မကြာခင်မှာ မသန်စွမ်း ပြည်သူအချို့ရဲ့ အခက်အခဲတွေကို ကူညီပေးနိုင်တော့မယ် အကြောင်း သတင်ကောင်းလေးပါးလာတဲ့ ခိုင်နှင်းဝေ

မကြာခင်မှာ မသန်စွမ်း ပြည်သူအချို့ရဲ့ အခက်အခဲတွေကို ကူညီပေးနိုင်တော့မယ် အကြောင်း သတင်ကောင်းလေးပါးလာတဲ့ ခိုင်နှင်းဝေ

ပရဟိတအလုပ်တွေနဲ့ ပရိသတ်တွေရဲ့ လေးစားချစ်ခင်မှုကို များစွာရရှိထားတဲ့ ခိုင်နှင်းဝေကတော့ လှူဒါန်းမှုတွေကိုလည်း ဆက်တိုက်ပြုလုပ်နေသူပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေက မိဘမဲ့ဂေဟာကိုလည်း ဦးစီးနေတဲ့အပြင် လတ်တလောပြည်သူတွေကြုံတွေ့နေရတဲ့ အောက်ဆီဂျင်အခက်အခဲတွေ၊ စားဝတ်နေရေးအခက်အခဲနဲ့ ရေဘေးသင့်အခက်အခဲတွေကိုပါ စိတ်အားတက်ကြွစွာနဲ့ပါဝင် ကူညီပေးနေတာကို တွေ့ရပါတယ်။

ခိုင်နှင်းဝေက ပရဟိတအလုပ်တွေကို တတ်နိုင်သရွေ့ လုပ်ကိုင်နေသူဖြစ်ကာ သူမရဲ့ပရဟိတ အဖွဲ့အစည်းကိုလည်း အလှူငွေ လာရောက်လှူဒါန်းကြတဲ့ သူတွေလည်း အများအပြားရှိပါတယ်။ အခုလည်း ခုနှစ်ရက် သားသမီး များ ထည့်ဝင်လှူဒါန်းထားတဲ့ အလှူငွေတွေနဲ့ ခြေတု လက်တုစက်ရုံ ကို ဆောက်လုပ်ရန် စာချုပ်ချုပ်ဆိုနေပြီ ဖြစ်ကြောင်း သတင်းကောင်းလေး ပါးလာပါတယ်

စက်ရုံ ဆောက်လုပ် ပြီးစီးသွားပါက မသန်းစွမ်း ပြည်သူ အချို့ရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးနိုင်တော့မှာမို့ ပီတိဖြစ်နေကြောင်းကိုလည်း ” ခြေတု လက်တု စက်ရုံနှင့် ပရဟိတ လုပ်ငန်းများ လုပ်ကိုင်ရန် အဆောက်အဦးလေး ဆောက်ဘို့ စာချုပ်,ချုပ်ဆိုဖြစ်ပါတယ်ရှင်…စေတနာ အပြည့် နဲ့ အကျိုးအမြတ်များ မယူပဲ ဆောက်လုပ်ကူညီပေးပါသော “AMA Engineers” Construction Company မှ တာဝန်ရှိ လူကြီးများနှင့် ဝန်ထမ်းများ အားလုံးကိုလဲ ကျေးဇူး အများကြီး တင်ပါတယ်..ခုနှစ်ရက် သားသမီးများ အားလုံး ရဲ့ အလှူလေးများ စုပေါင်း၍ လိုအပ်တဲ့ သူများအတွက် ဖြည့်ဆည်း ကုသိုလ်ယူမည့် မှတ်တိုင်လေး တစ်ခုပါပဲရှင်..” ရေးသားဖော်ပြထားရာ ပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Zawgyi

မၾကာခင္မွာ မသန္စြမ္း ျပည္သူအခ်ိဳ႕ရဲ႕ အခက္အခဲေတြကို ကူညီေပးႏိုင္ေတာ့မယ္ အေၾကာင္း သတင္ေကာင္းေလးပါးလာတဲ့ ခိုင္ႏွင္းေဝ

