မိသားစုအတွက် ခက်ခဲပင်ပန်းစွာ ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့အကြောင်းတွေကို ရင်ဖွင့်ပြောပြလာတဲ့ ခြူးလေး

မိသားစုအတွက် ခက်ခဲပင်ပန်းစွာ ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့အကြောင်းတွေကို ရင်ဖွင့်ပြောပြလာတဲ့ ခြူးလေး

ကိုဗစ် တတိယလှိုင်းမှာ စိတ်ပူပန်စရာတွေများခဲ့ပြီး ခက်ခဲပင်ပန်းကြီးစွာ ဖြတ်သန်းလာရတာတွေ ရင်ဖွင့်လာတဲ့ “ခြူးလေး”

မင်းသမီးချောလေး ခြူးလေးကတော့ ဟန်ဆောင်မှုကင်းကင်းနဲ့ ပျော်ပျော်နေတတ်သူလေးဖြစ်ပြီး
ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုရရှိနေတဲ့ မင်းသမီးချောလေးပါ။

ခြူးလေးဟာ MRTV-4 ဇာတ်လမ်းတွဲလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့သူဖြစ်ပြီး အခုနောက်ပိုင်းမှာဆိုရင် ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေပါ ရိုက်ကူးလာရတာ ဖြစ်ပါတယ်။

ခြူးလေးက အခုလိုအောင်မြင်မှုတွေရရှိလာအောင် အောက်ခြေကနေ ကြိုးစားရုန်းကန်ခဲ့ရသူလေးဖြစ်ပြီး မကြာသေးမီကတော့ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ

သူမဘဝရဲ့ခက်ခဲ ဝမ်းနည်းစရာနေ့ရက်များအကြောင်းလေးကို ရေးသားလာပါတယ်။သရုပ်ဆောင်ခြူးလေးဟာ လတ်တလော အနုပညာအလုပ်တွေ နားထားရတဲ့အချိန်

အိမ်မှာပဲ မိသားစုကို အချိန်ပေးပြီး ဖြတ်သန်းဖြစ်နေခဲ့တာ ဖြစ်ပါတယ်တဲ့။အဲ့လိုနေပေးရင်း ကိုဗစ်တတိယလှိုင်းမှာ စိတ်ပူပန်စရာတြွေဖစ်ခဲ့ကြောင်းကို အခုလိုပဲပြောပြခဲ့ပါတယ်။

“ကိုဗစ်တတိယလှိုင်း ကတော့ တော်တော်ဆိုးတဲ့ ရောဂါကြီးတခုပါ။ပထမလှိုင်း၊ ဒုတိယလှိုင်းတွေထက် တတိယလှိုင်းက ပိုဆိုးတာပေါ့။

ကိုဗစ် တတိယလှိုင်းမှာ ခြူးလေးကတော့ ဘာမှ ကူးစက်မှုမဖြစ်ခဲ့ပေမယ့် အိမ်ကမိသားစုဝင်တွေ တော်တော်များများ ကူးစက်မှုခံခဲ့ရတယ်။

ရောဂါကူးစက်မှုက တော်တော်ဆိုးရွားခဲ့တယ် အောက်ဆီဂျင်တွေကျတာတို့ အများကြီးပဲပေါ့။အဲ့ဒီအချိန်မှာတော့ မိသားစုကို တော်တော် ဂရုစိုက်လိုက်ရတယ်။

သူတို့နားမှာပဲနေပြီး ကျန်းမားရေးကို စောင့်ရှောက်ပေးဖြစ်တယ်။အဲ့ဒီကာလတွေ မှာတော့ စိတ်ပူပန်စရာတွေများပြီး စိတ်အခြေအနေက တော်တော် အဆင်မပြေဖြစ်ခဲ့တယ်။

အခုတော့ အားလုံးအဆင်ပြေသွားပါပြီ။” လို့ ကပ်ဆိုးကြီးကို ခက်ခက်ခဲခဲ ရင်ဆိုင်ကျော်လွှားခဲ့ရတဲ့ ရက်စွဲများအကြောင်းကို ပြန်ပြောင်းပြောလာတာပဲ ဖြစ်ပါတယ်နော် ပရိသတ်ကြီး။

ကိုဗစ်ကလည်း တော်တော်ဆိုးခဲ့တာဆိုတော့ မိသားစုပေါင်းများစွာ ကွဲကွာခွဲခွာကြရ စိတ်ပင်ပန်းလူပင်ပန်းနဲ့ ငွေကုန်ကြေးကျများကြနဲ့ တကယ့်ကို ခက်ခဲပင်ပန်းလွန်းတဲ့ နေ့ရက်တွေပါနော်။

ခြူးလေးလည်း လူထဲကလူပဲမို့ အများနည်းတူ ပင်ပန်းနွမ်းလျ ခက်ခဲခဲ့မှာ အမှန်ပဲမို့ ပရိသတ်ကြီးရေ အားငယ်နွမ်းလျပင်ပန်းနေရှာမယ့် အချစ်တော်ခြူးလေး အငိုတိတ်အောင် ချော့မြူလို့ အားပေးလိုက်ကြပါအုံးနော်။

Zawgyi















Leave a Reply

Your email address will not be published. Required fields are marked *