နှလုံးလှလူမိုက်ကြီး မင်းမော်ကွန်းရဲ့ လူတိုင်းမသိတဲ့ တောတွင်းက အနစ်နာခံမှု၊ ဖြတ်သန်းမှုနေ့စဉ်ဘဝတွေကို အသိပေးလာတဲ့ အတူနေ ရဲဘော်တစ်ယောက်
ပရိသတ်ကြီးရေ တော်လှန်ရေးကို အားသွန်ခွန်စိုက် လုပ်ကိုင် ဆောင်ရွက်နေတဲ့ မင်းမော်ကွန်း ရဲ့ လူတိုင်းမသိတဲ့ တောတွင်းက အနစ်နာခံမှု၊ ဖြတ်သန်းမှုနေ့စဉ်ဘဝတွေကို အတူနေထိုင်ခဲ့တဲ့ ရဲဘော်တစ်ယောက် က လူမှုကွန်ရက်ကနေ အခုလို အသိပေးလာပါတယ်။ သူ့ရဲ့ စာလေးအတိုင်း တင်ဆက်ပေးလိုက်ပါတယ်၊၊
ဘယ်သူ့ဆီကမှ အလှူမခံလိုတဲ့နှလုံးလှလူမိုက်ကြီးသူ ကျန်းမာရေးလေး ပြန်ကောင်းလာတော့ ညဘက်ဆို သီချင်းလေးတွေ ဆိုပြတယ်။အတူရှိနေတဲ့ တော်လှန်ရေး ရဲဘော်ရဲဘက်တွေကို ရှေးဟောင်းနှောင်းဖြစ်ဖြစ်ရပ်မှန် ဟာသလေးတွေ ပြန်ပြန်ပြောပြတယ်။ ခန့်ညားလှတဲ့ ဇာတ်စင်မြင့်ကြီးတစ်ခုပေါ်က နှင်းဆီတစ်ပွင့်ရဲ့ဟန်ပန်အမူအရာ အပြည့်နဲ့ပေါ့။အားလုံးကို ပွဲကျစေခဲ့တာကတော့ဦးသုမောင်ရှိခဲ့စဉ်က အလွဲတချို့နဲ့ဦးကျော်သူကြီးရဲ့လူငယ်သဘာ၀ပုံရိပ်တချို့ပါပဲ။ခဏတာ အပျော်တွေကူးစက်ပြီး အားလုံးပြုံးပျော်နေကြပြီဆိုရင်ဖြင့်ကလေးတစ်ယောက်လို ပြုံးရွှင်နေခဲ့တဲ့သူ့ပုံရိပ်တွေကို ပြန်မြင်ယောင်တိုင်း ကျွန်တော် သူ့အကြောင်း ပြန်ပြန်တွေး
မိတယ်။သွားသေးသေးလေးတွေအပြည့်နဲ့နှလုံးသားလှသူကြီး၊ စိတ်ညစ်နေသူတချို့ကို သွားသေးသေးလေးတွေအများကြီးပေါ်အောင် ပြုံးဖြီးဖြီးလုပ်ပြပြီး စိတ်သက်သာစေသူကြီး။သူဟာ စိတ်အေးလက်အေး ရှိလှတဲ့သူ။ပုံမှန် ဘုရား၀တ်ပြုပြီး တရားထိုင်လေ့ရှိတဲ့သူ။ ဖြစ်နိုင်ရင် သူအတွက် ဘယ်သူ့ကိုမှ အလုပ်မရှုပ်စေချင်တဲ့သူ။ သူ အပြင်ခဏတဖြုတ်သွားပြီး ပြန်လာလို့ ကျွန်တော် သူ့အ၀တ်လေးတွေလျှော်ထားမိရင် ပြောမဆုံးတော့ဘူး။
“ဆရာကောင်းရယ်…ဘာလို့ အ၀တ်တွေလျှော်ရတာလဲ၊ ကျွန်တော် ကိုယ့်ဘာသာလျှော်နိုင်နေပါပြီ”လို့ ပြောတတ်တဲ့သူ။လူတိုင်းကို တလေးတစား ဆက်ဆံပြီးအချိန်ပေးကာ စကားပြန်ပြောတတ်တဲ့သူ။ လူတိုင်းကို သူ့ကြောင့် စိတ်ဆင်းရဲရတာထက် စိတ်ချမ်းသာတာပဲ ပိုဖြစ်စေချင်တဲ့သူ။နှလုံးသားကနုနု စိတ်ဓာတ်ကမာမာ။လေပြင်းရိုင်းတချို့ကြောင့် လူငယ်လေးတွေ ပန်းတွေပမာ အကြွေစောရတိုင်း တဖွဖွညည်းတွားပြီး မစားနိုင်၊မအိပ်နိုင် ဖြစ်နေတတ်တဲ့သူ။ သူ့လုပ်ဖော်ကိုင်ဖက် အနုပညာရှင်တွေဆုံးပါးသွားတိုင်း ငိုကြွေး ကြေကွဲပြီး
