ဘဏ်မှငွေထုတ်ချင်သူများ အပြည့်အဝထုတ်ယူခွင့်ရတော့မည်ဟု ဗဟိုဘဏ်ရဲ့ ဒုတိယဥက္ကဋ္ဌပြောကြား

ဘဏ်မှငွေထုတ်ချင်သူများ အပြည့်အဝထုတ်ယူခွင့်ရတော့မည်ဟု ဗဟိုဘဏ်ရဲ့ ဒုတိယဥက္ကဋ္ဌပြောကြား

ဘဏ်တွေကနေ ငွေအကန့်အသတ်နဲ့ထုတ်ယူရတဲ့ကိစ္စကိုလာမယ့်စက်တင်ဘာလလဆန်းပိုင်းက စတင်ပြီးဖြေလျှော့မှုတွေပြုလုပ်ပေးသွားမှာဖြစ်တယ်လို့ဗဟိုဘဏ်ရဲ့ဒုတိယဥက္ကဋ္ဌဖြစ်သူဦးဝင်းသော်ကပြောပါတယ်။“စက်တင်ဘာလထဲမှာ စပြီးတော့ တဖြည်းဖြည်း ဖြေလျှော့သွားမှာပါ။ ကျနော်တို့ပြောထားတဲ့အတိုင်းပါပဲ။

ငွေထုတ်တာတွေနဲ့ပတ်သက်ပြီး တိုးထုတ်နိုင်ဖို့ပေါ့။လက်ရှိဖြစ်နေတဲ့ အခြေအနေတစ်ခုထက် အဆင်ပြေအောင်ပေါ့ ။ ဥပမာပေါ့ ATM ပေါ့ ဒါကရှင်းလင်းအောင်ပြောပြတာပေါ့ ATMတွေမှာဆိုရင် ပိုက်ဆံထုတ်လို့မရဘူးရှိတယ်၊ ဒါတွေဆို ပတ်ဝန်းကျင်ထိတွေ့မှုအများဆုံးနေရာတွေမှာ ပြဿနာတွေရှိနိုင်တာပေါ့။နောက်တစ်ခါ ဘဏ်တွေမှာ ၂၀၀ ၊ ၂၀ ကန့်သတ်ထားတာရှိတယ်။

တကယ်တမ်းကျ ၂၀၀ ၊ ၂၀ တောင်မပေးကြဘူးဖြစ်နေတယ်။ဒါတွေကိုလည်း ဘဏ်တွေကိုကန့်သတ်ချက်နဲ့အညီ အပြည့်အဝထုတ်ပေးဖို့ဆိုတာတွေလုပ်မယ်“လို့ ဦးဝင်းသော်က ပြောပါတယ်။လက်ရှိဖြစ်နေတဲ့အခြေအနေတွေကနေ ပိုပြီးအဆင်ပြေအောင် တဆင့်ပြီးတဆင့် လုပ်ဆောင်ပေးသွားမှာဖြစ်ကြောင်း၊

နိုင်ငံတော်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေကိုလည်း ငွေသားထုတ်ယူမှုဆိုင်ရာကန့်သတ်ချက်တွေဖြေလျော့ပြီးဆောင်ရွက်ပေးသွားဖို့ရှိတယ်လို့ ပြောပါတယ်။“နောက်တဆင့်က ပရောဂျက်တွေရှိတယ်၊ တချို့ဆိုရင်နိုင်ငံတော်နဲ့ပတ်သက်ပြီးတော့ ချက်စ်တွေရပြီးတော့ ၂၀၀ ထုတ်တော့ လုပ်အားခပေးဖို့မလုံလောက်ဘူးပေါ့။အခက်အခဲတွေရှိတယ်။ ဒီလိုကိစ္စတွေကိုလည်း case by case ပေါ့ ၊

ရွေးပြီးတော့ Government နဲ့သက်ဆိုင်တဲ့ sector ထဲကနေ နိုင်ငံတော်တိုးတက်ရေးလုပ်နေတဲ့လုပ်ငန်းတွေ construction လုပ်ငန်းတွေဆို ဒါမျိုးတွေဆိုရင် ခုနတုန်းက ဒီ၂၀၀ ဆိုတဲ့သတ်မှတ်ချက်မဟုတ်ဘဲနဲ့ case by case နဲ့

