ဇနီးနဲ့သားလေးကို အန္တရာယ်ရှိတဲ့အရပ်မှာ မထားခဲ့ဘဲ သူနဲ့အတူ လွတ်မြောက်နယ်မြေသို့ တစ်ပါတည်း ခေါ်သွားခဲ့တဲ့ ရန်ရန်ချမ်း

ချစ်ရတဲ့ ဇနီးနဲ့သားလေးကို အန္တရာယ်ရှိတဲ့အရပ်မှာ မထားခဲ့ဘဲ သူနဲ့အတူ လွတ်မြောက်နယ်မြေသို့ တစ်ပါတည်း ခေါ်သွားခဲ့တဲ့ ရန်ရန်ချမ်း

အဆိုတော် ရန်ရန်ချမ်းကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ ရပ်တည်ပေးနေသူတစ်ဦး ဖြစ်ပါတယ်။ အာဏာရှင်လူတစ်စုမှ ရန်ရန်ချမ်းအား ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုအရေးယူမှုတွေ လုပ်ထားတာကြောင့် ဘေးကင်းရာသို့ တိမ်းရှောင်နေကြရသည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်ပါတယ်။

ပရိသတ်တွေ စိတ်မပူစေရအောင်လည်း လူမှုကွန်ယက်တွင် သတင်းအချက်အလက်များကို ရေးသားဝေမျှပေးနေတာ ဖြစ်ပါတယ်။မကြာသေးခင် နာရီပိုင်းလောက်က ရန်ရန်ချမ်းရဲ့ Facebook အကောင့်တွင် ဓာတ်ပုံလေးတစ်ပုံ တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ သူတို့မိသားစုသုံးယောက်လုံး ဘေးကင်းရာမှာရှိနေတဲ့အကြောင်း ဓာတ်ပုံလေးတစ်ပုံဖြင့် ပြသထားတာ ဖြစ်ပါတယ်။

ရန်ရန်ချမ်းဟာ ဇနီးနဲ့သားလေးကို အန္တရာယ်ရှိတဲ့အရပ်မှာ မထားခဲ့ဘဲ သူနဲ့အတူလွတ်မြောက်နယ်မြေသို့ တစ်ပါတည်း ခေါ်သွားခဲ့တာ ဖြစ်ပါတယ်။ပရိသတ်တွေကလည်း သူတို့မိသားစုပုံလေးကို ကြည့်ပြီး အရေးကြုံတဲ့အခါတိုင်း ပြည်သူတွေဘက်ကနေ ရှိနေပေးခဲ့တဲ့ ရန်ရန်ချမ်းရဲ့ ပြတ်သားတဲ့ စိတ်ဓာတ်ကို လေးစားနေကြတာ ဖြစ်ပါတယ်။

ဂီတလောကမှ ညီအစ်ကိုမောင်နှမများကလည်း ရန်ရန်ချမ်းတို့ မိသားစုလေး ဘေးကင်းလုံခြုံကြပါစေလို့ comment များရေးသားပြီး ဆုတောင်းပေးနေကြတာ ဖြစ်ပါတယ်။ မိသားစုဝင်များနဲ့ ခွဲခွာပြီး တိမ်းရှောင်နေရသူများလည်း အမြန်ပြန်လည်ဆုံဆည်းနိုင်ပါစေလို့ ဆုတောင်းရင်း ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်။

Zawgyi

ခ်စ္ရတဲ့ ဇနီးနဲ႔သားေလးကို အႏၲရာယ္ရွိတဲ့အရပ္မွာ မထားခဲ့ဘဲ သူနဲ႔အတူ လြတ္ေျမာက္နယ္ေျမသို႔ တစ္ပါတည္း ေခၚသြားခဲ့တဲ့ ရန္ရန္ခ်မ္း

အဆိုေတာ္ ရန္ရန္ခ်မ္းကေတာ့ လက္ရွိျဖစ္ေပၚေနတဲ့ လူထုလႈပ္ရွားမႈေတြမွာ ျပည္သူေတြနဲ႔အတူ အမွန္တရားဘက္ကေန ရပ္တည္ေပးေနသူတစ္ဦး ျဖစ္ပါတယ္။ အာဏာရွင္လူတစ္စုမွ ရန္ရန္ခ်မ္းအား ပုဒ္မ ၅၀၅(က) ျဖင့္ တရားစြဲဆိုအေရးယူမႈေတြ လုပ္ထားတာေၾကာင့္ ေဘးကင္းရာသို႔ တိမ္းေရွာင္ေနၾကရသည္မွာ အခ်ိန္အေတာ္ၾကာခဲ့ၿပီ ျဖစ္ပါတယ္။

ပရိသတ္ေတြ စိတ္မပူေစရေအာင္လည္း လူမႈကြန္ယက္တြင္ သတင္းအခ်က္အလက္မ်ားကို ေရးသားေဝမွ်ေပးေနတာ ျဖစ္ပါတယ္။မၾကာေသးခင္ နာရီပိုင္းေလာက္က ရန္ရန္ခ်မ္းရဲ႕ Facebook အေကာင့္တြင္ ဓာတ္ပုံေလးတစ္ပုံ တင္ထားတာ ျဖစ္ပါတယ္။ ဒါကေတာ့ သူတို႔မိသားစုသုံးေယာက္လုံး ေဘးကင္းရာမွာရွိေနတဲ့အေၾကာင္း ဓာတ္ပုံေလးတစ္ပုံျဖင့္ ျပသထားတာ ျဖစ္ပါတယ္။

ရန္ရန္ခ်မ္းဟာ ဇနီးနဲ႔သားေလးကို အႏၲရာယ္ရွိတဲ့အရပ္မွာ မထားခဲ့ဘဲ သူနဲ႔အတူလြတ္ေျမာက္နယ္ေျမသို႔ တစ္ပါတည္း ေခၚသြားခဲ့တာ ျဖစ္ပါတယ္။ပရိသတ္ေတြကလည္း သူတို႔မိသားစုပုံေလးကို ၾကည့္ၿပီး အေရးႀကဳံတဲ့အခါတိုင္း ျပည္သူေတြဘက္ကေန ရွိေနေပးခဲ့တဲ့ ရန္ရန္ခ်မ္းရဲ႕ ျပတ္သားတဲ့ စိတ္ဓာတ္​ကို ေလးစားေနၾကတာ ျဖစ္ပါတယ္။

ဂီတေလာကမွ ညီအစ္ကိုေမာင္ႏွမမ်ားကလည္း ရန္ရန္ခ်မ္းတို႔ မိသားစုေလး ေဘးကင္းလုံၿခဳံၾကပါေစလို႔ comment မ်ားေရးသားၿပီး ဆုေတာင္းေပးေနၾကတာ ျဖစ္ပါတယ္။ မိသားစုဝင္မ်ားနဲ႔ ခြဲခြာၿပီး တိမ္းေရွာင္ေနရသူမ်ားလည္း အျမန္ျပန္လည္ဆုံဆည္းႏိုင္ပါေစလို႔ ဆုေတာင္းရင္း ဒီသတင္းေလးကို တင္ဆက္ေပးလိုက္ ရပါတယ္။

Leave a Reply

Your email address will not be published.