ပရဟိတအလုပ္ေတြနဲ႔ ပရိသတ္ေတြရဲ႕ ေလးစားခ်စ္ခင္မႈကို မ်ားစြာရရွိထားတဲ့ ခိုင္ႏွင္းေဝကေတာ့ လႉဒါန္းမႈေတြကိုလည္း ဆက္တိုက္ျပဳလုပ္ေနသူပဲ ျဖစ္ပါတယ္။ ခိုင္ႏွင္းေဝက မိဘမဲ့ေဂဟာကိုလည္း ဦးစီးေနတဲ့အျပင္ လတ္တေလာျပည္သူေတြႀကဳံေတြ႕ေနရတဲ့ ေအာက္ဆီဂ်င္အခက္အခဲေတြ၊ စားဝတ္ေနေရးအခက္အခဲနဲ႔ ေရေဘးသင့္အခက္အခဲေတြကိုပါ စိတ္အားတက္ႂကြစြာနဲ႔ပါဝင္ ကူညီေပးေနတာကို ေတြ႕ရပါတယ္။

ခိုင္ႏွင္းေဝက ပရဟိတအလုပ္ေတြကို တတ္ႏိုင္သေ႐ြ႕ လုပ္ကိုင္ေနသူျဖစ္ကာ သူမရဲ႕ပရဟိတ အဖြဲ႕အစည္းကိုလည္း အလႉေငြ လာေရာက္လႉဒါန္းၾကတဲ့ သူေတြလည္း အမ်ားအျပားရွိပါတယ္။ အခုလည္း ခုႏွစ္ရက္ သားသမီး မ်ား ထည့္ဝင္လႉဒါန္းထားတဲ့ အလႉေငြေတြနဲ႔ ေျခတု လက္တုစက္႐ုံ ကို ေဆာက္လုပ္ရန္ စာခ်ဳပ္ခ်ဳပ္ဆိုေနၿပီ ျဖစ္ေၾကာင္း သတင္းေကာင္းေလး ပါးလာပါတယ္

စက္႐ုံ ေဆာက္လုပ္ ၿပီးစီးသြားပါက မသန္းစြမ္း ျပည္သူ အခ်ိဳ႕ရဲ႕ အခက္အခဲေတြကို ကူညီေျဖရွင္းေပးႏိုင္ေတာ့မွာမို႔ ပီတိျဖစ္ေနေၾကာင္းကိုလည္း ” ေျခတု လက္တု စက္႐ုံႏွင့္ ပရဟိတ လုပ္ငန္းမ်ား လုပ္ကိုင္ရန္ အေဆာက္အဦးေလး ေဆာက္ဘို႔ စာခ်ဳပ္,ခ်ဳပ္ဆိုျဖစ္ပါတယ္ရွင္…ေစတနာ အျပည့္ နဲ႔ အက်ိဳးအျမတ္မ်ား မယူပဲ ေဆာက္လုပ္ကူညီေပးပါေသာ “AMA Engineers” Construction Company မွ တာဝန္ရွိ လူႀကီးမ်ားႏွင့္ ဝန္ထမ္းမ်ား အားလုံးကိုလဲ ေက်းဇူး အမ်ားႀကီး တင္ပါတယ္..ခုႏွစ္ရက္ သားသမီးမ်ား အားလုံး ရဲ႕ အလႉေလးမ်ား စုေပါင္း၍ လိုအပ္တဲ့ သူမ်ားအတြက္ ျဖည့္ဆည္း ကုသိုလ္ယူမည့္ မွတ္တိုင္ေလး တစ္ခုပါပဲရွင္..” ေရးသားေဖာ္ျပထားရာ ပရိသတ္ႀကီး အတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ ။

Leave a Reply

Your email address will not be published.