မိကောင်းဖခင်သားသမီးမို့ ဘယ်သူ့နောက်ကို မှ ဘယ်လောက်ရရ မလိုက်ခဲ့ဖူးပါရှင်လို့ ပြန်ဖြေရှင်းလာတဲ့ ခေးဆက်သွင်..

မိကောင်းဖခင်သားသမီးမို့ ဘယ်သူ့နောက်ကို မှ ဘယ်လောက်ရရ မလိုက်ခဲ့ဖူးပါရှင်လို့ ပြန်ဖြေရှင်းလာတဲ့ ခေးဆက်သွင်..

ပရိသတ်ကြီးရေ သရုပ်ဆောင် ခေးဆက်သွင်ကတော့ ပုဒ်မ ၅၀၅(က) ထုတ်ခံထားရတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရပါတယ်နော်။ တိမ်းရှောင်နေရတဲ့ကြားက သူမနဲ့ပတ်သက်တဲ့ မကောင်းသတင်းတွေတောက်လျှောက်ပေါ်ထွက်လာနေပါတယ်နော်။ ခေးဆက်သွင်ကိုယ်တိုင်လည်း ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီးပြန်ဖြေရှင်းလာခဲ့ပါတယ်နော်။

” ခုချိန်လူတိုင်းရဲ့ စိတ်အခြေအနေ အနေအထားကိုသိပေမယ့် ရှင်းမှရမယ့် အနေအထားမို့ သတင်းတွေဖုံးခဲ့ရင်ကျော်သွားပေးပါရှင့်(ကြိုတောင်းပန်ထားပါရစေ)အနုပညာကိစ္စကလွဲလို့ ဘယ်အခကြေးငွေနဲ့ဘယ်သူ့နောက်မှ မလိုက်ပါဘူးရှင်

…ခေါ်လို့ရတယ်တွေ ဘယ်လောက်ပေါက်တယ်တွေပါးစပ်အရသာခံပြီး ပြောနေရင် မောပါမယ်…အရင်ကလည်းမလိုက်ခဲ့ပါဘူးအခုလည်းမလိုက်ပါဘူးနောင်လည်းမလိုက်ပါဘူး

သွားလေရာ သူငယ်ချင်းတွေအုပ်လိုက်ကြီးထပ်ကြပ်မခွာပါပါတယ်..ခေးမှာ အသိမိတ်ဆွေ အပေါင်းအသင်းလည်း ပေါပါတယ်…ချစ်သူရည်းစား ထားတဲ့အခါလည်း ထားပါတယ်..night outတဲ့ ထွက်လို့ရတဲ့အချိန်တုန်းကလည်း လူငယ်ပီပီထွက်ခဲ့ပါတယ်…ဒါပေမယ့် ပိုက်ဆံပေးတိုင်းလိုက်ပြီး(နားနဲ့မနာ ဖဝါးနဲ့နာပါ)

ဆက်စ် ကိစ္စ လိင်ကိစ္စ ကုတင်ပေါ်က ကိစ္စတွေနဲ့ဖျော်ဖြေပေးတဲ့ သူမဟုတ်ပါဘူး… သစ္စာလည်းဆိုရဲပါတယ်ခေးမဟုတ်တာပြောရင် သွေးစိမ်းရှင်ရှင် အန်ပါစေ…မဟုတ်ပဲနဲ့ ပြောတဲ့သူတွေလည်း ကိုယ်ပြုသည့်ကံကိုယ့်ထံပြန်ပါစေ….အပြင်ပန်းနဲ့ မဆုံးဖြတ်ပါနဲ့……” လို့ ရေးသားလာပါတယ် ပရိသတ်ကြီးရေ….

Zawgyi







Leave a Reply

Your email address will not be published.