ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ကြံစည်သူလို့ စွပ်စွဲခံထားရတဲ့ လန်ဒန်က သူရအေးမင်းဆိုတာ ဘယ်လိုလူမျိုးလဲ

ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ကြံစည်သူလို့ စွပ်စွဲခံထားရတဲ့ လန်ဒန်က သူရအေးမင်းဆိုတာ ဘယ်လိုလူမျိုးလဲ

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ကြံစည်သူလို့ စွပ်စွဲခံထားရတဲ့ လန်ဒန်က သူရအေးမင်းဆိုတာ ဘယ်လိုလူမျိုးလဲ

၂၉ သြဂုတ်၊၂၀၂၁

NUG အစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ကြံစည်သူတွေထဲမှာ

လန်ဒန်မှာနေထိုင်တဲ့ ဘပ်စ်ကားဆရာ ကိုသူရအေးမင်းလဲ ပါတယ်လို့ အာအက်ဖ်အေ RFA သတင်းဌာနက ဖေါ်ပြခဲ့ပါတယ်။

ဒါဆိုရင် သူရအေးမင်းဆိုတာလန်ဒန်မှာ တကယ်ရှိလား။ သူက ဘယ်လို လူမျိုး လဲ။ ကိုသူရအေးမင်

း လန်ဒန်တောင်ပိုင်းမှာ နေထိုင်နေတယ်ဆိုတာ သူ့နဲ့ အရင်ကဆုံခဲ့ဘူးတဲ့ သူတစ်ယောက်က Burma Vjကို အခုလို အတည်ပြုပြောပါတယ်။

“သူနဲ့ သိတာက ကျွန်တော်လန်ဒန်ရောက်ခါစ နှစ်ထောင်ခုနှစ် ပတ်ဝန်းကျင်ကပါ။ သူက နှစ်ထောင်ခုနှစ်

မတိုင်ကတည်းက ရောက်နေပြီထင်တယ်။ ဒီမိုကရေစီရေး အတွက် ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွလုပ်

တာတွေ့တယ်။နောက်ပိုင်းကျတော့ နိုင်ငံရေးခိုလှုံခွင့်အတွက် ပိုက်ဆံယူပြီး လုပ်ပေးတယ်ကြားတယ်။

အဲ့ဒါကို တစ်ချို့က မကြိုက်ကြဘူး၊အရင်တုန်းကတော့ စစ်တပ်ဆန့်ကျင်ရေးပဲ။ နောက်ပိုင်းကျတော့

စစ်တပ်ထောက်ခံတဲ့သူ ဖြစ်သွားတယ်။ ထင်ထင်ရှားရှားသိတာကတော့ လက်ပံတန်းကျောင်းသား

အရေးအခင်းမှာကျောင်းသားတွေ အရိုက်ခံရတာကို ရဲတွေဘက်ကဝင်ရေးတယ်။ ကျောင်းသားတွေ

လုပ်တာမဟုတ်ဘူးဆိုတဲ့ ပုံစံမျိုးပေါ့။အဲ့ဒီအချိန်မှာ တိတိကျကျ သိရတာပေါ့။ ”

အာအက်ဖ်အေမှာ ပြောနေတဲ့ ကိုသူရအေးမင်း လန်ဒန်မှာ ဘပ်စ်ကားမောင်းနေတဲ့သူ လို့ ပြောတာနဲ့

ပတ်သက်ပြီး “အဲ့ဒါဟုတ်နိုင်တယ်ဗျ။နောက်ဆုံးသိတာတော့ ဘပ်စ်ကားမောင်းနေတယ်လို့ ကြားတယ်။

အရင်တုန်းက QualitySolicitors A-Z Law လို့ခေါ်တဲ့ Law firmမှာလည်း case worker

လုပ်ဖူးတယ်ဗျ ” လို့ Burma VJ ကို သူကထပ်ဖြည့်ပြောပါတယ်။

ပြီးတော့ အာအက်ဖ်အေသတင်းထဲမှာပါတဲ့ စွပ်စွဲချက် အရ ကိုသူရအေးမင်းက ဦးကျော်မိုးထွန်းကို