ကန့်သတ်ချက်တွေထက်လျှော့လုပ်ပေးတာမျိုးပေါ့ အဆင့်လိုက် အဆင့်လိုက်လုပ်သွားမှာပေါ့။ “လို့ သူကဆက်လက်ပြောပြပါတယ်။ဗဟိုဘဏ်ဟာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဘဏ်တွေကနေ ငွေထုတ်ယူခွင့်နဲ့ပတ်သက်လို့ ATM စက်ကနေ တစ်ရက်ကို ငွေကျပ် ငါးသိန်းကျပ် ၊

ဘဏ်ကနေ တစ်ဦးချင်းအကောင့်နဲ့ တစ်ပတ်ကို ငွေကျပ် သိန်း ၂၀ ကျပ် ၊ ကုမ္ပဏီ၊အဖွဲ့အစည်းတွေအတွက်က ငွေကျပ် သိန်း ၂၀၀ သာ ထုတ်ယူခွင့်ပြုဖို့ ညွှန်ကြားထားတာဖြစ်ပါတယ်။အဲ့ဒီညွှန်ကြားချက်ထုတ်ပြန်မှုအပြိးမှာ ပုဂ္ဂလိက ဘဏ်တွေဘက်က ငွေသားထုတ်ပေးမှုနဲ့ပတ်သက်ပြီးကန့်သတ်မှုတွေလုပ်လာခဲ့တာကြောင့် ATM တွေမှာ ငွေထုတ်ဖို့အတွက်

လူပေါင်းရာနဲ့ချီ တန်းစီစောင့်ခဲ့ရတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။အဲ့ဒီနောက် ATM စက်တွေမှာ ငွေဖြည့်တင်းမှုတဖြည်းဖြည်းလျော့နည်းလာပြီး အခုဆိုရင် နေပြည်တော် ၊ရန်ကုန် ၊ မန္တလေးမြို့တို့လိုနေရာတွေက ATMစက်အချို့မှာပဲ ငွေဖြည့်တင်းမှုရှိပြီး

ကျန်တဲ့နေရာဒေသတွေမှာ ATMကနေ ငွေထုတ်ယူလို့မရတော့တာကို တွေ့ရပါတယ်။Visa ဘဏ်ကဒ်ထဲကို ငွေသွင်း၊ ငွေလွှဲစနစ်နဲ့ပတ်သက်ပြီး ဗဟိုဘဏ်ဘက်က ကန့်သတ်မှုတွေမလုပ်ခဲ့ဘူးလို့ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဝင်းသော်ကပြောပါတယ်။ဘဏ်တွေဘက်ကManagement နဲ့ ပြုလုပ်ခြင်းသာဖြစ်ကြောင်း၊ လက်ရှိမှာတော့ ပုံမှန်အတိုင်းပြန်ဖြစ်နေပြီလို့လည်း ပြောပါတယ် ။” ကန့်သတ်တာမရှိပါဘူး။ဗီဇာကတ်ထဲ ငွေထည့်တာနဲ့ပတ်သက်လို့

ကန့်သတ်တယ်ဆိုတာ မဟုတ်ပါဘူး။ သူတို့ systemအရ ဘဏ်က သူတို့ဘာသာ management နဲ့ လိုအပ်တာကို ဘဏ်က ခဏလုပ်တာပါ ။ သူတို့ အခုကပုံမှန်ဖြစ်သွားပါပြီ ” လို့ ဦးဝင်းသော်က ပြောပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက Visa ကဒ်ထဲကို ငွေသွင်း၊ ငွေလွှဲဝန်ဆောင်မှုလုပ်မယ်ဆိုရင် အွန်လိုင်းကနေလုပ်ဆောင်လို့မရဘဲ ဘဏ်ကိုသွားရောက်ပြီး ငွေသားပေးသွင်း၊ အမေရိကန်ဒေါ်လာအဖြစ်

လဲလှယ်ပြီးမှ visa ကဒ်ထဲကို ငွေသွင်းနိုင်မယ်လို့ ဘဏ်အချို့က ကန့်သတ်လိုက်တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာနဲ့ပတ်သက်ပြီးမေးမြန်းမှုကို ဗဟိုဘဏ် ဒု- ဥက္ကဋ္ဌက အထက်ပါအတိုင်းပြောဆိုလိုက်တာ ဖြစ်ပါတယ်။” အွန်လိုင်းကနေမရဘူး ၊ ဘဏ်ကို ကိုယ်တိုင်လာရမယ်။ ငွေသားပဲသွင်းရမယ်ဆိုတော့ တော်တော် ဒုက္ခ ရောက်သွားတယ်။

ငွေကိုငွေပြန်လဲ၊ပြီးမှ ဒေါ်လာထပ်လဲ၊ကုန်ပစ္စည်းတွေကိုလည်းအွန်လိုင်းငွေချေအစားငွေသားပေးဖို့ customerတွေကိုတောင်းဆိုရ နဲ့။ ခုပုံမှန်အတိုင်းဖြစ်ပြီဆိုတော့လည်းငွေသွင်းရင်သိရမယ် ” လို့ လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

လက်ရှိအမေရိကန်ဒေါ်လာပေါက်ဈေးသည်ဗဟိုဘဏ်ရောင်းဈေးနဲ့ ပြင်ပပေါက်ဈေးလဲလှယ်မှုကတစ်ဒေါ်လာကိုကျပ်ငွေ ၁၀၀ လောက်အထိ ဈေးနူန်းကွာဟမှုရှိနေတယ်လို့လည်းသိရပါတယ်။

Zawgyi

ဘဏ္မွေငြထုတ္ခ်င္သူမ်ား အျပည့္အဝထုတ္ယူခြင့္ရေတာ့မည္ဟု ဗဟိုဘဏ္ရဲ႕ ဒုတိယဥကၠ႒ေျပာၾကား

ဘဏ္ေတြကေန ေငြအကန႔္အသတ္နဲ႔ထုတ္ယူရတဲ့ကိစၥကိုလာမယ့္စက္တင္ဘာလလဆန္းပိုင္းက စတင္ၿပီးေျဖေလွ်ာ့မႈေတြျပဳလုပ္ေပးသြားမွာျဖစ္တယ္လို႔ဗဟိုဘဏ္ရဲ႕ဒုတိယဥကၠ႒ျဖစ္သူဦးဝင္းေသာ္ကေျပာပါတယ္။“စက္တင္ဘာလထဲမွာ စၿပီးေတာ့ တျဖည္းျဖည္း ေျဖေလွ်ာ့သြားမွာပါ။ က်ေနာ္တို႔ေျပာထားတဲ့အတိုင္းပါပဲ။

ေငြထုတ္တာေတြနဲ႔ပတ္သက္ၿပီး တိုးထုတ္ႏိုင္ဖို႔ေပါ့။လက္ရွိျဖစ္ေနတဲ့ အေျခအေနတစ္ခုထက္ အဆင္ေျပေအာင္ေပါ့ ။ ဥပမာေပါ့ ATM ေပါ့ ဒါကရွင္းလင္းေအာင္ေျပာျပတာေပါ့ ATMေတြမွာဆိုရင္ ပိုက္ဆံထုတ္လို႔မရဘူးရွိတယ္၊ ဒါေတြဆို ပတ္ဝန္းက်င္ထိေတြ႕မႈအမ်ားဆုံးေနရာေတြမွာ ျပႆနာေတြရွိႏိုင္တာေပါ့။ေနာက္တစ္ခါ ဘဏ္ေတြမွာ ၂၀၀ ၊ ၂၀ ကန႔္သတ္ထားတာရွိတယ္။

တကယ္တမ္းက် ၂၀၀ ၊ ၂၀ ေတာင္မေပးၾကဘူးျဖစ္ေနတယ္။ဒါေတြကိုလည္း ဘဏ္ေတြကိုကန႔္သတ္ခ်က္နဲ႔အညီ အျပည့္အဝထုတ္ေပးဖို႔ဆိုတာေတြလုပ္မယ္“လို႔ ဦးဝင္းေသာ္က ေျပာပါတယ္။လက္ရွိျဖစ္ေနတဲ့အေျခအေနေတြကေန ပိုၿပီးအဆင္ေျပေအာင္ တဆင့္ၿပီးတဆင့္ လုပ္ေဆာင္ေပးသြားမွာျဖစ္ေၾကာင္း၊

ႏိုင္ငံေတာ္နဲ႔ပတ္သက္တဲ့လုပ္ငန္းေတြကိုလည္း ေငြသားထုတ္ယူမႈဆိုင္ရာကန႔္သတ္ခ်က္ေတြေျဖေလ်ာ့ၿပီးေဆာင္႐ြက္ေပးသြားဖို႔ရွိတယ္လို႔ ေျပာပါတယ္။“ေနာက္တဆင့္က ပေရာဂ်က္ေတြရွိတယ္၊ တခ်ိဳ႕ဆိုရင္ႏိုင္ငံေတာ္နဲ႔ပတ္သက္ၿပီးေတာ့ ခ်က္စ္ေတြရၿပီးေတာ့ ၂၀၀ ထုတ္ေတာ့ လုပ္အားခေပးဖို႔မလုံေလာက္ဘူးေပါ့။အခက္အခဲေတြရွိတယ္။ ဒီလိုကိစၥေတြကိုလည္း case by case ေပါ့ ၊

ေ႐ြးၿပီးေတာ့ Government နဲ႔သက္ဆိုင္တဲ့ sector ထဲကေန ႏိုင္ငံေတာ္တိုးတက္ေရးလုပ္ေနတဲ့လုပ္ငန္းေတြ construction လုပ္ငန္းေတြဆို ဒါမ်ိဳးေတြဆိုရင္ ခုနတုန္းက ဒီ၂၀၀ ဆိုတဲ့သတ္မွတ္ခ်က္မဟုတ္ဘဲနဲ႔ case by case နဲ႔

ကန႔္သတ္ခ်က္ေတြထက္ေလွ်ာ့လုပ္ေပးတာမ်ိဳးေပါ့ အဆင့္လိုက္ အဆင့္လိုက္လုပ္သြားမွာေပါ့။ “လို႔ သူကဆက္လက္ေျပာျပပါတယ္။ဗဟိုဘဏ္ဟာ ေဖေဖာ္ဝါရီလ ၂၈ ရက္ေန႔က ဘဏ္ေတြကေန ေငြထုတ္ယူခြင့္နဲ႔ပတ္သက္လို႔ ATM စက္ကေန တစ္ရက္ကို ေငြက်ပ္ ငါးသိန္းက်ပ္ ၊

ဘဏ္ကေန တစ္ဦးခ်င္းအေကာင့္နဲ႔ တစ္ပတ္ကို ေငြက်ပ္ သိန္း ၂၀ က်ပ္ ၊ ကုမၸဏီ၊အဖြဲ႕အစည္းေတြအတြက္က ေငြက်ပ္ သိန္း ၂၀၀ သာ ထုတ္ယူခြင့္ျပဳဖို႔ ၫႊန္ၾကားထားတာျဖစ္ပါတယ္။အဲ့ဒီၫႊန္ၾကားခ်က္ထုတ္ျပန္မႈအၿပိးမွာ ပုဂၢလိက ဘဏ္ေတြဘက္က ေငြသားထုတ္ေပးမႈနဲ႔ပတ္သက္ၿပီးကန႔္သတ္မႈေတြလုပ္လာခဲ့တာေၾကာင့္ ATM ေတြမွာ ေငြထုတ္ဖို႔အတြက္

လူေပါင္းရာနဲ႔ခ်ီ တန္းစီေစာင့္ခဲ့ရတာေတြ ျဖစ္ေပၚခဲ့ပါတယ္။အဲ့ဒီေနာက္ ATM စက္ေတြမွာ ေငြျဖည့္တင္းမႈတျဖည္းျဖည္းေလ်ာ့နည္းလာၿပီး အခုဆိုရင္ ေနျပည္ေတာ္ ၊ရန္ကုန္ ၊ မႏၲေလးၿမိဳ႕တို႔လိုေနရာေတြက ATMစက္အခ်ိဳ႕မွာပဲ ေငြျဖည့္တင္းမႈရွိၿပီး

