လူအယောက်(၂၀၀)ကျော်အတွက် ထမင်းဟင်းတွေ အားရပါးရချက်ပြုတ်လှူဒါန်းခဲ့တဲ့ စူးရှထက်

လူအယောက်(၂၀၀)ကျော်အတွက် ထမင်းဟင်းတွေ အားရပါးရချက်ပြုတ်လှူဒါန်းခဲ့တဲ့ စူးရှထက်

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေရဲ့အားပေးမှုတွေကို အများဆုံးရရှိထားတဲ့ မော်လ်ဒယ်သရုပ်ဆောင်စူးရှထက်ကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေတာ ဖြစ်ပါတယ်..။

စူးရှထက်ကတော့ လမ်းပေါ်ထွက်လူထုလှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ပါဝင်ပြုလုပ်နေပြီး ပြည်သူတွေအတွက် လိုအပ်တဲ့နေရာကနေ လှူဒါန်းမှုတွေလည်း ပြုလုပ်နေတာကို မကြာခဏဆိုသလို တွေ့ရပါတယ်..။

နေ့တိုင်းလိုလို လှူဒါန်းမှုတွေပြုလုပ်ရင်း ကုသိုလ်ယူနေတဲ့ မော်လ်ဒယ်စူးရှထက်ကတော့ ဒီကနေ့မှာလည်း ပြည်သူအယောက် (၂၀၀)ကျော်အတွက် ကိုယ်တိုင်ကိုယ်ကျအပင်ပန်းခံကာ ထမင်းဟင်းတွေချက်ပြုတ်လှူဒါန်းခဲ့ပါတယ်..။

အလှူရှင်တွေထည့်ဝင်လှူဒါန်းထားတဲ့ ငွေကြေးလေးတွေနဲ့ ထမင်းဟင်းတွေသူမကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပြီး လှူဒါန်းခဲ့တာဖြစ်ပြီး ကုသိုလ်ယူပုံရိပ်လေးတွေကိုလည်း စူးရှထက်က ဝေမျှထားပါသေးတယ်..။

“လူအယောက်၂၀၀ကျော်တွက် အလှူလေးကို
ပါဝင်ပေးကျတဲ့ ချစ်ခလေးတို့ကိုလည်း အထူးကျေးဇူးတင်ပါတယ် နောင်လဲဒီထက်မကအလှူဒါန်းတွေလုပ်နိုင်ကျပါစေရှင်🙏🙏🙏နေ့တိုင်စူးဟင်းချက်လှူပါတယ်

နောက်နေ့တွေအတွက် အလှူရှင်များ
Kyawt Kyawt Khaing ၁၀၀၀၀၀
Häy Müñ သူငယ်ချင်းများ ၁၁၀၀၀၀..” ဆိုပြီး သူမတို့ရဲ့အလှူကို ပြန်လည်ဝေမျှထားတာဖြစ်ပါတယ်..။

တော်တော်များများခက်ခဲနေကြတဲ့ လက်ရှိအခြေအနေတွေမှာ ပြည်သူတွေဘက်ကနေ ရပ်တည်ပြီး လှူဒါန်းမှုတွေပြုလုပ်ပေးနေကြတဲ့ စေတနာရှင်တွေနဲ့အတူ ကိုယ်တိုင်အပင်ပန်းခံကာ လှူဒါန်းမှုတွေပြုလုပ်နေတဲ့ စူးရှထက်ကိုအားလုံးက ချီးကျူးနေကြတာပါ..။

Zawgyi









Leave a Reply

Your email address will not be published. Required fields are marked *