ကျဆုံးတပ်ရင်းမှူး ဗိုလ်မှူးတစ်ဦးရဲ့ဇနီးမှ ရင်ဖွင့်ပေါက်ကွဲ​လာခဲ့သော စစ်ကောင်စီတပ်၏ စာနာစိတ်ကင်းမဲ့သော လုပ်ရပ် တစ်ခု

ကျဆုံးတပ်ရင်းမှူး ဗိုလ်မှူးတစ်ဦးရဲ့ဇနီးမှ ရင်ဖွင့်ပေါက်ကွဲ​လာခဲ့သော စစ်ကောင်စီတပ်၏ စာနာစိတ်ကင်းမဲ့သော လုပ်ရပ် တစ်ခု

စစ်ကိုင်းအခြေစိုက် အမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ်လက်အောက်ခံ အမှတ်(၁၂၀) ခြေမြန်တပ်ရင်းရဲ့ ဒုတိယတပ်ရင်းမှူးဖြစ်သူ ဗိုလ်မှူးကြည်လင်းနိုင်ဟာကချင်ပြည်နယ်ထဲမှာ စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေရင်း တိုက်ပွဲတစ်ခုမှာ ကျဆုံးခဲ့တယ်။ဒါပေမယ့် အဆိုပါတပ်ရင်းနဲ့ တပ်မဌာနချုပ်ကနေ အထက်ဌာနနဲ့ စစ်သည်ရဲ့ဇနီးကိုတော့၉၆ပါးသောရောဂါနဲ့ သေဆုံးသွားတယ်လို့ တင်ပြအကြောင်းကြားထားပုံပါပဲ။

နောက်ဆုံးမှာတော့ ​တစ်ဆင့်စကားတစ်ဆင့်ကြားရာကနေ လင်ဖြစ်တဲ့ ဒုတပ်ရင်းမှူးဟာ ၉၆ ပါးသောရောဂါကြောင့်မဟုတ်ပဲတိုက်ပွဲမှာကျဆုံး ခဲ့ရတာကို သူမ ကြားခဲ့သိခဲ့ရတယ်နဲ့တူပါတယ်။သူမပြောတဲ့ပုံအရဆိုရင် ခမရ (၁၂၀) တပ်ရင်းတစ်ရင်းလုံး KIA ရဲ့ ဝိုင်းပတ်ချေမှုန်းတာ ခံလိုက်ရတဲ့ပုံပေါက်နေတယ်…

ခေါင်းဆောင်မပီသတဲ့သူ သူ့လင်ကိုပစ်ထားပြီး ရဲဘော် ရဲဘက်စိတ်မဲ့ကာ စွန့်ခွာထွက်ပြေးသွားကြတဲ့ အရာရှိစစ်သည်တွေဆိုပြီး ပြစ်ပြစ်နှစ်နှစ် ပြောထားပုံကို ခန့်မှန်းကြည့်ရင်ခမရ(၁၂၀) တပ်ရင်းတစ်ရင်းလုံး ဖွဲ့စည်းပုံပျက်သွားပြီလို့ ပြောရပါမယ်။ အဲလိုတပ်ပျက်သွားတာကို သိက္ခာဆယ်ချင်တဲ့သဘောနဲ့ တိုက်ပွဲမှာကျဆုံးခဲ့တဲ့ အရာရှိကိုတောင်ကျဆုံးတယ်လို့မပြောပဲ ကိုးဆယ့်ခြောက်ပါးသောရောဂါနဲ့ သေဆုံးသွားရတယ်ဆိုပြီး တင်ပြထားတာတော်တော်ကို သိက္ခာမဲ့လွန်းတာပါကိုယ့်ဖာသာဘယ်လို မပေါ်အောင်ဖုံးဖိထား ဖုံးဖိထား အဖြစ်မှန်ဆိုတာ ပေါ်လာရစမြဲပါ။

KIA ကို ဘယ်လိုတိုက်နေတယ် ဘယ်လိုရှင်းနေတယ်ဆိုပြီး ပါးစပ်အရသာခံပြီးပြောနေကြတဲ့ လူတွေသေချာဖတ်ကြ။ ဒုတပ်ရင်းမှူးအဆင့်ရှိတဲ့သူကိုတောင် ပစ်ထားပြီး ပြေးသွားကြတဲ့ စစ်တပ်လေ။ဒီလောက်ကြောက်စရာကောင်းတဲ့ ဖြစ်စဉ်တွေနဲ့စ စ်ပွဲမရပ်ချင်ဘူး အမြစ်ဖြတ်ဆိုသူတွေ နာနာဖတ်ရအောင် ရှယ်ပေးလိုက်ကြပါ

Zawgyi






Leave a Reply

Your email address will not be published. Required fields are marked *