လုပ်ကြံနိုင်တယ်ဆိုတာဖြစ်နိုင်လားလို့ ထပ်မေးကြည့်တော့ “တကယ်လုပ်ဖို့ အားရှိ မရှိတော့ မသိဘူး။

ဟိုတုန်းကတည်းက လက်နက်နဲ့ ပတ်သက်တာတွေ စိတ်ဝင်စားတွေရှိတယ်ဆို တာတော့သိခဲ့ဘူးတယ် “လို့ သူက ထပ်ဖြည့်ပြောပါတယ်။

ကိုသူရအေးမင်းနဲ့ လူချင်းစကားပြောခဲ့ဖူးတဲ့ လန်ဒန်သားတစ်ယောက်ကလည်း သူနဲ့ဆုံတဲ့ အချိန်တုန်းက

လက်နက်အကြောင်းတွေ နာရီဝက်လောက် ကိုသူရအေးမင်းက သူ့ကိုပြောခဲ့ဘူးတယ်လို့ ထပ်ပြောပါတယ်။

သူက ဘယ်လို လူမျိုးလဲ

ကိုသူရအေးမင်းဟာ အရင်တုန်းက ဒီမိုကရေစီအရေးအတွက် ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွ

ပါဝင်ခဲ့သူဆိုပေမယ့် ဖေဖော်ဝါရီ၁ရက်နေ့ နောက်ပိုင်းမှာတော့ စစ်အာဏာသိမ်းတာကို အကြီးအကျယ်

ထောက်ခံတဲ့သူဖြစ်နေပြီး ဒီမိုကရေစီဘက်တော်သားတွေကိုလည်း တိုက်ခိုက်နေသူအဖြစ် သူ့ ကိုယ်ပိုင်ဖေ့စ်ဘုတ်ခ် ထဲမှာ တွေ့နိုင်ပါတယ်။

သူတင်ထားတဲ့ ဖေ့စ်ဘုတ်ခ်ပို့စ်တွေထဲမှာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် မိန်းမကို

တောင် အမေလို့ ခေါ်ထားတာကိုတွေ့ရပြီး ဒီမိုကရေစီတိုက်ပွဲဝင်တဲ့သူတွေဖြစ်တဲ့ ပန်ဆယ်လိုအပါအဝင်

အခြားသူတွေကိုပါ အကြီးအကျယ်တိုက်ခိုက်ထားတာတွေ့ရပါတယ်။

သူဟာ ဒီမိုကရေစီတိုက်ပွဲဝင်တွေကို ဆန့်ကျင်တဲ့ သူဖြစ်ရုံတင်သာမက လူမျိုးရေး ဘာသာရေး

အကြီးအကျယ်ခွဲခြားဆန့်ကျင်တဲ့ သူတစ်ယောက်ဖြစ်တယ်ဆိုတာလည်း သူတင်ထားတဲ့ပို့စ်တွေအရ သိရပါတယ်။

စစ်တပ်ထောက်ခံသူ ရိုဟင်ဂျာဆန့်ကျင်သူအဖြစ် မွတ်စလင်မုန်းတီးရေး သမားတွေနဲ့ စကားဝိုင်းတွေပုံမှန်

လုပ်လေ့ရှိပြီး အာဏာသိမ်း စစ်တပ်ကိုထောက်ခံတဲ့ အင်အားစုတွေ နိုင်ငံတကာမှာ ပိုအားကောင်း

လာအောင်လုပ်ဖို့ကိုပါ လှုံ့ဆော်နေတဲ့ သူလည်းဖြစ်ပါတယ်။

ကိုသူရအေးမင်းနဲ့ပတ်သက်တဲ့ ဆက်စပ် နောက်ဆက်တွဲ အကြောင်းအရာတွေကို Burma VJ မှာ

အလျဉ်းသင့်သလို ဆက်လက် ဖေါ်ပြပေးသွားဖို့ရှိပါတယ်။

Zawgyi

ဦးေက်ာ္မိုးထြန္းကို လုပ္ႀကံဖို႔ ႀကံစည္သူလို႔ စြပ္စြဲခံထားရတဲ့ လန္ဒန္က သူရေအးမင္းဆိုတာ ဘယ္လိုလူမ်ိဳးလဲ

သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို လုပ္ႀကံဖို႔ ႀကံစည္သူလို႔ စြပ္စြဲခံထားရတဲ့ လန္ဒန္က သူရေအးမင္းဆိုတာ ဘယ္လိုလူမ်ိဳးလဲ

၂၉ ၾသဂုတ္၊၂၀၂၁

NUG အစိုးရရဲ႕ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို လုပ္ႀကံဖို႔ ႀကံစည္သူေတြထဲမွာ

လန္ဒန္မွာေနထိုင္တဲ့ ဘပ္စ္ကားဆရာ ကိုသူရေအးမင္းလဲ ပါတယ္လို႔ အာအက္ဖ္ေအ RFA သတင္းဌာနက ေဖၚျပခဲ့ပါတယ္။

ဒါဆိုရင္ သူရေအးမင္းဆိုတာလန္ဒန္မွာ တကယ္ရွိလား။ သူက ဘယ္လို လူမ်ိဳး လဲ။ ကိုသူရေအးမင္

း လန္ဒန္ေတာင္ပိုင္းမွာ ေနထိုင္ေနတယ္ဆိုတာ သူ႔နဲ႔ အရင္ကဆုံခဲ့ဘူးတဲ့ သူတစ္ေယာက္က Burma Vjကို အခုလို အတည္ျပဳေျပာပါတယ္။

“သူနဲ႔ သိတာက ကြၽန္ေတာ္လန္ဒန္ေရာက္ခါစ ႏွစ္ေထာင္ခုႏွစ္ ပတ္ဝန္းက်င္ကပါ။ သူက ႏွစ္ေထာင္ခုႏွစ္

မတိုင္ကတည္းက ေရာက္ေနၿပီထင္တယ္။ ဒီမိုကေရစီေရး အတြက္ ဆႏၵျပပြဲေတြမွာ တက္တက္ႂကြႂကြလုပ္

တာေတြ႕တယ္။ေနာက္ပိုင္းက်ေတာ့ ႏိုင္ငံေရးခိုလႈံခြင့္အတြက္ ပိုက္ဆံယူၿပီး လုပ္ေပးတယ္ၾကားတယ္။

အဲ့ဒါကို တစ္ခ်ိဳ႕က မႀကိဳက္ၾကဘူး၊အရင္တုန္းကေတာ့ စစ္တပ္ဆန႔္က်င္ေရးပဲ။ ေနာက္ပိုင္းက်ေတာ့

စစ္တပ္ေထာက္ခံတဲ့သူ ျဖစ္သြားတယ္။ ထင္ထင္ရွားရွားသိတာကေတာ့ လက္ပံတန္းေက်ာင္းသား

အေရးအခင္းမွာေက်ာင္းသားေတြ အ႐ိုက္ခံရတာကို ရဲေတြဘက္ကဝင္ေရးတယ္။ ေက်ာင္းသားေတြ

လုပ္တာမဟုတ္ဘူးဆိုတဲ့ ပုံစံမ်ိဳးေပါ့။အဲ့ဒီအခ်ိန္မွာ တိတိက်က် သိရတာေပါ့။ ”

အာအက္ဖ္ေအမွာ ေျပာေနတဲ့ ကိုသူရေအးမင္း လန္ဒန္မွာ ဘပ္စ္ကားေမာင္းေနတဲ့သူ လို႔ ေျပာတာနဲ႔

ပတ္သက္ၿပီး “အဲ့ဒါဟုတ္ႏိုင္တယ္ဗ်။ေနာက္ဆုံးသိတာေတာ့ ဘပ္စ္ကားေမာင္းေနတယ္လို႔ ၾကားတယ္။

အရင္တုန္းက QualitySolicitors A-Z Law လို႔ေခၚတဲ့ Law firmမွာလည္း case worker

လုပ္ဖူးတယ္ဗ် ” လို႔ Burma VJ ကို သူကထပ္ျဖည့္ေျပာပါတယ္။

ၿပီးေတာ့ အာအက္ဖ္ေအသတင္းထဲမွာပါတဲ့ စြပ္စြဲခ်က္ အရ ကိုသူရေအးမင္းက ဦးေက်ာ္မိုးထြန္းကို

