ရွှေရူပါဦးကို တပ်တွင်းဝင်ရောက်ခွင့်မပြုရန် အမိန်ထုတ်ပြန်ထား
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ အခြေစိုက်သော မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်
သရုပ်ဆောင်နှင့် မော်ဒယ်တစ်ဦးဖြစ်သူ ရွှေရူပါဦးကို စစ်ဌာနချုပ်ရုံးအတွင်းသို့
မည်သည့်အကြောင်းပြချက်နှင့်မျှ ဝင်ခွင့်မပြုရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး
ဗိုလ်မှူးချုပ်မြတ်သက်ဦးက ယနေ့နံနက် ၇ နာရီခန့်က တိုင်းရုံးအရာရှိများကို အမိန့်ထုတ်ပြန်ညွှန်ကြားထားကြောင်း သိရသည်။
လွန်ခဲ့သည့် ရက်ပိုင်းအတွင်း မော်ဒယ်သရုပ်ဆောင်ရွှေရူပါဦးနှင့် ဓာတ်ပုံတွဲရိုက်ခဲ့သည့်
အရာရှိများ ထူးဆန်းစွာ ကျဆုံးခဲ့သည့်ကိစ္စနှင့်ပတ်သက်ပြီး
လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ပျံ့နှံ့လျက်ရှိရာ ၎င်းညွှန်ကြားချက်ကို ထုတ်ပြန်ခြင်းဖြစ်နိုင်သည်ဟု
တပ်မတော်ထိပ်ပိုင်းနှင့်နီးစပ်သူများက သုံးသပ်ခဲ့ကြသည်။
တိုင်း / ပြည်နယ် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ရုံးများတွင်လည်
ထိုနည်းတူ ညွှန်ကြားချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။
Zawgyi
ေ႐ႊ႐ူပါဦးကို တပ္တြင္းဝင္ေရာက္ခြင့္မျပဳရန္ အမိန္ထုတ္ျပန္ထား
ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕၌ အေျခစိုက္ေသာ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တြင္
သ႐ုပ္ေဆာင္ႏွင့္ ေမာ္ဒယ္တစ္ဦးျဖစ္သူ ေ႐ႊ႐ူပါဦးကို စစ္ဌာနခ်ဳပ္႐ုံးအတြင္းသို႔
မည္သည့္အေၾကာင္းျပခ်က္ႏွင့္မွ် ဝင္ခြင့္မျပဳရန္ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး
ဗိုလ္မႉးခ်ဳပ္ျမတ္သက္ဦးက ယေန႔နံနက္ ၇ နာရီခန႔္က တိုင္း႐ုံးအရာရွိမ်ားကို အမိန႔္ထုတ္ျပန္ၫႊန္ၾကားထားေၾကာင္း သိရသည္။
လြန္ခဲ့သည့္ ရက္ပိုင္းအတြင္း ေမာ္ဒယ္သ႐ုပ္ေဆာင္ေ႐ႊ႐ူပါဦးႏွင့္ ဓာတ္ပုံတြဲ႐ိုက္ခဲ့သည့္
အရာရွိမ်ား ထူးဆန္းစြာ က်ဆုံးခဲ့သည့္ကိစၥႏွင့္ပတ္သက္ၿပီး
လူမႈကြန္ယက္စာမ်က္ႏွာေပၚတြင္ ပ်ံ႕ႏွံ႔လ်က္ရွိရာ ၎ၫႊန္ၾကားခ်က္ကို ထုတ္ျပန္ျခင္းျဖစ္ႏိုင္သည္ဟု
တပ္မေတာ္ထိပ္ပိုင္းႏွင့္နီးစပ္သူမ်ားက သုံးသပ္ခဲ့ၾကသည္။
တိုင္း / ျပည္နယ္ အထူးစုံစမ္းစစ္ေဆးေရးဦးစီးဌာန ႐ုံးမ်ားတြင္လည္
ထိုနည္းတူ ၫႊန္ၾကားခ်က္မ်ား ထုတ္ျပန္ထားေၾကာင္း သိရသည္။