အကြွေးတွေနဲ့ ပတ်လည်ဝိုင်းနေပေမယ့် အပြုံးမပျက်ဘဲ သူဌေးဂိုက်ဖမ်းကာ နေထိုင်နေဆဲဖြစ်တဲ့ ဇင်သဲနိုင်
ပရိသတ်ကြီးရေ သရုပ်ဆောင် ပိုင်ဇေရဲထွန်းရဲ့ ဇနီး ဇင်သဲနိုင်ဟာ ယောက္ခမတွေပိုင်တဲ့ ခြံကိုတောင် ပေါင်နှံခဲ့သူအဖြစ် လူသိများလှပါတယ်နော်။ လူကုံထံအသိုင်းအဝိုင်းဝင်ဆန့်အောင် သူဌေးမသဖွယ် နေထိုင်ပေမယ့်လည်း သူ့ရဲ့မကောင်းသတင်းတွေကတော့ နားနဲ့မဆန့်အောင်ကို ကြားနေရပါတယ်နော်။
ကျောက်လောကမှာလည်းနာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ဇင်သဲနိုင်ရဲ့ သတင်းအပြည့်အစုံကို ဖော်ပြပေးလိုက် ရပါတယ်နော်။” ငယ်ငယ်ရွယ်ရွယ်နဲ့ ပေါင်ဇေရဲထွန်းနဲ့ ခိုးရာလိုက်ပြေးသူလေး၊ ယောက္ခမကို ဘုရားတစ်ဆူ ဂူတစ်လုံးနှယ် ပူဇော်ပသ အလေးအမြတ်ထားသူလေး၊ ပေါင်ဇေရဲထွန်းက အဖြစ်မရှိလို့ ကလေးထိန်းတာဝန်အပြင် စီးပွားရှာတာဝန်ပါ ယူရသူလေး၊
စီးပွားရှာတဲ့ အနေနဲ့ အစဦးစွာ ကျောက်လောကမှာ နာမည်ကောင်းနဲ့ သတင်းကြီးသူလေး၊ လူ A ထံက အပေါင်ခံတဲ့ ကျောက်ကို လူ B ထံ ဈေးကွက်ထဲမရှိတဲ့ဈေးနဲ့ လှည့်ရောင်းချခြင်းဖြင့် ကျောက်လောက ဈေးဘောင်ဖျက်သူလေး၊ကျောက်ကုန်သည်တွေ သူ့ဆီသွားရင် ရေတစ်ခွက်နဲ့တောင် ဧည့်မခံခြင်းဖြင့် ဧည့်ဝတ်ပျူငှာသူလေး၊
လင်ရော မယားရော ဝီ စတန်း ဝစ် မြန်မာအာမီ ပရိုဖိုင်း ဖရိန်ပါတဲ့ ပုံတွေ ဖြုတ်ချထားသူလေး၊ ဆရာတော်ရဝေနွယ်ဆီမှာ လင်ဖြစ်သူ ပေါင်ဇေရဲထွန်းက ကပ္ပိယလုပ်ပြီး ဆရာတော်ရဲ့ ငွေ သိန်း **** (အတိအကျသိတယ်နောိ သဲရေ ဒါမဲ့ မို့မပြောဘူး ဆရာတော် သိက္ခာရှိလို့) ကို ဖျောင်ပြီး မိသားစု စားဝတ်နေရေး ဖြေရှင်းသူရဲ့ ချစ်ဇနီးအချောအလှလေး၊
ဂျူလီယာ ကော်လရှင် အမည်နဲ့ ကျောက်လောကထဲ ဝင်လာသူလေး၊ကျောက်လောကမှာ စွာတယ် ကတ်ကတ်လန်တယ် ကတ်တလီယာပန်းကြီးလို့ ဂုဏ်သတင်းကြီးသူလေး၊ဂျူလီယာကော်လရှင်ရဲ့အခွဲ “အာ့ထ် အန် ဂျေ မြန်မာ” ဆိုပြီး မြန်မာမှုပြုတဲ့ ရတနာအထည်တွေကို သိန်း ဆယ်ချီနဲ့လစ်မစ်တက်အဒီးရှင်းရောင်းခဲ့သူလေး၊လစ်မစ်တက်အဒီးရှင်းတွေကို မေရိကန်မမအပြုံးကိုရောင်းချပြီး ဈေးကွင်ဖောက်သူလေး၊
