မှတ်ပုံတင် ၄ သန်းနီးပါးထုတ်ပေးမယ့် ပန်းခင်းစီမံချက် စတင်ဖို့ပြင်ဆင်

မှတ်ပုံတင် ၄ သန်းနီးပါးထုတ်ပေးမယ့် ပန်းခင်းစီမံချက် စတင်ဖို့ပြင်ဆင်

နိုင်ငံတစ်ဝန်းမှတ်ပုံတင်၃ ဒသမ ၈သန်းကျော်ထုတ်ပေးမယ့်ပန်းခင်းစီမံချက်ကိုပြန်လည်စတင်နိုင်ဖို့အတွက်နေပြည်တော်မှာအစည်းအဝေးတွေလုပ်နေတဲ့အကြောင်းမြဝတီရုပ်သံကထုတ်လွှင့်သွားပါတယ်။ကရင်ပြည်နယ်၊ရန်ကုန်တိုင်း၊ရှမ်းပြည်နယ်နဲ့

နေပြည်တော်တို့စတင်နိုင်ဖို့ပြင်ဆင်နေတယ်လို့သိရှိရပါတယ်။ပန်းခင်းစီမံချက်ကို မေလ ၃ ရက်မှာစတင်မယ်လို့အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနကထုတ်ခဲ့ပေမယ်ကိုဗစ်ကြောင့်နှောင့်နှေးမှုတွေရှိခဲ့တာဖြစ်ပါတယ်။ဒီစီမံချက်ဟာ

လာမယ့်ရွေးကောက်ပွဲအတွက်ရည်ရွယ်တယ်လို့လည်းပြောဆိုနေကြပါတယ်။၂၀၂၀ရွေးကောက်ပွဲမှာမှတ်ပုံတင်မရှိဘဲ မဲပေးသူ ၄ ဒသမ ၆ သန်းရှိတယ်လို့စိစစ်တွေ့ရှိရပြီးလာမယ့်ရွေးကောက်ပွဲအတွက်

မှတ်ပုံတင်တွေလုပ်ပေးဖို့ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကအစည်းအဝေးမှာပြောပြီးတဲ့နောက်ဒီစီမံချက်ဖြစ်လာခဲ့တယ်လို့သိရပါတယ်။လက်ရှိအနေအထားအရရပ်ကွက်ရုံးတွေအပြင်ရဲစခန်းနဲ့ မြို့နယ်အဆင့်ရုံးတွေလည်းပေါက်ကွဲမှုတွေဖြစ်နေသလို

ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေအသတ်ခံနေရတာရှိတဲ့အတွက်ပန်းခင်းစီမံချက်အောင်မြင်ဖို့စိန်ခေါ်မှုတွေအ‌မြောက်အများရှိနေတယ်လို့သုံးသပ်မှုတွေလည်းရှိနေပါတယ်။

Zawgyi

မွတ္ပုံတင္ ၄ သန္းနီးပါးထုတ္ေပးမယ့္ ပန္းခင္းစီမံခ်က္ စတင္ဖို႔ျပင္ဆင္

ႏိုင္ငံတစ္ဝန္းမွတ္ပုံတင္၃ ဒသမ ၈သန္းေက်ာ္ထုတ္ေပးမယ့္ပန္းခင္းစီမံခ်က္ကိုျပန္လည္စတင္ႏိုင္ဖို႔အတြက္ေနျပည္ေတာ္မွာအစည္းအေဝးေတြလုပ္ေနတဲ့အေၾကာင္းျမဝတီ႐ုပ္သံကထုတ္လႊင့္သြားပါတယ္။ကရင္ျပည္နယ္၊ရန္ကုန္တိုင္း၊ရွမ္းျပည္နယ္နဲ႔

ေနျပည္ေတာ္တို႔စတင္ႏိုင္ဖို႔ျပင္ဆင္ေနတယ္လို႔သိရွိရပါတယ္။ပန္းခင္းစီမံခ်က္ကို ေမလ ၃ ရက္မွာစတင္မယ္လို႔အလုပ္သမားလူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အားဝန္ႀကီးဌာနကထုတ္ခဲ့ေပမယ္ကိုဗစ္ေၾကာင့္ေႏွာင့္ေႏွးမႈေတြရွိခဲ့တာျဖစ္ပါတယ္။ဒီစီမံခ်က္ဟာ

လာမယ့္ေ႐ြးေကာက္ပြဲအတြက္ရည္႐ြယ္တယ္လို႔လည္းေျပာဆိုေနၾကပါတယ္။၂၀၂၀ေ႐ြးေကာက္ပြဲမွာမွတ္ပုံတင္မရွိဘဲ မဲေပးသူ ၄ ဒသမ ၆ သန္းရွိတယ္လို႔စိစစ္ေတြ႕ရွိရၿပီးလာမယ့္ေ႐ြးေကာက္ပြဲအတြက္

မွတ္ပုံတင္ေတြလုပ္ေပးဖို႔ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကအစည္းအေဝးမွာေျပာၿပီးတဲ့ေနာက္ဒီစီမံခ်က္ျဖစ္လာခဲ့တယ္လို႔သိရပါတယ္။လက္ရွိအေနအထားအရရပ္ကြက္႐ုံးေတြအျပင္ရဲစခန္းနဲ႔ ၿမိဳ႕နယ္အဆင့္႐ုံးေတြလည္းေပါက္ကြဲမႈေတြျဖစ္ေနသလို

ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးေတြအသတ္ခံေနရတာရွိတဲ့အတြက္ပန္းခင္းစီမံခ်က္ေအာင္ျမင္ဖို႔စိန္ေခၚမႈေတြအ‌ေျမာက္အမ်ားရွိေနတယ္လို႔သုံးသပ္မႈေတြလည္းရွိေနပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *