ကျွန်တော် အဆင်ပြေတယ် ရန်သူနဲ့ မျက်နှာချင်းဆိုင် နေနေရတဲ့ ခင်ဗျားတို့ပဲ ဂရုစိုက်ပါ ဆိုတဲ့ ကိုပေါက်

ကျွန်တော် အဆင်ပြေတယ် ရန်သူနဲ့ မျက်နှာချင်းဆိုင် နေနေရတဲ့ ခင်ဗျားတို့ပဲ ဂရုစိုက်ပါ ဆိုတဲ့ ကိုပေါက်

သရုပ်ဆောင် ၊ဒါရိုက်တာ တစ်ယောက်အဖြစ် အနုပညာ များစွာကိုပုံဖော်ခဲ့တဲ့ ကိုပေါက်ကတော့ အခုချိန်မှာ အနုပညာအလုပ်တွေနဲ့ ဝေးကွာ နေတာပဲဖြစ်ပါတယ်။ ကိုပေါက်က လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ ကာလမှာလည်း ကျရာ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပြီး ရဲဘော်တွေနဲ့ အတူ စည်းစည်းလုံးလုံး နေထိုင်တာဖြစ်ပါတယ်။

ကိုပေါက်လိုပဲ တချို့အနုပညာရှင်တွေ ကလည်း လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး စိတ်ဓာတ်တွေ ခိုင်မာပြတ်သား နေကြတာ ဖြစ်ပါတယ်။ ကိုပေါက်ကတော့ လွတ်မြောက်နယ်မြေမှာ ရဲဘော်တွေရဲ့ စားသောက်ရေးအတွက် တာဝန်ယူထားရပြီး သေချာ စီမံချက်ပြုတ်ပေး နေတာဖြစ်ပါတယ်။

တောထဲ ရောက်နေသူတွေ အကုန်လုံးက ဒုက္ခမျိုးစုံကို ရင်ဆိုင်ကြုံတွေ့နေရပေမယ့် အချင်းချင်း ရိုင်းပင်းကူညီပြီး အားတင်း တောင့်ခံနေကြတာ ဖြစ်ပါတယ်။ ကိုပေါက်ကလည်း အခုချိန်မှာ ပြည်သူတွေ နဲ့တစ်သားတည်း ရှိနေတာကြောင့် မိသားစုနဲ့ ခွဲခွါခဲ့ရပေမယ့်လည်း အခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နေတာပဲ ဖြစ်ပါတယ်။

Zawgyi

ကြၽန္ေတာ္ အဆင္ေျပတယ္ ရန္သူနဲ႔ မ်က္ႏွာခ်င္းဆိုင္ ေနေနရတဲ့ ခင္ဗ်ားတို႔ပဲ ဂ႐ုစိုက္ပါ ဆိုတဲ့ ကိုေပါက္

သ႐ုပ္ေဆာင္ ၊ဒါ႐ိုက္တာ တစ္ေယာက္အျဖစ္ အႏုပညာ မ်ားစြာကိုပုံေဖာ္ခဲ့တဲ့ ကိုေပါက္ကေတာ့ အခုခ်ိန္မွာ အႏုပညာအလုပ္ေတြနဲ႔ ေဝးကြာ ေနတာပဲျဖစ္ပါတယ္။ ကိုေပါက္က လြတ္ေျမာက္နယ္ေျမကို ေရာက္ရွိေနတဲ့ ကာလမွာလည္း က်ရာ တာဝန္ကို ေက်ပြန္စြာ ထမ္းေဆာင္ၿပီး ရဲေဘာ္ေတြနဲ႔ အတူ စည္းစည္းလုံးလုံး ေနထိုင္တာျဖစ္ပါတယ္။

ကိုေပါက္လိုပဲ တခ်ိဳ႕အႏုပညာရွင္ေတြ ကလည္း လြတ္ေျမာက္နယ္ေျမကို ေရာက္ရွိေနၿပီး စိတ္ဓာတ္ေတြ ခိုင္မာျပတ္သား ေနၾကတာ ျဖစ္ပါတယ္။ ကိုေပါက္ကေတာ့ လြတ္ေျမာက္နယ္ေျမမွာ ရဲေဘာ္ေတြရဲ႕ စားေသာက္ေရးအတြက္ တာဝန္ယူထားရၿပီး ေသခ်ာ စီမံခ်က္ျပဳတ္ေပး ေနတာျဖစ္ပါတယ္။

ေတာထဲ ေရာက္ေနသူေတြ အကုန္လုံးက ဒုကၡမ်ိဳးစုံကို ရင္ဆိုင္ႀကဳံေတြ႕ေနရေပမယ့္ အခ်င္းခ်င္း ႐ိုင္းပင္းကူညီၿပီး အားတင္း ေတာင့္ခံေနၾကတာ ျဖစ္ပါတယ္။ ကိုေပါက္ကလည္း အခုခ်ိန္မွာ ျပည္သူေတြ နဲ႔တစ္သားတည္း ရွိေနတာေၾကာင့္ မိသားစုနဲ႔ ခြဲခြါခဲ့ရေပမယ့္လည္း အခက္အခဲေတြကို ႀကံ့ႀကံ့ခံ ရင္ဆိုင္ေနတာပဲ ျဖစ္ပါတယ္။

Leave a Reply

Your email address will not be published.