စစ်ခွေးတွေကိုနိုင်ရပါစေသားလို့ အဓိဌာန်လိုက်ရာမှ ထူးခြားတဲ့အောင်မြင်မှုကို ရရှိခဲ့တာမို့ ပျော်ရွှင်နေတဲ့ ချမ်းချမ်း

စစ်ခွေးတွေကိုနိုင်ရပါစေသားလို့ အဓိဌာန်လိုက်ရာမှ ထူးခြားတဲ့အောင်မြင်မှုကို ရရှိခဲ့တာမို့ ပျော်ရွှင်နေတဲ့ ချမ်းချမ်း

အဆိုတော် ချမ်းချမ်းကတော့အနုပညာလောကမှာ ဒိတ်ဒိတ်ကျဲအောင်မြင်မှုတွေရရှိထားတဲ့ သူတစ်ယောက်ဖြစ်ပြီးပရိသတ်အားပေးမှုကိုလည်း များစွာရရှိထားတဲ့သူဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်ခုကြာအနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ခဲ့တဲ့သူမကအချစ်သီချင်းတွေသာမကပဲအဆွေး သီချင်းတွေကိုလည်းစိတ်ခံစားချက်အပြည့်နဲ့သီဆိုလေ့ရှိတဲ့သူတစ်ယောက်ပါ။

အခုလိုအောင်မြင်မှုတွေရရှိခဲ့တဲ့ချမ်းချမ်းဟာလက်ရှိမှာဆိုရင် ခင်ပွန်းသည်ရှိရာအီတလီမှာသွားရောက်နေထိုင်နေတာဖြစ်ပါတယ်။ ချမ်းချမ်းကတော့ မြန်မာပြည်မှာကျန်ခဲ့တဲ့သမီးကြီးကိုလည်းလွမ်းနေရင်းသမီးငယ်လေးအပေါ်မှာလည်းအရမ်းကိုချစ်ပြီး အရိပ်တကြည့်ကြည့်နဲ့ချစ်နေတာ ဖြစ်ပါတယ်နော်။

တစ်ခါတစ်လေမှာလည်း သမီးငယ်လေးရဲ့ချစ်စရာကောင်းတဲ့ပုံလေးနဲ့ဗီဒီယိုလေးတွေကိုလည်းပရိသတ်ကြီးအတွက်တင်ပေးနေကြဖြစ်ပါတယ်။ အီတလီမှာနေထိုင်နေပေမယ့်ချမ်းချမ်းက အခုလက်ရှိမြန်မာပြည်မှာတွေ့ကြုံခံစားနေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေအ‌တွက် တတ်နိုင်တဲ့ဘက်ကနေတစ်တပ်တစ်အားပါဝင်ကူညီနေတာဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာသတင်းပြန့်နေတဲ့ D Dayကြောင့် ပြည်သူတွေဘက်ကတိုက်ခိုက်ဖို့အဆင်သင့်ဖြစ်ဖို့ကြိုးစားနေကြတာ ဖြစ်ပါတယ်။

ပြည်သူတွေဘက်ကလည်းတတ်နိုင်တဲ့ဘက်ကနေ အားဖြည့်နေကြာတဲ့အထဲမှာချမ်းချမ်းတစ်ယောက်လည်းအပါအဝင်ပါနော်၊ ဒီနေ့လေးမှာတော့ ချမ်းချမ်းက ” စက်ဘီးစီးတတ်သွားပြီဒီနေ့သူများတွေအတွက်မထူးဆန်းပေမဲ့ကိုယ့်အတွက်တော့အောင်မြင်မှုတစ်ခုပဲအဓိဌာန်ပြုပြီးကို စီးသင်တာနော်၊ စခတွေကိုနိုင်ပါရစေသားဆိုပြီးသင်တာ ၂ ပတ်မှာစီးတတ်သွားပြီ ” ဆိုပြီး ပျော်ရွင်စွာရေးသားပြီး Myday မှာတင်လာခဲ့ပါတယ်။ ချမ်းချမ်းလိုပဲပြည်သူအားလုံးဒီလိုမျိုးနိုင်ချင်စိတ်လေးရှိနေမှာအသေအချာပါပဲနော်။

Zawgyi






Leave a Reply

Your email address will not be published. Required fields are marked *