လူတစ်ယောက်ကြောင့် မိဘကို မုန့်ဖိုးပြန်တောင်းရတဲ့ အခြေနေဖြစ်နေပြီဆိုတဲ့ ဟန်ဇာမိုးဝင်း

လူတစ်ယောက်ကြောင့် မိဘကို မုန့်ဖိုးပြန်တောင်းရတဲ့ အခြေနေဖြစ်နေပြီဆိုတဲ့ ဟန်ဇာမိုးဝင်း

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အ.ာဏ.ာသိ.မ်.းလိုက်တဲ့ အချိန်ကစပြီး မြန်မာပြည်သူတွေရဲ့ ဘဝက အခက်အခဲမျိုးစုံကို ရင်ဆိုင်ဖြတ်သန်းရတော့တာ ဖြစ်ပါတယ်။ အ.ာဏ.ာရှ.င်ကို ဆန့်ကျင်တဲ့သူတွေကို သူတို့ဘက်က ဖ.မ်.းဆီ.းမှုတွေ ပြုလုပ်နေတာကြောင့်

ထွက်ပြေးတိမ်းရှောင်နေရတဲ့သူတွေလည်းရှိလာခဲ့တာ ဖြစ်ပါတယ်။ အနုပညာရှင်တွေထဲမှာဆိုရင်လည်း (၅၀၅)ကနဲ့ ဖ.မ်.း.ဆီ.းခံခဲ့ရတဲ့ အနုပညာရှင်တွေက အခုချိန်အထိ အ.ကျ.ဉ်.းေ.ထ.ာ.င်ထဲမှာ ထိ.န်.း.သိ.မ်.းခံထားရဆဲ ဖြစ်ပါတယ်။ ပြည်သူ့ဘက်က

အခိုင်အမာရပ်တည်ခဲ့တဲ့ အနုပညာရှင်တွေထဲက တစ်ယောက်ဖြစ်တဲ့ ဟန်ဇာမိုးဝင်းကလည်း လက်ရှိမှာ သူရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ရင်ဖွင့်လာခဲ့ပါတယ်။ အလုပ်အကိုင်တွေ အဆင်မပြေဖြစ်ရတဲ့ အခုလိုအချိန်မှာ ဟန်ဇာမိုးဝင်းက သူ့ရဲ့မိခင်ကြီးဆီ

ကနေတောင် မုန့်ဖိုးပြန်တောင်းနေရတဲ့အကြောင်း ပြောပြထားတာ ဖြစ်ပါတယ်။ အဖေနဲ့အမေကို ဘာလိုလဲ၊ဘာလုပ်ပေးရမလဲမေးနေကျ အခြေအနေကနေ အခုလိုဖြစ်သွားတဲ့အတွက် သူ့အနေနဲ့ စိတ်မကောင်းဖြစ်နေတာ ဖြစ်ပါတယ်။ ဟန်ဇာမိုးဝင်းက

“မေကြီး သားကို မုန့်ဖိုးလေးပေးပါလားလို့ ပြန်တောင်းရတဲ့အချိန် အားနာပြီး ရင်ထဲမကောင်းဘူး လူတစ်ယောက်ကြောင့် ဘဝတွေ” ဆိုပြီး သူ့ရဲ့ခံစားချက်တွေကို ဖွင့်ဟပြောပြထားတာ ဖြစ်ပါတယ်။ ဟန်ဇာမိုးဝင်းရဲ့စာလေးကိုဖတ်ပြီး

ပရိသတ်တွေက သူ့အတွက် အားပေးစကားတွေ ပြောပေးခဲ့ကြတာလည်း တွေ့ရပါတယ်။ ပြည်သူတွေထဲ ပြည်သူတစ်ဦးဖြစ်တဲ့ အနုပညာရှင်တွေပါ အခက်အခဲတွေကိုယ်စီ ကြုံတွေ့နေရတဲ့အဖြစ်က တကယ့်ကို စိတ်မကောင်းစရာကောင်းနေတာ ဖြစ်ပါတယ်။

