ချစ်သူအကြောင်း ဖွင့်ဟပြောပြလာတဲ့ မင်းသား နေတိုး
ချစ်သူအကြောင်း ဖွင့်ဟပြောပြလာတဲ့ မင်းသား နေတိုး
လက်ရှိမှာ တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ မင်းသားတစ်လက်ကတော့ နေတိုးပဲဖြစ်ပါတယ်။ ဟာသရော၊ ဒရာမာပါ ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်ပြီး
အကယ်ဒမီဆုတွေကိုလည်း ဆွတ်ခူးရရှိထားတဲ့ ပရိသတ်အချစ်တော် နေတိုးကတော့ လူပျိုကြီးဘဝကနေ ကျွတ်ဖို့ နီးစပ်လာလို့ လာပြီလို့ ဆိုရမှာပါ။ကိုယ့်ကိုယ်ကိုယ် အိမ်ထောင်ပြုရမယ့်အရွယ်ထက်
ကျော်နေပြီလို့ ထင်ပါတယ်ဆိုတဲ့ မင်းသားနေတိုးက သူ့နဲ့ရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်တဲ့ ကျော်ကျော်ဗိုလ်တို့မိသားစုကိုမြင်ရင် အားကျမိပြီး “အိမ်ထောင်ပြုဖို့ လေးနက်တဲ့အချိန်တစ်ခုရောက်လာပြီ” လို့ ဆိုပါတယ်။သူ့ရဲ့ချစ်သူကတော့
အနုပညာလောကကမဟုတ်ဘဲ ပြင်ပလောကကဖြစ်တယ်လို့ ပြည်တွင်းသတင်းမီဒီယာတွေနဲ့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုထားပါတယ်။အိမ်ထောင်ပြုမယ့်အချိန်ကိုတော့ ပြောရမှာစောနေသေးပါတယ်ဆိုတဲ့
မင်းသားနေတိုးကတော့ လူပျိုကြီးဘဝကနေ ကျွတ်ဖို့ နီးစပ်လာပါပြီ။ ပရိသတ်ကြီးကရော မင်းသားနေတိုးကို လူပျိုကြီးအဖြစ်က ကျွတ်စေချင်ပြီလား … ဒီတိုင်းလေးပဲရှိစေချင်သေးလား ….
Zawgyi
Leave a Reply
Your email address will not be published. Required fields are marked *