လစ်မစ်တက်အဒီးရှင်းရောင်းပြီး ငွေရှာသော်လည်း ရလာတဲ့ အမြတ်က အကြွေးထက်နည်းနေလို့ နောက်ကော်လရှင်၂ခု ၃ခုလောက်ပဲထုတ်နိုင်ပြီး ပတ်တောပိတ် ချိတ် ဖြစ်သွားသူလေး၊အကြွေးတအားထူလွန်းလို့ ဂျူလီယာကော်လရှင်မှာ ရောင်းတဲ့ ရတနာအထည်တွေက ကျောက်တွေ ဖြုတ်ရောင်း၊မိုတွေဖြုတ်ရောင်းနဲ့ ဝမ်းရေးဖြေရှင်းနေရသူလေး၊ကျောက်တွေခွာရောင်းတာအပြင် ယွခမအိမ်ပါ ပေါင်ပြီး ဝမ်းရေးဖြေရှင်းသူလေး၊
အကြွေးထူပေမယ့် Hermès အိတ်၊ Chanel အိတ်တွေ ကိုင်ပြီးကြွယ်ပြသူလေး၊ အကြွေးဒဏ်ဖိစီးလွန်းလို့ Designer အိတ်တွေကို ခဏပဲကိုင်ပြီး ပြန်ရောင်းထုတ်ခဲ့ရသူလေး၊ကျောက်လောကမှာ အရင်းအနှီးများပြီး ငွေအိပ်တော့ လူမလိမ္မာပေမယ့် ငါးပိလိမ္မာရောင်းသူလေး၊ငါးပိလိမ္မာရောင်းပြီး မကြာမှီ “မိုင် တေ့ ဘိုင် သဲ” ပေါင်မုန့်တွေဖုတ်လာသူလေး၊
ပေါင်မုန့်ရောင်းတော့လည်း ကာစတန်မာကို စွာလို့ ဂယက်ထခဲ့သူလေး၊တော်လှန်ရေးကာလအစမှာ SP ဒဏ် နည်းနည်းခံခဲ့ရသူလေး၊Covid third wave မှာ “ဝီ စတန်း ဝှစ် မြန်မာ အာမီ” ပရိုဖိုငိးပုံကို ဖြုတ်ချလိုက်ပြီး ဆေးရနိုင်မယ့်လိပ်စာတွေညွှန်၊ ပေါင်မုန့်မားကတ်တင်းဆင်းပြီး လူရာဝင်ဖို့ ပြန်လည်ကြိုးစားလာသူလေး၊မျောက်မူးလဲနေရွှေသွေးအောင်နဲ့ ရင်းနှီးတယ်လို့ သတင်းရသူလေး၊
ပက်ချံမချိပေမယ့် လေးကျွန်းသူ ဖောင်ဒေးရှင်း၊ ဝိသာခါဖောင်ဒေးရှင်းက သူထေးမတွေနဲ့ အဇမ်းပလူးပလဲဖိတ်ဖိတ်တောက်တွေလုပ်သူလေး၊အောင်မြင်တဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ထားသူလေး၊ထက်မြက်တဲ့ အိမ်ထောင်ရှင် မြန်မာအမျိုးသမီးလေး၊ဟုတ်ကဲ့ “မမစွာသဲနိုင်” အဲလေ ”ပေါင်သဲနိုင်” အဲမှားပြန်ပြီ 🤧“ဇင်သဲနိုင်” လို့ ရေးသားထားပါတယ်နော်။
Zawgyi
အေႂကြးေတြနဲ႔ ပတ္လည္ဝိုင္းေနေပမယ့္ အၿပဳံးမပ်က္ဘဲ သူေဌးဂိုက္ဖမ္းကာ ေနထိုင္ေနဆဲျဖစ္တဲ့ ဇင္သဲႏိုင္
ပရိသတ္ႀကီးေရ သ႐ုပ္ေဆာင္ ပိုင္ေဇရဲထြန္းရဲ႕ ဇနီး ဇင္သဲႏိုင္ဟာ ေယာကၡမေတြပိုင္တဲ့ ၿခံကိုေတာင္ ေပါင္ႏွံခဲ့သူအျဖစ္ လူသိမ်ားလွပါတယ္ေနာ္။ လူကုံထံအသိုင္းအဝိုင္းဝင္ဆန႔္ေအာင္ သူေဌးမသဖြယ္ ေနထိုင္ေပမယ့္လည္း သူ႔ရဲ႕မေကာင္းသတင္းေတြကေတာ့ နားနဲ႔မဆန႔္ေအာင္ကို ၾကားေနရပါတယ္ေနာ္။
ေက်ာက္ေလာကမွာလည္းနာမည္ဆိုးနဲ႔ ေက်ာ္ၾကားေနတဲ့ ဇင္သဲႏိုင္ရဲ႕ သတင္းအျပည့္အစုံကို ေဖာ္ျပေပးလိုက္ ရပါတယ္ေနာ္။” ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ေပါင္ေဇရဲထြန္းနဲ႔ ခိုးရာလိုက္ေျပးသူေလး၊ ေယာကၡမကို ဘုရားတစ္ဆူ ဂူတစ္လုံးႏွယ္ ပူေဇာ္ပသ အေလးအျမတ္ထားသူေလး၊ ေပါင္ေဇရဲထြန္းက အျဖစ္မရွိလို႔ ကေလးထိန္းတာ၀န္အျပင္ စီးပြားရွာတာ၀န္ပါ ယူရသူေလး၊
စီးပြားရွာတဲ့ အေနနဲ႔ အစဦးစြာ ေက်ာက္ေလာကမွာ နာမည္ေကာင္းနဲ႔ သတင္းႀကီးသူေလး၊ လူ A ထံက အေပါင္ခံတဲ့ ေက်ာက္ကို လူ B ထံ ေစ်းကြက္ထဲမရွိတဲ့ေစ်းနဲ႔ လွည့္ေရာင္းခ်ျခင္းျဖင့္ ေက်ာက္ေလာက ေစ်းေဘာင္ဖ်က္သူေလး၊ေက်ာက္ကုန္သည္ေတြ သူ႔ဆီသြားရင္ ေရတစ္ခြက္နဲ႔ေတာင္ ဧည့္မခံျခင္းျဖင့္ ဧည့္၀တ္ပ်ဴငွာသူေလး၊
လင္ေရာ မယားေရာ ၀ီ စတန္း ၀စ္ ျမန္မာအာမီ ပ႐ိုဖိုင္း ဖရိန္ပါတဲ့ ပုံေတြ ျဖဳတ္ခ်ထားသူေလး၊ ဆရာေတာ္ရေ၀ႏြယ္ဆီမွာ လင္ျဖစ္သူ ေပါင္ေဇရဲထြန္းက ကပၸိယလုပ္ၿပီး ဆရာေတာ္ရဲ႕ ေငြ သိန္း **** (အတိအက်သိတယ္ေနာိ သဲေရ ဒါမဲ့ မို႔မေျပာဘူး ဆရာေတာ္ သိကၡာရွိလို႔) ကို ေဖ်ာင္ၿပီး မိသားစု စား၀တ္ေနေရး ေျဖရွင္းသူရဲ႕ ခ်စ္ဇနီးအေခ်ာအလွေလး၊
ဂ်ဴလီယာ ေကာ္လရွင္ အမည္နဲ႔ ေက်ာက္ေလာကထဲ ၀င္လာသူေလး၊ေက်ာက္ေလာကမွာ စြာတယ္ ကတ္ကတ္လန္တယ္ ကတ္တလီယာပန္းႀကီးလို႔ ဂုဏ္သတင္းႀကီးသူေလး၊ဂ်ဴလီယာေကာ္လရွင္ရဲ႕အခြဲ “အာ့ထ္ အန္ ေဂ် ျမန္မာ” ဆိုၿပီး ျမန္မာမႈျပဳတဲ့ ရတနာအထည္ေတြကို သိန္း ဆယ္ခ်ီနဲ႔လစ္မစ္တက္အဒီးရွင္းေရာင္းခဲ့သူေလး၊လစ္မစ္တက္အဒီးရွင္းေတြကို ေမရိကန္မမအၿပဳံးကိုေရာင္းခ်ၿပီး ေစ်းကြင္ေဖာက္သူေလး၊
လစ္မစ္တက္အဒီးရွင္းေရာင္းၿပီး ေငြရွာေသာ္လည္း ရလာတဲ့ အျမတ္က အေႂကြးထက္နည္းေနလို႔ ေနာက္ေကာ္လရွင္၂ခု ၃ခုေလာက္ပဲထုတ္ႏိုင္ၿပီး ပတ္ေတာပိတ္ ခ်ိတ္ ျဖစ္သြားသူေလး၊အေႂကြးတအားထူလြန္းလို႔ ဂ်ဴလီယာေကာ္လရွင္မွာ ေရာင္းတဲ့ ရတနာအထည္ေတြက ေက်ာက္ေတြ ျဖဳတ္ေရာင္း၊မိုေတြျဖဳတ္ေရာင္းနဲ႔ ၀မ္းေရးေျဖရွင္းေနရသူေလး၊ေက်ာက္ေတြခြာေရာင္းတာအျပင္ ယြခမအိမ္ပါ ေပါင္ၿပီး ၀မ္းေရးေျဖရွင္းသူေလး၊
အေႂကြးထူေပမယ့္ Hermès အိတ္၊ Chanel အိတ္ေတြ ကိုင္ၿပီးႂကြယ္ျပသူေလး၊ အေႂကြးဒဏ္ဖိစီးလြန္းလို႔ Designer အိတ္ေတြကို ခဏပဲကိုင္ၿပီး ျပန္ေရာင္းထုတ္ခဲ့ရသူေလး၊ေက်ာက္ေလာကမွာ အရင္းအႏွီးမ်ားၿပီး ေငြအိပ္ေတာ့ လူမလိမၼာေပမယ့္ ငါးပိလိမၼာေရာင္းသူေလး၊ငါးပိလိမၼာေရာင္းၿပီး မၾကာမွီ “မိုင္ ေတ့ ဘိုင္ သဲ” ေပါင္မုန္႔ေတြဖုတ္လာသူေလး၊
ေပါင္မုန္႔ေရာင္းေတာ့လည္း ကာစတန္မာကို စြာလို႔ ဂယက္ထခဲ့သူေလး၊ေတာ္လွန္ေရးကာလအစမွာ SP ဒဏ္ နည္းနည္းခံခဲ့ရသူေလး၊Covid third wave မွာ “၀ီ စတန္း ၀ွစ္ ျမန္မာ အာမီ” ပ႐ိုဖိုငိးပုံကို ျဖဳတ္ခ်လိုက္ၿပီး ေဆးရႏိုင္မယ့္လိပ္စာေတြၫႊန္၊ ေပါင္မုန္႔မားကတ္တင္းဆင္းၿပီး လူရာ၀င္ဖို႔ ျပန္လည္ႀကိဳးစားလာသူေလး၊ေမ်ာက္မူးလဲေနေ႐ႊေသြးေအာင္နဲ႔ ရင္းႏွီးတယ္လို႔ သတင္းရသူေလး၊
ပက္ခ်ံမခ်ိေပမယ့္ ေလးကြၽန္းသူ ေဖာင္ေဒးရွင္း၊ ၀ိသာခါေဖာင္ေဒးရွင္းက သူေထးမေတြနဲ႔ အဇမ္းပလူးပလဲဖိတ္ဖိတ္ေတာက္ေတြလုပ္သူေလး၊ေအာင္ျမင္တဲ့ မိသားစုဘ၀ေလးကိုပိုင္ဆိုင္ထားသူေလး၊ထက္ျမက္တဲ့ အိမ္ေထာင္ရွင္ ျမန္မာအမ်ိဳးသမီးေလး၊ဟုတ္ကဲ့ “မမစြာသဲႏိုင္” အဲေလ ”ေပါင္သဲႏိုင္” အဲမွားျပန္ၿပီ 🤧“ဇင္သဲႏိုင္” လို႔ ေရးသားထားပါတယ္ေနာ္။