က်န္တဲ့ေနရာေဒသေတြမွာ ATMကေန ေငြထုတ္ယူလို႔မရေတာ့တာကို ေတြ႕ရပါတယ္။Visa ဘဏ္ကဒ္ထဲကို ေငြသြင္း၊ ေငြလႊဲစနစ္နဲ႔ပတ္သက္ၿပီး ဗဟိုဘဏ္ဘက္က ကန္႔သတ္မႈေတြမလုပ္ခဲ့ဘူးလို႔ ဗဟိုဘဏ္ဒုဥကၠ႒ ဦးဝင္းေသာ္ကေျပာပါတယ္။ဘဏ္ေတြဘက္ကManagement နဲ႔ ျပဳလုပ္ျခင္းသာျဖစ္ေၾကာင္း၊ လက္ရွိမွာေတာ့ ပုံမွန္အတိုင္းျပန္ျဖစ္ေနၿပီလို႔လည္း ေျပာပါတယ္ ။” ကန္႔သတ္တာမရွိပါဘူး။ဗီဇာကတ္ထဲ ေငြထည့္တာနဲ႔ပတ္သက္လို႔

ကန္႔သတ္တယ္ဆိုတာ မဟုတ္ပါဘူး။ သူတို႔ systemအရ ဘဏ္က သူတို႔ဘာသာ management နဲ႔ လိုအပ္တာကို ဘဏ္က ခဏလုပ္တာပါ ။ သူတို႔ အခုကပုံမွန္ျဖစ္သြားပါၿပီ ” လို႔ ဦးဝင္းေသာ္က ေျပာပါတယ္။ၿပီးခဲ့တဲ့ရက္ပိုင္းက Visa ကဒ္ထဲကို ေငြသြင္း၊ ေငြလႊဲဝန္ေဆာင္မႈလုပ္မယ္ဆိုရင္ အြန္လိုင္းကေနလုပ္ေဆာင္လို႔မရဘဲ ဘဏ္ကိုသြားေရာက္ၿပီး ေငြသားေပးသြင္း၊ အေမရိကန္ေဒၚလာအျဖစ္

လဲလွယ္ၿပီးမွ visa ကဒ္ထဲကို ေငြသြင္းႏိုင္မယ္လို႔ ဘဏ္အခ်ိဳ႕က ကန္႔သတ္လိုက္တယ္လို႔ သတင္းေတြထြက္ေပၚခဲ့တာနဲ႔ပတ္သက္ၿပီးေမးျမန္းမႈကို ဗဟိုဘဏ္ ဒု- ဥကၠ႒က အထက္ပါအတိုင္းေျပာဆိုလိုက္တာ ျဖစ္ပါတယ္။” အြန္လိုင္းကေနမရဘူး ၊ ဘဏ္ကို ကိုယ္တိုင္လာရမယ္။ ေငြသားပဲသြင္းရမယ္ဆိုေတာ့ ေတာ္ေတာ္ ဒုကၡ ေရာက္သြားတယ္။

ေငြကိုေငြျပန္လဲ၊ၿပီးမွ ေဒၚလာထပ္လဲ၊ကုန္ပစၥည္းေတြကိုလည္းအြန္လိုင္းေငြေခ်အစားေငြသားေပးဖို႔ customerေတြကိုေတာင္းဆိုရ နဲ႔။ ခုပုံမွန္အတိုင္းျဖစ္ၿပီဆိုေတာ့လည္းေငြသြင္းရင္သိရမယ္ ” လို႔ လုပ္ငန္းရွင္တစ္ဦးကေျပာပါတယ္။

လက္ရွိအေမရိကန္ေဒၚလာေပါက္ေစ်းသည္ဗဟိုဘဏ္ေရာင္းေစ်းနဲ႔ ျပင္ပေပါက္ေစ်းလဲလွယ္မႈကတစ္ေဒၚလာကိုက်ပ္ေငြ ၁၀၀ ေလာက္အထိ ေစ်းႏူန္းကြာဟမႈရွိေနတယ္လို႔လည္းသိရပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *