အီရန်ကိုကျော်လွန်ပြီး ကမ္ဘာ့ငွေကြေးအဖောင်းပွဆုံး ၁၀ နိုင်ငံစာရင်းထဲ ရောက်ရှိသွားပြီဖြစ်တဲ့ မြန်မာနိုင်ငံ

အီရန်ကိုကျော်လွန်ပြီး ကမ္ဘာ့ငွေကြေးအဖောင်းပွဆုံး ၁၀ နိုင်ငံစာရင်းထဲ ရောက်ရှိသွားပြီဖြစ်တဲ့ မြန်မာနိုင်ငံ

ဩဂုတ်လနောက်ဆုံးသီတင်းပတ်ကထုတ်ပြန်သည့် ဂျွန်စ်ဟော့ပ်ကင်းတက္ကသိုလ် Hanke ငွေကြေးဖောင်းပွမှုအစီရင်ခံစာတွင်

မြန်မာနိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းမှာ ၃၁ ရာခိုင်းနှုန်းရှိကာအီရန်ကိုကျော်လွန်ပြီးကမ္ဘာ့အဆင့် ၉သို့ရောက်ရှိသွားတယ်လို့ဖော်ပြထားပါတယ်။ရွှေဈေးမှာလည်းကျပ် ၁၇သိန်းခွဲခန့်သို့ တက်လာပြီးပြည်ပမှုတင်သွင်းသည့်စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများမှာ ၃၀ ရာခိုင်နှုန်းခန့် ဈေးတက်သွားကြောင်းအီလက်ထရောနစ်ပစ္စည်း တင်သွင်းရောင်းချသူ တစ်ဦးကပြောပါတယ်။

“ဈေးကတော့ရှယ်တက်တာ။အရင်က ၆သိန်းလောက်ဟာကအခု ၈သိန်းနားကပ်သွားတယ်။ စားသောက်ကုန်ဆိုရင်လည်းစားသုံးဆီတွေ ၃၂ ရာခိုင်နှုန်းလောက်ဈေးတက်သွားတယ်” လို့ လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။ဇန်နဝါရီလကုန် ဖေဖော်ဝါရီလဆန်းတွင်ငွေကြေးဖောင်းပွမှုရာခိုင်နှုန်းမှာ ၂ ဒဿမ ၆၁ ရာခိုင်နှုန်းသာ ရှိရာမှ ၃၁ရာခိုင်းနှုန်းသို့ တဟုန်ထိုးထိုးတက်သွားခြင်းဖြစ်ပြီး

ပြင်ပဈေးကွက်တွင်အမေရိကန်ဒေါ်လာလဲလှယ်နှုန်းမှာတစ်ဒေါ်လာလျှင်ကျပ်၁၃၀၀ ကျော်မှ ကျပ် ၁၈၀၀ ကျော်သို့ထိုးတက်သွားပြီးမြန်မာနိုင်ငံ၏ငွေကြေးတန်ဖိုးဇောက်ထိုးကျဆင်းကာကမ္ဘာ့ပေါ်တွင်ငွေကြေးဖောင်းပွမှုအများဆုံး ၁၀နိုင်ငံတွင် နံပါတ် ၉ နေရာသို့ဝင်ရောက်သွားတာဖြစ်ပါတယ်။လက်ရှိဖြစ်ပေါ်နေသည့် ရွှေဈေးနှင့် ဒေါ်လာဈေးမှာ စံချိန်တင်ဈေးအမြင့်ဆုံးဖြစ်နေပြီးမြန်မာ့ငွေကြေးတန်ဖိုးမှာလည်းစံချိန်တင်ကျဆင်းနေခြင်းဖြစ်သည်။

Zawgyi

အီရန္ကိုေက်ာ္လြန္ၿပီး ကမာၻ႔ေငြေၾကးအေဖာင္းပြဆုံး ၁၀ ႏိုင္ငံစာရင္းထဲ ေရာက္ရွိသြားၿပီျဖစ္တဲ့ ျမန္မာႏိုင္ငံ

ဩဂုတ္လေနာက္ဆုံးသီတင္းပတ္ကထုတ္ျပန္သည့္ ဂြၽန္စ္ေဟာ့ပ္ကင္းတကၠသိုလ္ Hanke ေငြေၾကးေဖာင္းပြမႈအစီရင္ခံစာတြင္

ျမန္မာႏိုင္ငံ၏ေငြေၾကးေဖာင္းပြမႈႏႈန္းမွာ ၃၁ ရာခိုင္းႏႈန္းရွိကာအီရန္ကိုေက်ာ္လြန္ၿပီးကမာၻ႔အဆင့္ ၉သို႔ေရာက္ရွိသြားတယ္လို႔ေဖာ္ျပထားပါတယ္။ေ႐ႊေဈးမွာလည္းက်ပ္ ၁၇သိန္းခြဲခန႔္သို႔ တက္လာၿပီးျပည္ပမႈတင္သြင္းသည့္စားေသာက္ကုန္ႏွင့္ လူသုံးကုန္ပစၥည္းမ်ားမွာ ၃၀ ရာခိုင္ႏႈန္းခန႔္ ေဈးတက္သြားေၾကာင္းအီလက္ထေရာနစ္ပစၥည္း တင္သြင္းေရာင္းခ်သူ တစ္ဦးကေျပာပါတယ္။

“ေဈးကေတာ့ရွယ္တက္တာ။အရင္က ၆သိန္းေလာက္ဟာကအခု ၈သိန္းနားကပ္သြားတယ္။ စားေသာက္ကုန္ဆိုရင္လည္းစားသုံးဆီေတြ ၃၂ ရာခိုင္ႏႈန္းေလာက္ေဈးတက္သြားတယ္” လို႔ လုပ္ငန္းရွင္တစ္ဦးကေျပာပါတယ္။ဇန္နဝါရီလကုန္ ေဖေဖာ္ဝါရီလဆန္းတြင္ေငြေၾကးေဖာင္းပြမႈရာခိုင္ႏႈန္းမွာ ၂ ဒႆမ ၆၁ ရာခိုင္ႏႈန္းသာ ရွိရာမွ ၃၁ရာခိုင္းႏႈန္းသို႔ တဟုန္ထိုးထိုးတက္သြားျခင္းျဖစ္ၿပီး

ျပင္ပေဈးကြက္တြင္အေမရိကန္ေဒၚလာလဲလွယ္ႏႈန္းမွာတစ္ေဒၚလာလွ်င္က်ပ္၁၃၀၀ ေက်ာ္မွ က်ပ္ ၁၈၀၀ ေက်ာ္သို႔ထိုးတက္သြားၿပီးျမန္မာႏိုင္ငံ၏ေငြေၾကးတန္ဖိုးေဇာက္ထိုးက်ဆင္းကာကမာၻ႔ေပၚတြင္ေငြေၾကးေဖာင္းပြမႈအမ်ားဆုံး ၁၀ႏိုင္ငံတြင္ နံပါတ္ ၉ ေနရာသို႔ဝင္ေရာက္သြားတာျဖစ္ပါတယ္။လက္ရွိျဖစ္ေပၚေနသည့္ ေ႐ႊေဈးႏွင့္ ေဒၚလာေဈးမွာ စံခ်ိန္တင္ေဈးအျမင့္ဆုံးျဖစ္ေနၿပီးျမန္မာ့ေငြေၾကးတန္ဖိုးမွာလည္းစံခ်ိန္တင္က်ဆင္းေနျခင္းျဖစ္သည္။

Leave a Reply

Your email address will not be published. Required fields are marked *