လူထု ဖြိုခွဲမှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ ပြည်သူတွေ ရဲ့ အသက်ကို နေ့မနား ညမနား ကူညီကယ်ဆယ် ပေးနေတဲ့ ဝေဠုကျော်

လူထု ဖြိုခွဲမှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ ပြည်သူတွေ ရဲ့ အသက်ကို နေ့မနား ညမနား ကူညီကယ်ဆယ် ပေးနေတဲ့ ဝေဠုကျော်

သရုပ်ဆောင် မင်းသားကြီး ဝေဠုကျော် ကတော့ အနုပညာ လှုပ်ရှားမှုတွေအပြင် သူဝါသနာပါတဲ့ ပရဟိတလုပ်ငန်းတွေကိုလည်း ဦးစီးလုပ်ကိုင်နေသူတစ်ယောက်ပါ။ ဝေဠုကျော်က အမှန်တရားကို ချစ်မြတ်နိုးသူဖြစ်တာကြောင့် ပြောင်းလဲခဲ့တဲ့ နိုင်ငံရေး အခြေအနေတွေမှာလည်း ပြည်သူတွေဘက်က အပြည့်အဝ ရပ်တည်နေတဲ့ သူပဲ ဖြစ်ပါတယ်။

ရင်ထဲက ဆန္ဒအမှန်နဲ့ တရားမျှတမှုကို လိုလားတဲ့ ပြည်သူတွေပြုလုပ်တဲ့ လူထုလှုပ်ရှားမှုကြီးမှာလည်း ဝေဠုကျော်က တစ်တပ်တစ်အားအနေနဲ့ သွားရောက် ဝန်းရံခဲ့ပါသေးတယ်။ဒါ့အပြင် ဝေဠုကျော်က လူထုလှုပ်ရှားမှုကြီး မှာလည်း ကိုယ်ပိုင် ပါဝင်နေသလို သူကိုယ်တိုင်ဦးစီး လုပ်ကိုင်တဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းကလည်း ပြည်သူတွေအတွက် လိုအပ်နေတဲ့အရာတွေမှာ ကူညီပေးလေ့ရှိတာကို တွေ့ရပါတယ်။

မနေ့က လူထုလှုပ်ရှားမှုမှာလည်း ဖြိုခွဲခံရတာတွေ ရှိ တာကြောင့် ဝေဠုကျော်က သူရဲ့ပရဟိတအဖွဲ့နဲ့အတူ ဆေးကူအဖြစ် ကူညီပေး ခဲ့ပါသေးတယ် ။ဝေဠုကျော်က ” 14-3-2021 မနေ့က တစ်နေ့လုံး တစ်ညလုံး ဒဏ်ရာရ ပြည်သူများ ကို ကူညီမှု ဝေဠုကျော်ဖောင်ဒေးရှင်း ” ဆိုတဲ့ စာသားလေးနဲ့ ပုံရိပ်များကိုလည်း လူမှုကွန်ယက်မှတဆင့် မျှဝေခဲ့ပါသေးတယ်။

မွန်မြတ်တဲ့စိတ်ထားနဲ့ နေ့ မနား ည မနား ပြည်သူတွေရဲ့ အသက်ကို ကူညီကယ်ဆယ်ပေးနေတဲ့ ဝေဠုကျော် နဲ့ သူရဲ့ ဖောင်ဒေးရှင်း အဖွဲ့သားတွေရဲ့ ပုံရိပ်ကို ပြန်လည်ကူးယူပြီး ပရိသတ်တွေထံ ဖော်ပြပေးလိုက်ပါတယ်။

Zawgyi

လူထု ၿဖိဳခြဲမႈေၾကာင့္ ဒဏ္ရာရရွိခဲ့တဲ့ ျပည္သူေတြ ရဲ႕ အသက္ကို ေန႔မနား ညမနား ကူညီကယ္ဆယ္ ေပးေနတဲ့ ေဝဠဳေက်ာ္

သ႐ုပ္ေဆာင္ မင္းသားႀကီး ေဝဠဳေက်ာ္ ကေတာ့ အႏုပညာ လႈပ္ရွားမႈေတြအျပင္ သူဝါသနာပါတဲ့ ပရဟိတလုပ္ငန္းေတြကိုလည္း ဦးစီးလုပ္ကိုင္ေနသူတစ္ေယာက္ပါ။ ေဝဠဳေက်ာ္က အမွန္တရားကို ခ်စ္ျမတ္ႏိုးသူျဖစ္တာေၾကာင့္ ေျပာင္းလဲခဲ့တဲ့ ႏိုင္ငံေရး အေျခအေနေတြမွာလည္း ျပည္သူေတြဘက္က အျပည့္အဝ ရပ္တည္ေနတဲ့ သူပဲ ျဖစ္ပါတယ္။

ရင္ထဲက ဆႏၵအမွန္နဲ႔ တရားမွ်တမႈကို လိုလားတဲ့ ျပည္သူေတြျပဳလုပ္တဲ့ လူထုလႈပ္ရွားမႈႀကီးမွာလည္း ေဝဠဳေက်ာ္က တစ္တပ္တစ္အားအေနနဲ႔ သြားေရာက္ ဝန္းရံခဲ့ပါေသးတယ္။ဒါ့အျပင္ ေဝဠဳေက်ာ္က လူထုလႈပ္ရွားမႈႀကီး မွာလည္း ကိုယ္ပိုင္ ပါဝင္ေနသလို သူကိုယ္တိုင္ဦးစီး လုပ္ကိုင္တဲ့ ေဝဠဳေက်ာ္ေဖာင္ေဒးရွင္းကလည္း ျပည္သူေတြအတြက္ လိုအပ္ေနတဲ့အရာေတြမွာ ကူညီေပးေလ့ရွိတာကို ေတြ႕ရပါတယ္။

မေန႔က လူထုလႈပ္ရွားမႈမွာလည္း ၿဖိဳခြဲခံရတာေတြ ရွိ တာေၾကာင့္ ေဝဠဳေက်ာ္က သူရဲ႕ပရဟိတအဖြဲ႕နဲ႔အတူ ေဆးကူအျဖစ္ ကူညီေပး ခဲ့ပါေသးတယ္ ။ေဝဠဳေက်ာ္က ” 14-3-2021 မေန႔က တစ္ေန႔လုံး တစ္ညလုံး ဒဏ္ရာရ ျပည္သူမ်ား ကို ကူညီမႈ ေဝဠဳေက်ာ္ေဖာင္ေဒးရွင္း ” ဆိုတဲ့ စာသားေလးနဲ႔ ပုံရိပ္မ်ားကိုလည္း လူမႈကြန္ယက္မွတဆင့္ မွ်ေဝခဲ့ပါေသးတယ္။

မြန္ျမတ္တဲ့စိတ္ထားနဲ႔ ေန႔ မနား ည မနား ျပည္သူေတြရဲ႕ အသက္ကို ကူညီကယ္ဆယ္ေပးေနတဲ့ ေဝဠဳေက်ာ္ နဲ႔ သူရဲ႕ ေဖာင္ေဒးရွင္း အဖြဲ႕သားေတြရဲ႕ ပုံရိပ္ကို ျပန္လည္ကူးယူၿပီး ပရိသတ္ေတြထံ ေဖာ္ျပေပးလိုက္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *