မိခင်ကြီး ဆုံးပါးသွားတာတောင် အနားမှာ နေမပေးနိုင်ခဲ့ဘဲ တစ်လပြည့်မှ ကောင်းမှုကုသိုလ်လေး ပြုလုပ်ပေးနိုင်ခဲ့တဲ့ pdfရဲဘော်လေး

မိခင်ကြီး ဆုံးပါးသွားတာတောင် အနားမှာ နေမပေးနိုင်ခဲ့ဘဲ တစ်လပြည့်မှ ကောင်းမှုကုသိုလ်လေး ပြုလုပ်ပေးနိုင်ခဲ့တဲ့ pdfရဲဘော်လေး

လူငယ်တွေကတော့ အခုချိန်မှာ မိသားစုနဲ့ခွဲခွါနေရပြီး အသက်ကိုလည်း စွန့်လွှတ်ထားကြတာဖြစ်ပါတယ်။

အခုဆိုရင် NUG ရဲ့ ယာယီသမ္မတက D Day ကိုကြေငြာသွားပြီဖြစ်လို့ ပြည်သူတွေလည်း အစစအရာရာကိုကြိုတင်ပြင်ဆင်နေကြတာပဲဖြစ်ပါတယ်။

ဒါ့အပြင် ပီဒီအက်တွေလိုအပ်မယ့်အရာတွေကိုလည်း တက်နိုင်သလောက်ထောက်ပံ့ပေးနေတာဖြစ်ပါတယ်။လူငယ်အချင်းချင်းကလည်း အခုချိန်မှာ အပြန်အလှန်အားပေးရင်းရှေ့ဆက်ရင်ဆိုင်နေကြတာပဲဖြစ်ပါတယ်။

ပီဒီအက်လူငယ်လေးတစ်ဦးဆိုရင် လွန်ခဲ့တဲ့လကမှ မိခင်ကို ဆုံးရှုံးလိုက်ရပြီး နေမကောင်းနေချိန်မှာတောင် ဘေးနားမှာပြုစုခွင့်မရလိုက်တာပဲဖြစ်ပါတယ်။

ဆုံးပါးသွားတဲ့ မိခင်ရဲ့နောက်ဆုံးခရကို ပြန်မယ့်အစား တစ်မိသားစုလုံးရဲ့လုံခြုံရေးနဲ့ ရဲဘော်တွေရဲ့ကျန်းမာရေးကိုသာ ဦးစားပေးခဲ့တာဖြစ်ပါတယ်။

ဒါ့ကြောင့် အဲ့ဒီလူငယ်လေးကတော့ မိခင်ရဲ့နောက်ဆုံးခရီးကိုတောင် လိုက်ပို့ခွင့်မရတဲ့အပြင် ကုသိုလ်ကောင်းမှူတွေကိုလည်း မိသားစုနဲ့အတူမလုပ်ဆောင်ခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကတော့ PDF လူငယ်လေးက ကွယ်လွန်သွားပြီဖြစ်တဲ့မိခင်ကို ရည်စူးပြီး ကိုဗစ်ရောဂါစစ်ဆေးရေးကိရိယာတွေနဲ့ အောက်ဆီဂျင်စက်တွေ၊အရေးပေါ်ဆေးဝါးတွေကို လှူဒါန်းခဲ့တာဖြစ်ပါတယ်။

တိုင်းရင်းသားကျေးရွာလေးတွေက ကျန်းမာရေးအတွက်လည် မပြည့်မစုံရှိတာကြောင့် အခုလိုမျိုးလိုအပ်တာတွေကိုစီစဉ်ပေးခဲ့တာဖြစ်ပါတယ်။

လူငယ်လေးရဲ့ ယခုကုသိုလ်ကြောင့် မိခင်ဖြစ်သူလည်း ကောင်းရာမွန်ရာမှာ ရှိနေနိုင်ပါစေ၊ မိသားစုနဲ့အတူအမြန်ပြန်ဆုံဆည်းပါစေလို့ ဆုတောင်းရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Zawgyi











Leave a Reply

Your email address will not be published. Required fields are marked *