မြတ်နိုးတန်ဖိုးထားရလွန်းတဲ့ သင်္ကန်းကို စွန့်ပြီး.. တိုင်းပြည်နဲ့ပြည်သူ့အရေးအတွက် တော်လှန်ရေးတပ်ဖွဲ့ထဲ ဝင်ရောက်ဖြစ်ခဲ့တဲ့ အဓိက အကြောင်းရင်းက..
“အာဏာရှင်တွေက အပြစ်မဲ့တဲ့ ပြည်သူတွေကို နေ့စဉ်နဲ့အမျှ သတ်နေကြတာ ကြားရ တွေ့ရတော့ ရင်ထဲမှာ အရမ်းပူလောင်ခဲ့တယ်၊
ကျွန်တော် ရဟန်းဘဝကို အရမ်းတန်ဖိုးထားခဲ့ပါတယ်၊လူဝတ်လည်း မလဲချင်ပါဘူး၊ဒါပေမဲ့ ပြည်သူတွေကသေနေပြီး ပြည်သူတွေရဲ့ ဆွမ်း ထမင်းကို စားနေရတာ လုံးဝအဆင်မပြေတော့ပါဘူး၊
ဒါကြောင့် မှန်ကန်တဲ့ရွေးချယ်မှု ကို ရွေးချယ်ခဲ့ရခြင်း ဖြစ်ပါသည်။အာဏာရှင်တွေ ကြောင့်အပြစ်မဲ့တဲ့ ဒကာ ဒကာမ၊ ပြည်သူလူထုတွေ တစ်နေ့ပြီးတစ်နေ့ သေကြတယ်၊
ဖမ်းစီးခြင်းခံကြရတယ်၊ကြေကွဲမှုများစွာကို ရင်ဆိုင်နေရရှာတယ်၊ဒါကြောင့်ပြည်သူတွေ ကျွေးတဲ့(ဆွမ်း) ထမင်းကို စားခဲ့ဖူးတဲ့ကျွန်တော် ပြည်သူတွေအတွက် ကျွန်တော့် အသက်ကို ရင်းရမှာ မကြောက်ပါဘူး
အရမ်းကျေနပ်ပါတယ်”နောက်ဆုတ်ဖို့ အင်အားမရှိ၊ ရှေ့ဆက်ဖို့အင်အား အပြည့်ရှိတယ်၊အာဏာရှင်ကျရှုံးတဲ့အထိ အသက်ပေးတိုက်မယ်၊၂၀၂၁ မှာအာဏာရှင်စနစ်ကျရှုံးမယ်ဆိုတာ ကျွန်တော်တို့ တော်လှန်ရေးသမားတွေ ယုံကြည်တယ်၊နိုင်ကိုနိုင်ရမည်ဟု ပြောကြားခဲ့ပါသည်။
Zawgyi
ျမတ္ႏိုးတန္ဖိုးထားရလြန္းတဲ့ သကၤန္းကို စြန္႔ၿပီး.. တိုင္းျပည္နဲ႔ျပည္သူ႔အေရးအတြက္ ေတာ္လွန္ေရးတပ္ဖြဲ႕ထဲ ဝင္ေရာက္ျဖစ္ခဲ့တဲ့ အဓိက အေၾကာင္းရင္းက..
“အာဏာရွင္ေတြက အျပစ္မဲ့တဲ့ ျပည္သူေတြကို ေန႔စဥ္နဲ႔အမွ် သတ္ေနၾကတာ ၾကားရ ေတြ႕ရေတာ့ ရင္ထဲမွာ အရမ္းပူေလာင္ခဲ့တယ္၊
ကြၽန္ေတာ္ ရဟန္းဘဝကို အရမ္းတန္ဖိုးထားခဲ့ပါတယ္၊လူဝတ္လည္း မလဲခ်င္ပါဘူး၊ဒါေပမဲ့ ျပည္သူေတြကေသေနၿပီး ျပည္သူေတြရဲ႕ ဆြမ္း ထမင္းကို စားေနရတာ လုံးဝအဆင္မေျပေတာ့ပါဘူး၊
ဒါေၾကာင့္ မွန္ကန္တဲ့ေ႐ြးခ်ယ္မႈ ကို ေ႐ြးခ်ယ္ခဲ့ရျခင္း ျဖစ္ပါသည္။အာဏာရွင္ေတြ ေၾကာင့္အျပစ္မဲ့တဲ့ ဒကာ ဒကာမ၊ ျပည္သူလူထုေတြ တစ္ေန႔ၿပီးတစ္ေန႔ ေသၾကတယ္၊
ဖမ္းစီးျခင္းခံၾကရတယ္၊ေၾကကြဲမႈမ်ားစြာကို ရင္ဆိုင္ေနရရွာတယ္၊ဒါေၾကာင့္ျပည္သူေတြ ေကြၽးတဲ့(ဆြမ္း) ထမင္းကို စားခဲ့ဖူးတဲ့ကြၽန္ေတာ္ ျပည္သူေတြအတြက္ ကြၽန္ေတာ့္ အသက္ကို ရင္းရမွာ မေၾကာက္ပါဘူး
အရမ္းေက်နပ္ပါတယ္”ေနာက္ဆုတ္ဖို႔ အင္အားမရွိ၊ ေရွ႕ဆက္ဖို႔အင္အား အျပည့္ရွိတယ္၊အာဏာရွင္က်ရႈံးတဲ့အထိ အသက္ေပးတိုက္မယ္၊၂၀၂၁ မွာအာဏာရွင္စနစ္က်ရႈံးမယ္ဆိုတာ ကြၽန္ေတာ္တို႔ ေတာ္လွန္ေရးသမားေတြ ယုံၾကည္တယ္၊ႏိုင္ကိုႏိုင္ရမည္ဟု ေျပာၾကားခဲ့ပါသည္။