ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ငွေကျပ်သိန်း(၁၀၀၀)နှင့် ရွှေစင်(၁)ကျပ်သားကို အလှူရှင်တစ်ဦးမှ လှူဒါန်း..
လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်သို့ ငွေကျပ်သိန်း(၁၀၀၀)နှင့် ရွှေစင်(၁)ကျပ်သားကို အလှူရှင်တစ်ဦးက ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
ပေးအပ်လှူဒါန်းပွဲကို ရွှေတိဂုံစေတီတော်ရင်ပြင်တော်တောင်ဘက်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ စက်တင်ဘာ(၉)ရက်၊ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များထံက သိရသည်။အလှူရှင်မှာ ရန်ကုန်မြို့၊အမှတ် ၁၃၁(စီ)၊ သံလွင်လမ်း(ဝင်ဒါမီယာ)၊ကမာရွတ်မြို့နယ်နေ
အလှူရှင် ဒေါ်နန်းစမ်ဖောင်းနွဲ့(ခ)ဒေါ်အယ်လ်စီမုန့်မိသားစုတို့ဖြစ်ကြပြီး ရွှေတိဂုံစေတီတော်ထာဝရဘက်စုံအတွက်အလှူတော်ငွေကျပ်သိန်း(၅၀၀)၊ ထာဝရငွေပဒေသာပင်အတွက်အလှူတော်ငွေကျပ် သိန်း(၅၀၀)၊
ရွှေစင်တစ်ကျပ်သားအတွက် ငွေကျပ်(၁၁)သိန်း၊စုစုပေါင်းငွေကျပ်(၁၀၁၁)သိန်း တို့ဖြစ်ကြောင်း ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ကလည်း သတင်းထုတ်ပြန်ထားသည်။
Zawgyi
ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီးသို႔ ေငြက်ပ္သိန္း(၁၀၀၀)ႏွင့္ ေ႐ႊစင္(၁)က်ပ္သားကို အလႉရွင္တစ္ဦးမွ လႉဒါန္း..
ေလးဆူဓာတ္ပုံေ႐ႊတိဂုံေစတီေတာ္သို႔ ေငြက်ပ္သိန္း(၁၀၀၀)ႏွင့္ ေ႐ႊစင္(၁)က်ပ္သားကို အလႉရွင္တစ္ဦးက ေပးအပ္လႉဒါန္းခဲ့ေၾကာင္း သတင္းရရွိသည္။
ေပးအပ္လႉဒါန္းပြဲကို ေ႐ႊတိဂုံေစတီေတာ္ရင္ျပင္ေတာ္ေတာင္ဘက္ရွိ ေရွးေဟာင္းဗုဒၶ႐ုပ္ပြားေတာ္မ်ားတန္ေဆာင္း၌ စက္တင္ဘာ(၉)ရက္၊ နံနက္ပိုင္းက ျပဳလုပ္ခဲ့ေၾကာင္း
ေ႐ႊတိဂုံေစတီေတာ္ ဘ႑ာေတာ္ထိန္းေဂါပကအဖြဲ႕ဝင္မ်ားထံက သိရသည္။အလႉရွင္မွာ ရန္ကုန္ၿမိဳ႕၊အမွတ္ ၁၃၁(စီ)၊ သံလြင္လမ္း(ဝင္ဒါမီယာ)၊ကမာ႐ြတ္ၿမိဳ႕နယ္ေန
အလႉရွင္ ေဒၚနန္းစမ္ေဖာင္းႏြဲ႕(ခ)ေဒၚအယ္လ္စီမုန႔္မိသားစုတို႔ျဖစ္ၾကၿပီး ေ႐ႊတိဂုံေစတီေတာ္ထာဝရဘက္စုံအတြက္အလႉေတာ္ေငြက်ပ္သိန္း(၅၀၀)၊ ထာဝရေငြပေဒသာပင္အတြက္အလႉေတာ္ေငြက်ပ္ သိန္း(၅၀၀)၊
ေ႐ႊစင္တစ္က်ပ္သားအတြက္ ေငြက်ပ္(၁၁)သိန္း၊စုစုေပါင္းေငြက်ပ္(၁၀၁၁)သိန္း တို႔ျဖစ္ေၾကာင္း ေ႐ႊတိဂုံေစတီေတာ္ေဂါပကအဖြဲ႕ကလည္း သတင္းထုတ္ျပန္ထားသည္။