တော်လှန်ရေးကိုရွေးချယ်ခဲ့လို့ နှစ်ကုန်ရင်ယူမယ်ဆိုတဲ့ ချစ်သူနဲ့ ဝေးကွာခဲ့ရပြီး မိသားစုက အမွေပြတ်စွန့်လွှတ်ခံရတဲ့ တော်လှန်ရေးရဲဘော်တဦး
တော်လှန်ရေးကိုရွေးချယ်ခဲ့လို့ နှစ်ကုန်ရင်ယူမယ်ဆိုတဲ့ ချစ်သူနဲ့ ဝေးကွာခဲ့ရတယ် အချစ်ရဆုံးမိသားစုက အမွေဖြတ်စွန့်လွှတ်တယ်
တော်လှန်ရေးကို ရွေးချယ်ခဲ့လို့ နှစ်ကုန်ရင်ယူမယ်ဆိုတဲ့ ချစ်တဲ့သူနဲ့ဝေးကွာခဲ့ရတယ်
6 နှစ်တည်ဆောက်ခဲ့တဲ့ လုပ်ငန်းတွေ စွန့်ခွာခဲ့ရတယ်
အချစ်ရဆုံးမိသားစုက အမွေပြတ်စွန့်လွှတ်ခဲ့တယ်
ရှေ့ဆက်လျှောက်ဖို့ စိတ်ကလွဲပီးဘာမှမကျန်တော့
တော်လှန်ရေးကိုဦးစားပေးခဲ့လို့ စွန့်ပစ်ခဲ့သူ ချစ်သူကိုလဲ အပစ်မမြင်ရက်သလို
စွန့်ပစ်ခဲ့တဲ့မိသားစုလဲ မငြိုငြင်ရက်ဘူး
ခုတော့သူတို့တွေ ကမာသစ်တစ်ခုမှာပျော်နေမယ်ထင်ပါတယ်
အားလုံးကိုကျေးဇူးတင်ပါတယ်
စိတ်ဓါတ်ကျပီး သေချင်သေပစေဆိုပီး တိုက်ခဲ့တဲ့ တိုက်ပွဲတိုင်းမှာ
အတွေ့ကြုံတွေရပီး စစ်ရေးကိုနားလည်ခဲ့တယ်
အသက်သေပါစေဆိုပြီးပြောသူက ခုထိရှင်သန်ခွင့်ရနေတုန်း
ပြည်သူ့စစ်သားဖြစ်ဖို့ ပေးဆပ်ခြင်းတွေကနေ အားဖြစ်စေပီ
တိုက်ပွဲအတွေ့ကြုံတွေရခဲ့တယ်
တော်လှန်ခြင်း ဒီမိုကရေစီရဖို့
တန်းတူအခွင့်ရေးရဖို့အတွက် ပေးဆပ်ရတာ
တကယ်ကို မလွယ်ကူလှပါဘူး
pdfတွေကိုတန်ဖိုးထားကြဖို့ များများလှူကြဖို့
ကိုယ်တွေ့ ဒီစာလေးနဲ့.တိုက်တွန်းပါရစေဗျာ
Zawgyi