လုပ္ႀကံႏိုင္တယ္ဆိုတာျဖစ္ႏိုင္လားလို႔ ထပ္ေမးၾကည့္ေတာ့ “တကယ္လုပ္ဖို႔ အားရွိ မရွိေတာ့ မသိဘူး။

ဟိုတုန္းကတည္းက လက္နက္နဲ႔ ပတ္သက္တာေတြ စိတ္ဝင္စားေတြရွိတယ္ဆို တာေတာ့သိခဲ့ဘူးတယ္ “လို႔ သူက ထပ္ျဖည့္ေျပာပါတယ္။

ကိုသူရေအးမင္းနဲ႔ လူခ်င္းစကားေျပာခဲ့ဖူးတဲ့ လန္ဒန္သားတစ္ေယာက္ကလည္း သူနဲ႔ဆုံတဲ့ အခ်ိန္တုန္းက

လက္နက္အေၾကာင္းေတြ နာရီဝက္ေလာက္ ကိုသူရေအးမင္းက သူ႔ကိုေျပာခဲ့ဘူးတယ္လို႔ ထပ္ေျပာပါတယ္။

သူက ဘယ္လို လူမ်ိဳးလဲ

ကိုသူရေအးမင္းဟာ အရင္တုန္းက ဒီမိုကေရစီအေရးအတြက္ ဆႏၵျပပြဲေတြမွာ တက္တက္ႂကြႂကြ

ပါဝင္ခဲ့သူဆိုေပမယ့္ ေဖေဖာ္ဝါရီ၁ရက္ေန႔ ေနာက္ပိုင္းမွာေတာ့ စစ္အာဏာသိမ္းတာကို အႀကီးအက်ယ္

ေထာက္ခံတဲ့သူျဖစ္ေနၿပီး ဒီမိုကေရစီဘက္ေတာ္သားေတြကိုလည္း တိုက္ခိုက္ေနသူအျဖစ္ သူ႔ ကိုယ္ပိုင္ေဖ့စ္ဘုတ္ခ္ ထဲမွာ ေတြ႕ႏိုင္ပါတယ္။

သူတင္ထားတဲ့ ေဖ့စ္ဘုတ္ခ္ပို႔စ္ေတြထဲမွာ အာဏာသိမ္း စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္ မိန္းမကို

ေတာင္ အေမလို႔ ေခၚထားတာကိုေတြ႕ရၿပီး ဒီမိုကေရစီတိုက္ပြဲဝင္တဲ့သူေတြျဖစ္တဲ့ ပန္ဆယ္လိုအပါအဝင္

အျခားသူေတြကိုပါ အႀကီးအက်ယ္တိုက္ခိုက္ထားတာေတြ႕ရပါတယ္။

သူဟာ ဒီမိုကေရစီတိုက္ပြဲဝင္ေတြကို ဆန႔္က်င္တဲ့ သူျဖစ္႐ုံတင္သာမက လူမ်ိဳးေရး ဘာသာေရး

အႀကီးအက်ယ္ခြဲျခားဆန႔္က်င္တဲ့ သူတစ္ေယာက္ျဖစ္တယ္ဆိုတာလည္း သူတင္ထားတဲ့ပို႔စ္ေတြအရ သိရပါတယ္။

စစ္တပ္ေထာက္ခံသူ ႐ိုဟင္ဂ်ာဆန႔္က်င္သူအျဖစ္ မြတ္စလင္မုန္းတီးေရး သမားေတြနဲ႔ စကားဝိုင္းေတြပုံမွန္

လုပ္ေလ့ရွိၿပီး အာဏာသိမ္း စစ္တပ္ကိုေထာက္ခံတဲ့ အင္အားစုေတြ ႏိုင္ငံတကာမွာ ပိုအားေကာင္း

လာေအာင္လုပ္ဖို႔ကိုပါ လႈံ႕ေဆာ္ေနတဲ့ သူလည္းျဖစ္ပါတယ္။

ကိုသူရေအးမင္းနဲ႔ပတ္သက္တဲ့ ဆက္စပ္ ေနာက္ဆက္တြဲ အေၾကာင္းအရာေတြကို Burma VJ မွာ

အလ်ဥ္းသင့္သလို ဆက္လက္ ေဖၚျပေပးသြားဖို႔ရွိပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *