ကြည့်မိသူတိုင်းကြက်သီးဖျန်းဖျန်းထသွားစေမယ့် တော်လှန်ရေးအငြိမ့် ဗီဒီယိုဖိုင်တခုကို တင်ပေးလာတဲ့ ဟားငါးကောင်အဖွဲ့

ကြည့်မိသူတိုင်းကြက်သီးဖျန်းဖျန်းထသွားစေမယ့် တော်လှန်ရေးအငြိမ့် ဗီဒီယိုဖိုင်တခုကို တင်ပေးလာတဲ့ ဟားငါးကောင်အဖွဲ့

မနေ့ညကတော့ အားလုံး ကြည့်ရှုအားပေးဖို့ စောင့်ဆိုင်းနေကြတဲ့ ဟားငါးကောင်အဖွဲ့ရဲ့ တော်လှန်ရေးသပိတ် ဟာဒယအငြိမ့် အပိုင်း(၂) ကို ထုတ်လွှင့်ပြသခဲ့တာ ဖြစ်ပါတယ်။ ပြည်သူတွေကလည်း ဟားငါးကောင်အဖွဲ့ရဲ့ ထိမိလှတဲ့ ပြက်လုံးတွေကို ကြည့်ရှုပြီး အတော်လေးကို သဘောကျနေကြတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း လူရွှင်တော် ပိုးလေးရဲ့ လူမှုကွန်ယက်တွင် ဗီဒီယိုလေးတစ်ခု ဝေမျှပေးထားတာ ဖြစ်ပါတယ်။

ဒါကတော့ မနေ့က ပြသသွားတဲ့ တော်လှန်ရေးသပိတ် ဟာဒယအငြိမ့် အပိုင်း(၂) မှာပါဝင်တဲ့ သီချင်းတစ်ပုဒ်ကိုပြန်လည်ဝေမျှပေးထားတာ ဖြစ်ပါတယ်။ ” အာဏရူးတဲ့ မိစ္ဆာဘီလူးကို လက်သီးငါးလုံး ကျွေးလိုက်သည် ” ဆိုပြီးပိုးလေးမှ ရေးသားထားပြီး

ပရိသတ်တွေကလည်း ထိမိလှတဲ့ စာသားတွေကြောင့် ကြက်သီးများ တဖြန်းဖြန်းထလောက်ရတဲ့အထိ ဖြစ်သွားခဲ့ရကြောင်း comment များ ရေးသားထားကြတာကိုလည်း မြင်တွေ့ရပါတယ်။အခက်အခဲတွေ ကြားကနေ ပြည်သူတွေ ကြည့်ရှုခံစားလို့ရအောင် ဖျော်ဖြေတင်ဆက်ပေးနေကြတဲ့ ဟားငါးကောင်ရဲ့ စိတ်ဓာတ်ကတော့ တကယ်ကို လေးစားချီးကျူးစရာကောင်းလှပါတယ်။

ဒီအငြိမ့်အစီအစဉ် ဖြစ်မြောက်ဖို့အတွက် ဆက်တင်အခမ်းအနားတွေကို ခက်ခက်ခဲခဲ ပြုလုပ်ပြီး လုပ်ဆောင်ခဲ့ကြရတာ ဖြစ်ပါတယ်။ သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို ပြည်သူတွေမှ အသိအမှတ်ပြုပေးကြတဲ့အတွက်လည်းဟားငါးကောင်အဖွဲ့သားများမှ ဝမ်းသာဂုဏ်ယူနေကြတာ ဖြစ်ပါတယ်။ ပရိသတ်တွေ ကြည့်ရှုအားပေးနိုင်စေဖို့ဟားငါးကောင်အဖွဲ့သားတွေရဲ့ ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက် ရပါတယ်။

Zawgyi

ၾကည့္မိသူတုိင္းၾကက္သီးဖ်န္းဖ်န္းထသြားေစမယ့္ ေတာ္လွန္ေရးအၿငိမ့္ ဗီဒီယုိဖုိင္တခုကို တင္ေပးလာတဲ့ ဟားငါးေကာင္အဖဲြ႕

မေန႔ညကေတာ့ အားလုံး ၾကည့္ရႈအားေပးဖို႔ ေစာင့္ဆိုင္းေနၾကတဲ့ ဟားငါးေကာင္အဖြဲ႕ရဲ႕ ေတာ္လွန္ေရးသပိတ္ ဟာဒယအၿငိမ့္ အပိုင္း(၂) ကို ထုတ္လႊင့္ျပသခဲ့တာ ျဖစ္ပါတယ္။ ျပည္သူေတြကလည္း ဟားငါးေကာင္အဖြဲ႕ရဲ႕ ထိမိလွတဲ့ ျပက္လုံးေတြကို ၾကည့္ရႈၿပီး အေတာ္ေလးကို သေဘာက်ေနၾကတာ ျဖစ္ပါတယ္။ မၾကာေသးခင္ နာရီပိုင္းေလာက္ကလည္း လူ႐ႊင္ေတာ္ ပိုးေလးရဲ႕ လူမႈကြန္ယက္တြင္ ဗီဒီယိုေလးတစ္ခု ေဝမွ်ေပးထားတာ ျဖစ္ပါတယ္။

ဒါကေတာ့ မေန႔က ျပသသြားတဲ့ ေတာ္လွန္ေရးသပိတ္ ဟာဒယအၿငိမ့္ အပိုင္း(၂) မွာပါဝင္တဲ့ သီခ်င္းတစ္ပုဒ္ကိုျပန္လည္ေဝမွ်ေပးထားတာ ျဖစ္ပါတယ္။ ” အာဏ႐ူးတဲ့ မိစာၦဘီလူးကို လက္သီးငါးလုံး ေကြၽးလိုက္သည္ ” ဆိုၿပီးပိုးေလးမွ ေရးသားထားၿပီး

ပရိသတ္ေတြကလည္း ထိမိလွတဲ့ စာသားေတြေၾကာင့္ ၾကက္သီးမ်ား တျဖန္းျဖန္းထေလာက္ရတဲ့အထိ ျဖစ္သြားခဲ့ရေၾကာင္း comment မ်ား ေရးသားထားၾကတာကိုလည္း ျမင္ေတြ႕ရပါတယ္။အခက္အခဲေတြ ၾကားကေန ျပည္သူေတြ ၾကည့္ရႈခံစားလို႔ရေအာင္ ေဖ်ာ္ေျဖတင္ဆက္ေပးေနၾကတဲ့ ဟားငါးေကာင္ရဲ႕ စိတ္ဓာတ္ကေတာ့ တကယ္ကို ေလးစားခ်ီးက်ဴးစရာေကာင္းလွပါတယ္။

ဒီအၿငိမ့္အစီအစဥ္ ျဖစ္ေျမာက္ဖို႔အတြက္ ဆက္တင္အခမ္းအနားေတြကို ခက္ခက္ခဲခဲ ျပဳလုပ္ၿပီး လုပ္ေဆာင္ခဲ့ၾကရတာ ျဖစ္ပါတယ္။ သူတို႔ရဲ႕ ႀကိဳးစားအားထုတ္မႈေတြကို ျပည္သူေတြမွ အသိအမွတ္ျပဳေပးၾကတဲ့အတြက္လည္းဟားငါးေကာင္အဖြဲ႕သားမ်ားမွ ဝမ္းသာဂုဏ္ယူေနၾကတာ ျဖစ္ပါတယ္။ ပရိသတ္ေတြ ၾကည့္ရႈအားေပးႏိုင္ေစဖို႔ဟားငါးေကာင္အဖြဲ႕သားေတြရဲ႕ ဗီဒီယိုဖိုင္ေလးကို တင္ဆက္ေပးလိုက္ ရပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *