PDF လူငယ်များ အတွက် သူမပိုင်ဆိုင်တဲ့ ရွှေတုံးလေးကိုရောင်းချပြီး အားလုံးရက်ရက်ရောရော လှူဒါန်းလိုက်တဲ့ စေတနာရှင်အန်တီကြီး

PDF လူငယ်များ အတွက် သူမပိုင်ဆိုင်တဲ့ ရွှေတုံးလေးကိုရောင်းချပြီး အားလုံးရက်ရက်ရောရော လှူဒါန်းလိုက်တဲ့ စေတနာရှင်အန်တီကြီး

အရမ်းလှူချင်နေတာကြောင့်သူမပိုင်ဆိုင်တဲ့ရွှေတုံးကိုရောင်းချခိုင်းပြီး ရသလောက်အကုန်လုံးရက်ရက်ရောရောလှူဒါန်းလိုက်တဲ့ စေတနာရှင်အန်တီကြီး။

ပရဟိတအဖွဲ့အစည်းတွေအဆင်ပြေပြေလည်ပတ်နိုင်ဖို့အတွက်အလှူရှင်တွေရဲ့အင်အားကလည်းအရမ်းအရေးကြီးပါတယ်။ဒါ့ကြောင့်တချို့ပြည်သူတွေဆိုရင်မိမိတို့တတ်နိုင်သလောက်၅၀၀၊၁၀၀၀မှစတင်ပြီးအလှူငွေတွေထည့်ဝင်လှူဒါန်းနေကြတာဖြစ်ပါတယ်။

ကိုဗစ်တတိယလှိုင်းအတွက်လည်းပြည်သူတွေကတစ်တပ်တစ်အားလှူဒါန်းကြသလိုကိုယ်ကျိုးစန့်အနစ်နာခံပြီးတောထဲရောက်နေတဲ့PDFတွေကိုလည်းကူညီဖေးမပေးနေကြတာဖြစ်ပါတယ်။

ပြည်သူတွေကဒီလိုကာလမှာစီးပွါးရှာဖို့ကြပ်တည်းနေတာတောင်သဒ္ဓါတရားထက်သန်ပြီးမိမိတို့မှာရှိတာလေးတွေကိုခွဲဝေပေးနေကြတာဖြစ်ပါတယ်။

Clean Yangonအဖွဲ့လေးကလည်းပြည်သူတွေရဲ့အလှူငွေနဲ့နေရာအနှံ့အပြားကိုသွားရောက်ပြီးပရဟိတအလုပ်တွေဆောင်ရွက်နေကြတာဖြစ်ပါတယ်။စေတနာရှင်အန်တီကြီးတစ်ယောက်ဆိုရင်Clean Yangonအဖွဲ့ကလူငယ်လေးတွေရဲ့ကြိုးစားကူညီပေးနေမှုကိုအသိအမှတ်ပြုပြီးအရမ်းလှူပေးချင်နေတာဖြစ်ပါတယ်။

သူမကနေရာမျိုးစုံအတွက်တတ်နိုင်သလောက်လှူနေတာဖြစ်လိုလက်ထဲမှာငွေသားသိပ်မကျန်တော့တာကြောင့်ရွှေတုံးတစ်တုံးရောင်းခိုင်းလိုက်တာဖြစ်ပါတယ်။

အခေါက်ရွှေတစ်တုံးရောင်းလို့ရလာတဲ့ပိုက်ဆံတွေအကုန်လုံးကို လည်းClean Yangonအဖွဲ့ကိုရက်ရက်ရောရောလှူဒါန်းခဲ့တာဖြစ်ပါတယ်။စေတနာအရမ်းကောင်းပြီးသဒ်ဓါတရားပြည့်ဝတဲ့အန်တီကြီးရဲ့စိတ်ဓာတ်ကလေးစားစရာကောင်းပါတယ်။

ဒါ့ကြောင့်ပြည်သူအားလုံးလည်းအန်တီကြီးရဲ့အလှူဒါနကိုပီတိပွါးများရအောင်လို့ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Zawgyi










Leave a Reply

Your email address will not be published.