တော်လှန်ရေးကြီး အောင်မြင်နိုင်ဖို့အတွက် ပြည်သူတွေလုပ်သင့်တဲ့အရာတွေကို ပြောပြတိုက်တွန်း​လာတဲ့ မူးလာ..

တော်လှန်ရေးကြီး အောင်မြင်နိုင်ဖို့အတွက် ပြည်သူတွေလုပ်သင့်တဲ့အရာတွေကို ပြောပြတိုက်တွန်း​လာတဲ့ မူးလာ..

Myanmar Idol ပြိုင်ပွဲကနေတစ်ဆင့် အနုပညာလောကထဲ ထိုးဖောက်ဝင်ရောက်လာခဲ့တဲ့ အဆိုတော်မူးလာကတော့ လက်ရှိမှာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။

အရေးတော်ပုံကြီး စတင်ခဲ့တဲ့ ဖေဖော်ဝါရီလအစပိုင်းကတည်းက လမ်းပေါ်ထွက်လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့သလို အခုအချိန်မှာလည်း လွတ်မြောက်နယ်မြေကနေ အစွမ်းကုန်ကြိုးစားပါဝင်နေတာ ဖြစ်ပါတယ်။မူးလာကတော့ လွတ်မြောက်နယ်မြေရောက်ရှိနေတဲ့ အချိန်မှာလည်း သီချင်းတွေရေးကာ သူ့ရဲ့အနုပညာအလုပ်တွေနဲ့ ပြည်သူတွေကို စိတ်ခွန်အားပေးနေပြီး

တော်လှန်ရေးရဲဘော်တွေရဲ့ လိုအပ်ချက်တွေကိုလည်း တတ်နိုင်သမျှ လှူဒါန်းပေးနေတာဖြစ်ပါတယ်။ NUGအစိုးရဘက်ကနေ ဒီဒေးကြေငြာလိုက်ပြီးနောက်မှာတော့ပြည်သူတွေအနေနဲ့လည်း ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထားကြဖို့ လိုပါတယ်။မူးလာကလည်း သူ့ရဲ့ Facebookစာမျက်နှာကနေ ဒီဒေးကြေငြာလိုက်ပြီဖြစ်လို့

ပြည်သူတွေအနေနဲ့ သတိကြီးကြီးထားကြဖို့လိုကြောင်း၊ ကြောက်ဖို့မလိုပဲ တစ်ဦးတစ်ယောက်စီ ဝိုင်းဝန်းကူညီ ထောက်ပံ့ပေးကြဖို့လိုကြောင်း ပြောလာခဲ့ပါတယ်။ဒါမှသာ ဖယ်ဒရယ်နိုင်ငံသစ်ဆီကို ဦးတည်နိုင်မှာ ဖြစ်ကြောင်းကိုလည်း စည်းလုံးဖို့ ပြောပြ တင်ပေးလာခဲ့တာဖြစ်ပါတယ်နော် ပရိသတ်ကြီး။

Zawgyi

ေတာ္လွန္ေရးႀကီး ေအာင္ျမင္ႏိုင္ဖို႔အတြက္ ျပည္သူေတြလုပ္သင့္တဲ့အရာေတြကို ေျပာျပတိုက္တြန္း​လာတဲ့ မူးလာ..

Myanmar Idol ၿပိဳင္ပြဲကေနတစ္ဆင့္ အႏုပညာေလာကထဲ ထိုးေဖာက္ဝင္ေရာက္လာခဲ့တဲ့ အဆိုေတာ္မူးလာကေတာ့ လက္ရွိမွာ လြတ္ေျမာက္နယ္ေျမကို ေရာက္ရွိေနၿပီပဲ ျဖစ္ပါတယ္။

အေရးေတာ္ပုံႀကီး စတင္ခဲ့တဲ့ ေဖေဖာ္ဝါရီလအစပိုင္းကတည္းက လမ္းေပၚထြက္လူထုလႈပ္ရွားမႈေတြမွာ တက္တက္ႂကြႂကြပါဝင္ခဲ့သလို အခုအခ်ိန္မွာလည္း လြတ္ေျမာက္နယ္ေျမကေန အစြမ္းကုန္ႀကိဳးစားပါဝင္ေနတာ ျဖစ္ပါတယ္။မူးလာကေတာ့ လြတ္ေျမာက္နယ္ေျမေရာက္ရွိေနတဲ့ အခ်ိန္မွာလည္း သီခ်င္းေတြေရးကာ သူ႔ရဲ႕အႏုပညာအလုပ္ေတြနဲ႔ ျပည္သူေတြကို စိတ္ခြန္အားေပးေနၿပီး

ေတာ္လွန္ေရးရဲေဘာ္ေတြရဲ႕ လိုအပ္ခ်က္ေတြကိုလည္း တတ္ႏိုင္သမွ် လႉဒါန္းေပးေနတာျဖစ္ပါတယ္။ NUGအစိုးရဘက္ကေန ဒီေဒးေၾကျငာလိုက္ၿပီးေနာက္မွာေတာ့ျပည္သူေတြအေနနဲ႔လည္း ျပင္ဆင္စရာရွိတာေတြ ျပင္ဆင္ထားၾကဖို႔ လိုပါတယ္။မူးလာကလည္း သူ႔ရဲ႕ Facebookစာမ်က္ႏွာကေန ဒီေဒးေၾကျငာလိုက္ၿပီျဖစ္လို႔

ျပည္သူေတြအေနနဲ႔ သတိႀကီးႀကီးထားၾကဖို႔လိုေၾကာင္း၊ ေၾကာက္ဖို႔မလိုပဲ တစ္ဦးတစ္ေယာက္စီ ဝိုင္းဝန္းကူညီ ေထာက္ပံ့ေပးၾကဖို႔လိုေၾကာင္း ေျပာလာခဲ့ပါတယ္။ဒါမွသာ ဖယ္ဒရယ္ႏိုင္ငံသစ္ဆီကို ဦးတည္ႏိုင္မွာ ျဖစ္ေၾကာင္းကိုလည္း စည္းလုံးဖို႔ ေျပာျပ တင္ေပးလာခဲ့တာျဖစ္ပါတယ္ေနာ္ ပရိသတ္ႀကီး။

Leave a Reply

Your email address will not be published. Required fields are marked *