ထောင်ထဲမှာ အတူနေ အခန်းဖော် ပြောပြတဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင်ရဲ့ အကြောင်း
ဒီနေ့ အထဲကို မအူဝဲရောက်နေတာ ၅ လပြည့်တဲ့နေ့လေးအမနဲ့ပက်သက်ပီးစာလေးနဲနဲလေးရေးချင်လာတာရယ် ဘဝတကွေ့မှာ ကြုံခဲ့ဖူးတဲ့ ဘဝမှာ အမလောက်အေးချမ်းတဲ့မင်းသမီးမျိုးတကယ့်ကို မမြင်ခဲ့ဖူးဘူး
ရူပါအထဲရောက်ပီး ၂ ပတ်လောက်နေတော့ အမတို့ရောက်လာခဲ့တယ်။ တစ်ခန်းထဲတူတူနေခဲ့ရပြီး အနေနီးကပ်ခဲ့တဲ့ချိန် အမစိတ်လေးတွေအများကြီးသိခဲ့ရတယ်။
ရူပါတို့ အားလုံးအိပ်နေချိန် မနက်လေးနာရီဆို အမကနိုးပြီးလို့ ရှိသမျှ ပဌာန်း မဟာသမယသုတ် ပရိတ်ကြီး (၁၁) သုတ် အကုန်ရှီခိုးပီးသွားပြီ။ တစ်နေ့လုံးပုတီးလေးစိတ်ပီး ဘယ်အရာပေါ်မှ သူမကောင်းမြင်ခြင်း၊ ငြီးငြူခြင်း၊ တစိုးတစိမှမရှိ။ သူရောက်နေတဲ့နေရာမှာ သူအဆင်မပြေလဲ ဘယ်သူ့ကိုမှ ငြီးငြူနေတာ၊ ငြိုငြင်နေတာမျိုးမရှိခဲ့ဘူး။
ဘယ်သူ့အကြောင်းကိုမှလဲ သူ့နှုတ်ကနေ ထွက်လေ့မရှိ။ သူမသိတာဆိုလဲ အူဝဲမသိဖူးဆိုတာလေးနဲ့ ဘယ်လိုတောင်ဖြူစင်မှန်းမသိသော ကလေးတယောက်လို။
သားသမီးနဲ့ပက်သက်လာရင်တော့ ရင်ထဲမှာဟန်မဆောင်နိုင်အောင်ပဲ ငိုကြွေးတတ်တယ်။ မှတ်မှတ်ရရ သားသားမွေးနေ့တုံးက မနက်ဘုရားရှိခိုးပီး တစ်ယောက်ထဲကြိတ်ငိုနေရရှာတဲ့ချစ်သောအမပါ။ အခုပြန်တွေးတိုင်းလဲ ရင်ထဲတကယ့်ကိုဆို့နစ်နေတာပါပဲ။
ဟိုးအရင်ကတည်းက ကလေးတွေကို သိပ်ချစ်၊သိပ်ဂရုစိုက်တာလို့ ကြားဖူးထားတဲ့ အမက ခုလို သူသိပ်ချစ်တဲ့ အမေ၊သူသိပ်ချစ်တဲ့ ကလေးတွေနဲ့အကြာကြီးခွဲနေ နေရတာ၊ မမြင်ရ မတွေ့ရ၊မကြားရ နေနေရတာသူ့အတွက် ဘယ်လောက်တောင် ခက်ခဲနေမလဲဆိုတာ ခံစားလို့လဲရတယ်၊ကိုယ်တိုင်လည်း မြင်ခဲ့ရလို့ ပိုခံစားရတယ်သူ ခုချိန်ထိ ကောင်းကောင်းသည်းခံနေနိုင်မယ်ဆိုတာသိပေမဲ့သူဘယ်လောက်ပြန် တွေ့ချင်နေလိမ့်မလဲဆိုတာလဲ အရမ်းသိတယ်
ဘဝတကွေ့မှာ အမနဲ့အတူတူဆုံခဲ့ရဖူးတာ ကောင်းသောသင်ခန်းစာတွေအများကြီးရခဲ့ပါတယ်။လူတွေအများကြီးကြားထဲမှာဘယ်သူ့ရဲ့ဘဝကိုဖြစ်ဖြစ် စာနာတတ်ပြီးမျက်ရည်တွေကျအောင် ခံစားတတ်တဲ့စိတ်ထားနူးညံ့လွန်းသူပါ။ လူ့ဘဝမှာ တကယ့်ကိုနေတတ်ခြင်းနဲ့ပြည့်စုံလွန်းတဲ့ မင်းသမီး
ကိုယ်တိုင်ခံစားဖူးတဲ့သူတစ်ယောက်မို့လို့ အမကိုအမြန်ဆုံး ပြန်လာစေချင်တယ်။ သူ့ဘဝမှာ အရေးကြီးဆုံးက ဒီမိသားစုလေးပဲဆိုတဲ့ အမကို အရင်လို မိသားစုပျော်ပျော်ရွှင်ရွှင်လေး ပြန်နေတာကို မြင်ချင်တယ်။
အမကိုအမြန်ဆုံးလွှတ်ပေးဖို့တကယ့်ကိုတောင်းဆိုချင်ပါတယ် ချစ်ရတဲ့အမအမြန်ဆုံး ပြန်လွတ်ပါစေ
Zawgyi
ေထာင္ထဲမွာ အတူေန အခန္းေဖာ္ ေျပာျပတဲ့ အကယ္ဒမီ အိျႏၵာေက်ာ္ဇင္ရဲ႕ အေၾကာင္း
ဒီေန႔ အထဲကို မအူဝဲေရာက္ေနတာ ၅ လျပည့္တဲ့ေန႔ေလးအမနဲ႔ပက္သက္ပီးစာေလးနဲနဲေလးေရးခ်င္လာတာရယ္ ဘဝတေကြ႕မွာ ႀကဳံခဲ့ဖူးတဲ့ ဘဝမွာ အမေလာက္ေအးခ်မ္းတဲ့မင္းသမီးမ်ိဳးတကယ့္ကို မျမင္ခဲ့ဖူးဘူး
႐ူပါအထဲေရာက္ပီး ၂ ပတ္ေလာက္ေနေတာ့ အမတို႔ေရာက္လာခဲ့တယ္။ တစ္ခန္းထဲတူတူေနခဲ့ရၿပီး အေနနီးကပ္ခဲ့တဲ့ခ်ိန္ အမစိတ္ေလးေတြအမ်ားႀကီးသိခဲ့ရတယ္။
႐ူပါတို႔ အားလုံးအိပ္ေနခ်ိန္ မနက္ေလးနာရီဆို အမကႏိုးၿပီးလို႔ ရွိသမွ် ပဌာန္း မဟာသမယသုတ္ ပရိတ္ႀကီး (၁၁) သုတ္ အကုန္ရွီခိုးပီးသြားၿပီ။ တစ္ေန႔လုံးပုတီးေလးစိတ္ပီး ဘယ္အရာေပၚမွ သူမေကာင္းျမင္ျခင္း၊ ၿငီးျငဴျခင္း၊ တစိုးတစိမွမရွိ။ သူေရာက္ေနတဲ့ေနရာမွာ သူအဆင္မေျပလဲ ဘယ္သူ႔ကိုမွ ၿငီးျငဴေနတာ၊ ၿငိဳျငင္ေနတာမ်ိဳးမရွိခဲ့ဘူး။
ဘယ္သူ႔အေၾကာင္းကိုမွလဲ သူ႔ႏႈတ္ကေန ထြက္ေလ့မရွိ။ သူမသိတာဆိုလဲ အူဝဲမသိဖူးဆိုတာေလးနဲ႔ ဘယ္လိုေတာင္ျဖဴစင္မွန္းမသိေသာ ကေလးတေယာက္လို။
သားသမီးနဲ႔ပက္သက္လာရင္ေတာ့ ရင္ထဲမွာဟန္မေဆာင္ႏိုင္ေအာင္ပဲ ငိုေႂကြးတတ္တယ္။ မွတ္မွတ္ရရ သားသားေမြးေန႔တုံးက မနက္ဘုရားရွိခိုးပီး တစ္ေယာက္ထဲႀကိတ္ငိုေနရရွာတဲ့ခ်စ္ေသာအမပါ။ အခုျပန္ေတြးတိုင္းလဲ ရင္ထဲတကယ့္ကိုဆို႔နစ္ေနတာပါပဲ။
ဟိုးအရင္ကတည္းက ကေလးေတြကို သိပ္ခ်စ္၊သိပ္ဂ႐ုစိုက္တာလို႔ ၾကားဖူးထားတဲ့ အမက ခုလို သူသိပ္ခ်စ္တဲ့ အေမ၊သူသိပ္ခ်စ္တဲ့ ကေလးေတြနဲ႔အၾကာႀကီးခြဲေန ေနရတာ၊ မျမင္ရ မေတြ႕ရ၊မၾကားရ ေနေနရတာသူ႔အတြက္ ဘယ္ေလာက္ေတာင္ ခက္ခဲေနမလဲဆိုတာ ခံစားလို႔လဲရတယ္၊ကိုယ္တိုင္လည္း ျမင္ခဲ့ရလို႔ ပိုခံစားရတယ္သူ ခုခ်ိန္ထိ ေကာင္းေကာင္းသည္းခံေနႏိုင္မယ္ဆိုတာသိေပမဲ့သူဘယ္ေလာက္ျပန္ ေတြ႕ခ်င္ေနလိမ့္မလဲဆိုတာလဲ အရမ္းသိတယ္
ဘဝတေကြ႕မွာ အမနဲ႔အတူတူဆုံခဲ့ရဖူးတာ ေကာင္းေသာသင္ခန္းစာေတြအမ်ားႀကီးရခဲ့ပါတယ္။လူေတြအမ်ားႀကီးၾကားထဲမွာဘယ္သူ႔ရဲ႕ဘဝကိုျဖစ္ျဖစ္ စာနာတတ္ၿပီးမ်က္ရည္ေတြက်ေအာင္ ခံစားတတ္တဲ့စိတ္ထားႏူးညံ့လြန္းသူပါ။ လူ႔ဘဝမွာ တကယ့္ကိုေနတတ္ျခင္းနဲ႔ျပည့္စုံလြန္းတဲ့ မင္းသမီး
ကိုယ္တိုင္ခံစားဖူးတဲ့သူတစ္ေယာက္မို႔လို႔ အမကိုအျမန္ဆုံး ျပန္လာေစခ်င္တယ္။ သူ႔ဘဝမွာ အေရးႀကီးဆုံးက ဒီမိသားစုေလးပဲဆိုတဲ့ အမက္ို အရင္လို မိသားစုေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေလး ျပန္ေနတာကို ျမင္ခ်င္တယ္။
အမကိုအျမန္ဆုံးလႊတ္ေပးဖို႔တကယ့္ကိုေတာင္းဆိုခ်င္ပါတယ္ ခ်စ္ရတဲ့အမအျမန္ဆုံး ျပန္လြတ္ပါေစ