Zawgyi

လူတစ္ေယာက္ေၾကာင့္ မိဘကို မုန႔္ဖိုးျပန္ေတာင္းရတဲ့ အေျခေနျဖစ္ေနၿပီဆိုတဲ့ ဟန္ဇာမိုးဝင္း

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ အ.ာဏ.ာသိ.မ္.းလိုက္တဲ့ အခ်ိန္ကစၿပီး ျမန္မာျပည္သူေတြရဲ႕ ဘဝက အခက္အခဲမ်ိဳးစုံကို ရင္ဆိုင္ျဖတ္သန္းရေတာ့တာ ျဖစ္ပါတယ္။ အ.ာဏ.ာရွ.င္ကို ဆန႔္က်င္တဲ့သူေတြကို သူတို႔ဘက္က ဖ.မ္.းဆီ.းမႈေတြ ျပဳလုပ္ေနတာေၾကာင့္

ထြက္ေျပးတိမ္းေရွာင္ေနရတဲ့သူေတြလည္းရွိလာခဲ့တာ ျဖစ္ပါတယ္။ အႏုပညာရွင္ေတြထဲမွာဆိုရင္လည္း (၅၀၅)ကနဲ႔ ဖ.မ္.း.ဆီ.းခံခဲ့ရတဲ့ အႏုပညာရွင္ေတြက အခုခ်ိန္အထိ အ.က်.ဥ္.းေ.ထ.ာ.င္ထဲမွာ ထိ.န္.း.သိ.မ္.းခံထားရဆဲ ျဖစ္ပါတယ္။ ျပည္သူ႔ဘက္က

အခိုင္အမာရပ္တည္ခဲ့တဲ့ အႏုပညာရွင္ေတြထဲက တစ္ေယာက္ျဖစ္တဲ့ ဟန္ဇာမိုးဝင္းကလည္း လက္ရွိမွာ သူရင္ဆိုင္ေနရတဲ့ အခက္အခဲေတြကို ရင္ဖြင့္လာခဲ့ပါတယ္။ အလုပ္အကိုင္ေတြ အဆင္မေျပျဖစ္ရတဲ့ အခုလိုအခ်ိန္မွာ ဟန္ဇာမိုးဝင္းက သူ႔ရဲ႕မိခင္ႀကီးဆီ

ကေနေတာင္ မုန႔္ဖိုးျပန္ေတာင္းေနရတဲ့အေၾကာင္း ေျပာျပထားတာ ျဖစ္ပါတယ္။ အေဖနဲ႔အေမကို ဘာလိုလဲ၊ဘာလုပ္ေပးရမလဲေမးေနက် အေျခအေနကေန အခုလိုျဖစ္သြားတဲ့အတြက္ သူ႔အေနနဲ႔ စိတ္မေကာင္းျဖစ္ေနတာ ျဖစ္ပါတယ္။ ဟန္ဇာမိုးဝင္းက

“ေမႀကီး သားကို မုန႔္ဖိုးေလးေပးပါလားလို႔ ျပန္ေတာင္းရတဲ့အခ်ိန္ အားနာၿပီး ရင္ထဲမေကာင္းဘူး လူတစ္ေယာက္ေၾကာင့္ ဘဝေတြ” ဆိုၿပီး သူ႔ရဲ႕ခံစားခ်က္ေတြကို ဖြင့္ဟေျပာျပထားတာ ျဖစ္ပါတယ္။ ဟန္ဇာမိုးဝင္းရဲ႕စာေလးကိုဖတ္ၿပီး

ပရိသတ္ေတြက သူ႔အတြက္ အားေပးစကားေတြ ေျပာေပးခဲ့ၾကတာလည္း ေတြ႕ရပါတယ္။ ျပည္သူေတြထဲ ျပည္သူတစ္ဦးျဖစ္တဲ့ အႏုပညာရွင္ေတြပါ အခက္အခဲေတြကိုယ္စီ ႀကဳံေတြ႕ေနရတဲ့အျဖစ္က တကယ့္ကို စိတ္မေကာင္းစရာေကာင္းေနတာ ျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *