အိမ်သုံးလျှပ်စစ်ဓာတ်အားခကျသင့်ငွေ ခြွင်းချက်မရှိ အခမဲ့ကင်းလွတ်ခွင့်ပြုကြောင်း CRPH ကြေညာ

အိမ်သုံးမီတာခများအခမဲ့ကင်းလွတ်ခွင့်ပြုကြောင်း CRPH ကြေညာ

အိမ်သုံးလျှပ်စစ်ဓာတ်အားခကျသင့်ငွေ ခြွင်းချက်မရှိ အခမဲ့ကင်းလွတ်ခွင့်ပြုကြောင်း CRPH ကြေညာ

(က) အိမ်သုံးအမျိုးအစား လျှပ်စစ်ဓါတ်အားခကျသင့်ငွေနှင့် မီတာဝန်ဆောင်ခများကို သုံးစွဲမှုယူနစ်အားလုံးအတွက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှစ၍ ခြွင်းချက်မရှိ ကင်းလွတ်ခွင့် (အခမဲ့) ပြုခြင်း။

(ခ) အိမ်သုံးမဟုတ်သည့် အမျိုးအစားများအတွက် လျှပ်စစ်ဓါတ်အားခကျသင့်ငွေနှင့် အခြားဝန်ဆောင်ခများကောက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှစ၍ သုံးစွဲမှုယူနစ်အားလုံးအတွက်ခေတ္တ ဆိုင်းငံ့ခြင်း။

ကြေညာချက်အမှတ်(၃/၂၀၂၁)

၁၃၈၂ ခုနှစ်၊ တပို့တွဲလဆန်း (၆) ရက်

(၂၀၂၁ ခုနှစ်၊ မတ်လ ၁၈ ရက်

အကြောင်းအရာ ။ ။ (က) အိမ်သုံးအမျိုးအစား လျှပ်စစ်ဓါတ်အားခကျသင့်ငွေနှင့် မီတာဝန်ဆောင်ခများကို သုံးစွဲမှုယူနစ်အားလုံးအတွက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှစ၍ ခြွင်းချက်မရှိ ကင်းလွတ်ခွင့် (အခမဲ့) ပြုခြင်း။

(ခ) အိမ်သုံးမဟုတ်သည့် အမျိုးအစားများအတွက် လျှပ်စစ်ဓါတ်အားခကျသင့်ငွေနှင့် အခြားဝန်ဆောင်ခများကောက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှစ၍ သုံးစွဲမှုယူနစ်အားလုံးအတွက်ခေတ္တ ဆိုင်းငံ့ခြင်း။

ရည်ညွှန်းချက် ။ ။ ခေတ္တဒုတိယသမ္မတ ဦးဆောင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၁/၂၀၂၁ ဆုံးဖြတ်ချက်

၁။ ပြည်ထောင်စုအစိုးရ၏လမ်းညွှန်ချက်အရ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် COVID-19 ကြောင့် ပြည်သူများ စီးပွားရေးအရ၊ စိတ်ဓါတ်ရေးရာအရ ကြပ်တည်းခြင်းများစွာ ရှိနေခြင်းကို အထိုက်အလျောက် ပြေလျော့စေရန် ၂၀၂၁ခုနှစ်၊ ဇန်နဝါရီ လ (၃၁) ရက်နေ့အထိ အိမ်သုံးအမျိုးအစား လျှပ်စစ်ဓါတ်အားသုံးစွဲမှု (၁) ယူနစ်မှ (၁၅၀) ယူနစ်အထိ ဓါတ်အားခ ကျသင့်ငွေနှင့် မီတာဝန်ဆောင်ခ အပါအဝင် ကင်းလွတ်ခွင့် (အခမဲ့) ပြုခဲ့ပြီး ဖြစ်သည်။

၂။ ယခုအခါ COVID-19 ကူးစက်ရောဂါကပ်ဘေးအပြင်၊ အာဏာသိမ်းစစ်အုပ်စု၏ အဆင်အခြင်မဲ့လုပ်ရပ်များကြောင့် ပြည်သူ များ နေ့စဉ်နှင့်အမျှ စိတ်ရောကိုယ်ပါ အတိဒုက္ခရောက်နေကြရသည့်အပြင် လူမှုစီးပွားဘဝများ မကြံစဖူး ထူးကဲစွာ အကြပ်အတည်း ရင်ဆိုင်နေရသည့်ကာလ ဖြစ်သောကြောင့် အိမ်သုံးအမျိုးအစား လျှပ်စစ် ဓါတ်အားသုံးစွဲမှုအတွက် ဓါတ်အားခကျသင့်ငွေ နှင့် မီတာဝန်ဆောင်ခအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှစ၍ နောက်ထပ်ကြေညာချက်တစ်စုံတစ်ရာ မထုတ်ပြန်မီ အချိန် အထိ ခြွင်းချက်မရှိ အလုံးစုံ ကင်းလွတ်ခွင့်(အခမဲ့) ပြုလိုက်သည်။

၃။ အိမ်သုံးမဟုတ်သည့် အမျိုးအစားများအတွက် ဓါတ်အားခကျသင့်ငွေနှင့် အခြားဝန်ဆောင်ခများ ကောက်ခံခြင်းအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှစ၍ နောက်ထပ်ကြေညာချက်တစ်စုံတစ်ရာ မထုတ်ပြန်မီ အချိန်အထိ ခေတ္တဆိုင်းငံ့ ထားလိုက် သည်။

၄။ သို့ပါ၍ အိမ်သုံးအမျိုးအစား လျှပ်စစ်ဓါတ်အားခကျသင့်ငွေ နှင့် မီတာဝန်ဆောင်ခအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှစ၍ သုံးစွဲမှုယူနစ်အားလုံးအတွက် လုံးဝ(လုံးဝ) ပေးဆောင်ရန်မလိုဘဲ၊ အိမ်သုံးမဟုတ်သည့် အမျိုးအစားများအတွက် ပေးဆောင်ရမည့် ဓါတ်အားခကျသင့်ငွေနှင့် အခြားဝန်ဆောင်ခ များကို ပေးဆောင်ခြင်းမပြုဘဲ ဆိုင်းငံ့ထားကြရန် ဖြစ်သည်။

Zawgyi

အိမ္သုံးမီတာခမ်ားအခမဲ့ကင္းလြတ္ခြင့္ျပဳေၾကာင္း CRPH ေၾကညာ

အိမ္သုံးလွ်ပ္စစ္ဓာတ္အားခက်သင့္ေငြ ႁခြင္းခ်က္မရွိ အခမဲ့ကင္းလြတ္ခြင့္ျပဳေၾကာင္း CRPH ေၾကညာ

(က) အိမ္သုံးအမ်ိဳးအစား လွ်ပ္စစ္ဓါတ္အားခက်သင့္ေငြႏွင့္ မီတာဝန္ေဆာင္ခမ်ားကို သုံးစြဲမႈယူနစ္အားလုံးအတြက္ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၁)ရက္ေန႔မွစ၍ ႁခြင္းခ်က္မရွိ ကင္းလြတ္ခြင့္ (အခမဲ့) ျပဳျခင္း။

(ခ) အိမ္သုံးမဟုတ္သည့္ အမ်ိဳးအစားမ်ားအတြက္ လွ်ပ္စစ္ဓါတ္အားခက်သင့္ေငြႏွင့္ အျခားဝန္ေဆာင္ခမ်ားေကာက္ခံျခင္းကို ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၁)ရက္ေန႔မွစ၍ သုံးစြဲမႈယူနစ္အားလုံးအတြက္ေခတၱ ဆိုင္းငံ့ျခင္း။

ေၾကညာခ်က္အမွတ္(၃/၂၀၂၁)

၁၃၈၂ ခုႏွစ္၊ တပို႔တြဲလဆန္း (၆) ရက္

(၂၀၂၁ ခုႏွစ္၊ မတ္လ ၁၈ ရက္

အေၾကာင္းအရာ ။ ။ (က) အိမ္သုံးအမ်ိဳးအစား လွ်ပ္စစ္ဓါတ္အားခက်သင့္ေငြႏွင့္ မီတာဝန္ေဆာင္ခမ်ားကို သုံးစြဲမႈယူနစ္အားလုံးအတြက္ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၁)ရက္ေန႔မွစ၍ ႁခြင္းခ်က္မရွိ ကင္းလြတ္ခြင့္ (အခမဲ့) ျပဳျခင္း။

(ခ) အိမ္သုံးမဟုတ္သည့္ အမ်ိဳးအစားမ်ားအတြက္ လွ်ပ္စစ္ဓါတ္အားခက်သင့္ေငြႏွင့္ အျခားဝန္ေဆာင္ခမ်ားေကာက္ခံျခင္းကို ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၁)ရက္ေန႔မွစ၍ သုံးစြဲမႈယူနစ္အားလုံးအတြက္ေခတၱ ဆိုင္းငံ့ျခင္း။

ရည္ၫႊန္းခ်က္ ။ ။ ေခတၱဒုတိယသမၼတ ဦးေဆာင္က်င္းပသည့္ ျပည္ေထာင္စုအစိုးရအဖြဲ႕ အစည္းအေဝး အမွတ္စဥ္ ၁/၂၀၂၁ ဆုံးျဖတ္ခ်က္

၁။ ျပည္ေထာင္စုအစိုးရ၏လမ္းၫႊန္ခ်က္အရ၊ လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနအေနျဖင့္ COVID-19 ေၾကာင့္ ျပည္သူမ်ား စီးပြားေရးအရ၊ စိတ္ဓါတ္ေရးရာအရ ၾကပ္တည္းျခင္းမ်ားစြာ ရွိေနျခင္းကို အထိုက္အေလ်ာက္ ေျပေလ်ာ့ေစရန္ ၂၀၂၁ခုႏွစ္၊ ဇန္နဝါရီ လ (၃၁) ရက္ေန႔အထိ အိမ္သုံးအမ်ိဳးအစား လွ်ပ္စစ္ဓါတ္အားသုံးစြဲမႈ (၁) ယူနစ္မွ (၁၅၀) ယူနစ္အထိ ဓါတ္အားခ က်သင့္ေငြႏွင့္ မီတာဝန္ေဆာင္ခ အပါအဝင္ ကင္းလြတ္ခြင့္ (အခမဲ့) ျပဳခဲ့ၿပီး ျဖစ္သည္။

၂။ ယခုအခါ COVID-19 ကူးစက္ေရာဂါကပ္ေဘးအျပင္၊ အာဏာသိမ္းစစ္အုပ္စု၏ အဆင္အျခင္မဲ့လုပ္ရပ္မ်ားေၾကာင့္ ျပည္သူ မ်ား ေန႔စဥ္ႏွင့္အမွ် စိတ္ေရာကိုယ္ပါ အတိဒုကၡေရာက္ေနၾကရသည့္အျပင္ လူမႈစီးပြားဘ၀မ်ား မႀကံစဖူး ထူးကဲစြာ အၾကပ္အတည္း ရင္ဆိုင္ေနရသည့္ကာလ ျဖစ္ေသာေၾကာင့္ အိမ္သုံးအမ်ိဳးအစား လွ်ပ္စစ္ ဓါတ္အားသုံးစြဲမႈအတြက္ ဓါတ္အားခက်သင့္ေငြ ႏွင့္ မီတာဝန္ေဆာင္ခအား ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၁) ရက္ေန႔မွစ၍ ေနာက္ထပ္ေၾကညာခ်က္တစ္စုံတစ္ရာ မထုတ္ျပန္မီ အခ်ိန္ အထိ ႁခြင္းခ်က္မရွိ အလုံးစုံ ကင္းလြတ္ခြင့္(အခမဲ့) ျပဳလိုက္သည္။

၃။ အိမ္သုံးမဟုတ္သည့္ အမ်ိဳးအစားမ်ားအတြက္ ဓါတ္အားခက်သင့္ေငြႏွင့္ အျခားဝန္ေဆာင္ခမ်ား ေကာက္ခံျခင္းအား ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၁)ရက္ေန႔မွစ၍ ေနာက္ထပ္ေၾကညာခ်က္တစ္စုံတစ္ရာ မထုတ္ျပန္မီ အခ်ိန္အထိ ေခတၱဆိုင္းငံ့ ထားလိုက္ သည္။

၄။ သို႔ပါ၍ အိမ္သုံးအမ်ိဳးအစား လွ်ပ္စစ္ဓါတ္အားခက်သင့္ေငြ ႏွင့္ မီတာဝန္ေဆာင္ခအား ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၁) ရက္ေန႔မွစ၍ သုံးစြဲမႈယူနစ္အားလုံးအတြက္ လုံး၀(လုံး၀) ေပးေဆာင္ရန္မလိုဘဲ၊ အိမ္သုံးမဟုတ္သည့္ အမ်ိဳးအစားမ်ားအတြက္ ေပးေဆာင္ရမည့္ ဓါတ္အားခက်သင့္ေငြႏွင့္ အျခားဝန္ေဆာင္ခ မ်ားကို ေပးေဆာင္ျခင္းမျပဳဘဲ ဆိုင္းငံ့ထားၾကရန္ ျဖစ္သည္။

Leave a Reply

Your email address will not be published. Required fields are marked *