ဂန့်ဂေါမှာ ကျဆုံးသွားခဲ့ရတဲ့ ကျောင်းသား လူငယ်လေးတွေနဲ့ပတ်သတ်ပြီး သူတို့ ဆရာမလေးရေးတဲ့ ရင်နင့်ဖွယ်စာ

ဂန့်ဂေါမှာ ကျဆုံးသွားခဲ့ရတဲ့ ကျောင်းသား လူငယ်လေးတွေနဲ့ပတ်သတ်ပြီး သူတို့ ဆရာမလေးရေးတဲ့ ရင်နင့်ဖွယ်စာ

ဒီကနေ့ စက်တင်ဘာ ၁၀ ရက်မနက်ပိုင်းက ဂန့်ဂေါ ပစ်ခတ်မှုမှာ ကျဆုံးသွားခဲ့ရတဲ့

ကျောင်းသား လူငယ်လေးတွေနဲ့ပတ်သတ်ပြီး သူတို့ ဆရာမလေး ရဲ့ ရင်ဖွင့်ရေးသား ခဲ့တဲ့ “စာ”

“ကျမသိပ်ချစ်ရတဲ့အချစ်ဆုံးတပည့်လေးတေ သွားနှင့်အုံးတော့သားတို့ရေ ကောင်းရာအရပ်မှာ

ငြိမ်းချမ်းစွာအနားယူကြပါတော့ ဆရာမ ညဘက်လမ်းလျှောက်ထွက်ရင် ဆရာမလေးတစ်ယောက်ထဲ

ဘယ်ဖြစ်မလဲ ကျွန်တော်တို့လိုက်ခဲ့ပေးမယ် ဘယ်နေရာမှာတွေ့တွေ့ ဆရာမကိုတွေ့ရင်

သူတို့ကိုခနခနဆုံးမတတ်လို့ ဆရာမလေး တပည့်မိုက်လေးတေဆိုပီး မချစ်တော့ဘူးလောမေးတတ်တဲ့ကလေးတေ

သားတို့ရေ ဆရာမကလေးတေက တပည့်မိုက်လေးတေမဟုတ်ပါဘူး လိမ်မာလွန်းလို့ စိတ်မချတာပါ သားတို့

ငယ်လွန်သေးလို့ ဘယ်အဖွဲ့မှမလိုက်ဖို့ ပြောခဲ့မိတာပါ ခုတော့ရွာအတွက်ရော တိုင်ပြည်အတွက်ရောပေးဆပ်သွားကြတာ တာဝန်ကျေလွန်းပါတယ်။

သားတို့အတွက် ဝမ်းနည်းရလွန်းလို့ ငိုစရာမျက်ရည်တွေခမ်းနေပီ ကြေကွဲစရာအသဲတေ ရင်ဘတ်တေ

မရှိတော့လောက်အောင်ပါပဲ သားတို့အတွက် ဆရာမတို့တတ်နိုင်တဲ့ဘက်က တိုက်ပွဲဝင်သွားမှာပါ စနစ်ဆိုးမှာ

ပညာဆက်မသင်ဘူးဆရာမလေးလိူ့ပြောတဲ့သားတို့စကားတေကို ဆရာမအမြဲကြားယောင်နေမိပီကျန်တဲ့

တပည့်လေးတေပုံကျမမှာမရှိလို့ပါ ကျမတပည့်တေ အဖွဲ့အားလုံးအတွက် ဝမ်းနည်းကြေကွဲရမဆုံးနိုင်တော့ပါဘူး” လို့ ဆရာမလေး က ရေးသားထားခဲ့ပါတယ်။

Zawgyi












ပညာဆက်မသင်ဘူးဆရာမလေးလို့ပြောတဲ့သားတို့စကားတေကို ဆရာမအမြဲကြားယောင်နေမိပီကျန်တဲ့


Leave a Reply

Your email address will not be published. Required fields are marked *