမန္မာႏိုင္ငံတြင္ လက္ရွိျဖစ္ေပၚေနတဲ့ လူထုလႈပ္ရွားမႈမ်ားတြင္ ျပည္သူေတြနဲ႔အတူ ပူးေပါင္းၿပီး လမ္းေပၚထြက္ ဆႏၵထုတ္ေဖာ္ျပသခဲ့တဲ့အတြက္ ပုဒ္မ ၅၀၅(က) ျဖင့္တရားစြဲထားတာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ လုံၿခဳံေဘးကင္းတဲ့ ေနရာသို႔ တိမ္းေရွာင္ေနရတာ ျဖစ္ပါတယ္။ ဘယ္လိုအေျခအေနမ်ိဳးပဲေရာက္ေရာက္ စိတ္ဓာတ္မက်ဘဲ ေရာက္ရာေနရာကေန ေတာ္လွန္ေနတဲ့ ေလးစားစရာမင္းသမီးတစ္ဦး ျဖစ္ပါတယ္။

ပရိသတ္ေတြကလည္း ရတနာဗိုလ္ရဲ႕လုံၿခဳံေရးအတြက္ စိုးရိမ္ပူပန္ေနၾကတာ ျဖစ္ပါတယ္။ ရတနာဗိုလ္ဟာမိသားစုနဲ႔ေဝးရာမွာ ေရွာင္ပုန္းေနခဲ့ရသည္မွာ (၅) လေက်ာ္သြားခဲ့ၿပီ ျဖစ္ပါတယ္။ မေန႔ညကလည္း သူမရဲ႕Instagram Story မွာ ပရိသတ္ေတြစိတ္မပူရေအာင္ ဗီဒီယိုဖိုင္ေလးတစ္ခု ေဝမွ်ေပးလာခဲ့တာ ျဖစ္ပါတယ္။ ဒါကေတာ့ တိမ္းေရွာင္ေနရတာ (၅) လျပည့္အမွတ္တရအေနနဲ႔ ပရိသတ္ေတြကို ဗီဒီယိုေလး႐ိုက္ကူးၿပီး ႏႈတ္ဆက္ေနတာ ျဖစ္ပါတယ္။

သူမကလည္း ” Long Time No See ေရွာင္ပုန္းေနတဲ့ကာလ ငါးလျပည့္ အမွတ္တရ stay safe ပါေနာ္ အားလုံး ” ဆိုၿပီး ဗီဒီယိုဖိုင္ႏွင့္အတူ ေရးသားထားတာကို ျမင္ေတြ႕ရပါတယ္။ ဘယ္ေနရာပဲေရာက္ေရာက္ ပရိသတ္ေတြက်န္းမာေရးဂ႐ုစိုက္ဖို႔ သတိေပးေနတဲ့ ရတနာဗိုလ္ရဲ႕စိတ္ထားေလးက တကယ္ကို ခ်စ္စရာေကာင္းလွပါတယ္။ေတာ္လွန္ေရးအတြက္ တစ္ေထာင့္တစ္ေနရာကေန ပါဝင္ေပးခဲ့တဲ့ အႏုပညာရွင္မ်ားအားလုံး ေဘးကင္းက်န္းမာၿပီးခ်စ္ရတဲ့ မိသားစုဝင္မ်ားနဲ႔ အျမန္ဆုံး ျပန္လည္ဆုံဆည္းႏိုင္ပါေစလို႔ ဆုေတာင္းေပးရင္း ဒီသတင္းေလးကို တင္ဆက္ေပးလိုက္ ရပါတယ္။

Leave a Reply

Your email address will not be published.