ချစ်သူကောင်မချောချောလေးနဲ့ နှစ်ယောက်သားပုံလေးကို ဗီဒီယိုလေးရိုက်ကာတင်ပေးလာတဲ့ မင်းသားချောဟိန်းဝေယံ..
အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတဲ့မင်းသားချော ဟိန်းဝေယံကတော့ ပရိသတ်တွေရဲ့ အားပေးမှုကိုအခိုင်အမာရရှိထားသူ ဖြစ်ပါတယ်။ဟိန်းဝေယံကတော့ မြန်မာဇာတ်လမ်းတွေမှာဆိုရင် ဟာသပိုင်းကိုလည်း ပိုင်နိုင်သလို ဒရမ်မာတွေကို ပိုင်နိုင်စွာသရုပ်ဆောင်တတ်သူလည်း ဖြစ်ပါတယ်နော်ဟိန်းဝေယံက ဖေဖော်ဝါရီလထဲကနေ ပြည်သူတွေကို အလှူတွေလုပ်ရင်းနဲ့ ရပ်တည်လာခဲ့တာ ဖြစ်ပါတယ်။
ဝေဖန်သူတစ်ချို့ကတော့ ဟိန်းဝေယံက စစ်တပ်ကိုထောက်ခံသူဖြစ်တယ်ဆိုပြီး ပြောဆိုနေမှုတွေကိုတော့ ဟိန်းဝေယံက ဖြေရှင်းချက်တော့ ဘာမှပေးမလာပါဘူးနော်လွန်ခဲ့တဲ့စက်တင်ဘာ ၇ ရက်နေ့မှာသတင်းတွေထွက်နေတဲ့ D Days နဲ့ပက်သက်လို့ပြည်သူတွေကို စိတ်ပူတဲ့စာလေး ရေးသားလာခဲ့ပါသေးတယ်။သူရေးသာပြီးနောက်မှာတော့ တပ်ချစ်သူက ခုမှရေးသား လာတယ်ဆိုပြီးလည်း ဝေဖန်မှုတစ်ချို့ရှိခဲ့ပြန်ပါတယ်။
ဒီနေ့လေးမှတော့ မင်းသားဟိန်းဝေယံက သူ့ရဲ့ချစ်သူကို Tiktok လေးနဲ့အလင်းပြလာခဲ့ပါပြီချစ်သူနှစ်ဦးတွဲရိုက်ထားတဲ့ ဗီဒီယိုတွေအောက်မှာတော့ ကောမန့်တွေနဲ့စည်ကားနေပါတော့တယ်။တစ်ချို့ပရိသတ်တွေကတော့ တစ်ကယ်ပဲချစ်သူလားဆိုတဲ့ မေးခွန်းတစ်ချို့ကို မင်းသား ဟိန်းဝေယံက ဘာစာသားနဲ့မှ ပြန်မဖြေပဲ အသည်းပုံလေးနဲ့သာ ပြန် လည်ဖြေကြားပေးခဲ့တာ ဖြစ်ပါတယ်။ပရိသတ်ကြီးလည်း ဟိန်းဝေယံရဲ့ချစ်သူလေးပါတဲ့ Tiktok လေးကိုကြည့်ပြီး လိုက်ဖက်မှူရှိရဲ့လားဆိုတာ ရေးပေး သွားကြပါအုံးနော်..
Zawgyi