ငြိမ်နေတတ်တဲ့သူ။သူ စိတ်တိုတဲ့အချိန်တချို့ဆို ကြမ်းပြင်ကို လက်သီးနဲ့ထိုးထိုးပြီး အားမလိုအားမရ ဖြစ်နေတတ်ပေမဲ့ မည်သူတစ်ဦးတစ်ယောက်ကိုမှ ဘာတစ်ခုမှထိခိုက်အောင် မလုပ်တတ်တဲ့သူ။တစ်နေ့ ဈေး၀ယ်ရင်းက ပိုက်ဆံမလောက်တော့ ကျွန်တော့်ဆီက ပိုက်ဆံချေးရှာတာ။ ကျွန်တော့်မှာလည်း မရှိတော့ အသိတစ်ယောက်ဆီက ချေးပေးလိုက်ရတယ်။
အဲဒီတုန်းက သူ့ကားလေးကို ရရာဈေးနဲ့ရောင်းပြီးခါစအချိန်၊ သူ့ဆီကို ငွေလွှဲမပို့ခင် အသုံးစရိတ် ပြတ်နေတဲ့အချိန်ပေါ့။သူ့စရိတ်သူစား ရှိသမျှကို ပုံအောပြီး တော်လှန်ရေး လုပ်နေသူဟာ သူပါပဲ။
ဘယ်သူ့ဆီကမှ အလှူမခံတဲ့နှလုံးလှလူမိုက်ကြီး။ သူ့ကို လှူချင်လို့ ဆက်သွယ်သူတွေကို “မလိုသေးလို့ပါ” လို့သာ အမြဲ ပြန်ပြန်ပြောတတ်တဲ့သူ။စိတ်ဓာတ်ရော၊ လုပ်ရပ်ရော၊
အမြဲလေးစားရတဲ့ နှလုံးလှလူမိုက်ကြီး။သူ့လို အောင်မြင်နေပေမဲ့၊ ကျော်ကြားနေပေမဲ့ ကိုယ်ကျိုးကွက်ကွက်လေး၊ ပတ်၀န်းကျင်သေးသေးလေးကိုပဲ ကြည့်ပြီး မဆိုင်သလိုလို၊
ကြောက်သလိုလို နေသူတွေမှ အများကြီး။တချို့တွေဆို ပြည်သူ့ထမင်းကို စား၊ပြည်သူ့အားပေးမှုကြောင့် ကြော်ငြာခလေးရ၊ ပြောင်ပြောင်ရောင်ရောင်ဖြစ်
လာတဲ့တိုင် ပြည်သူကို ကျေးဇူးကန်းစကား ပြောတတ်သေးတာ။တိုင်းပြည်ရဲ့ အဆီအနှစ်တွေကိုလည်းစစ်တပ်ပိုင်လို့ ကျပ်မပြည့်အတွေးတွေးပြီး စစ်တပ်ခေါင်းဆောင်ကို ကျေးဇူး
ရှင်ကြီးပမာ တလွဲဆံပင်ကောင်းနေသူတွေလည်း အများကြီးမှအများကြီး။အပင်စိုက်ချိန်မှာ ဆင်းရဲသားတွေကိုသာစိုက်စေပြီး အသီးသီးလာမှ အရောင်းအ၀ယ်ထလုပ်တတ်၊ အမြတ်ကြီးစား
တတ်တဲ့ လူကုံထံတွေလည်း အများကြီးမှ အများကြီး။နှလုံးလှလူမိုက်ကြီးနဲ့များ ကွာပါ့။အခြေအနေမပျက်၊ အစားမပျက်၊အအိပ်မပျက်၊ ကျန်းမားရေးမထိခိုက်ဘဲ
နေနိုင်ရက်သားနဲ့ သူမှ မိုက်ရက်တယ်လို့။သူ့ကို လှူချင်သူတိုင်းကိုလည်း PDF ရဲဘော်လေးတွေအတွက် စား၀တ်နေရေး ၊ ကျန်းမာရေးနဲ့ တခြားလိုအပ်တာတွေ
ကိုသာ လှူဒါန်းပေးဖို့ ဆော်သြသတဲ့။မလွှဲသာလွန်းမှ သူတစ်ပါး အကူအညီကိုယူတတ်တဲ့ လူမိုက်ကြီး။
အခုတော့ သူ့ဆန္ဒတွေ ဖြစ်မြောက်ဖို့AAC မဟာမိတ်အဖွဲ့က အဝေးကနေ အမာခံထောက်ပံ့ပေးနေတယ်လို့ သိရတယ်။ ထိုင်းရောက်မြန်မာလုပ်သားတွေကိုလည်း အဲဒီနှလုံးလှလူမိုက်ကြီး ကိုကျော်ကိုယ်စား ကျေးဇူးတင်ကြောင်းကျွန်တော် ပြောခဲ့ချင်ပါတယ်။”သံသရာတကွေ့ ဆုံကာတွေ့ကြ၊တူရာသန်ရာ ပေါင်းကြကြုံကြ၊ကောင်းရာဘုံဘ၀ဆိုတာ
မိုးပေါ်မှာလား၊ သေလွန်ပြီးမှလား၊ကျွန်တော်ကတော့ မိတ်ကောင်းဆွေကောင်းတွေနဲ့လုပ်ရပ်ကောင်းတွေ ကြိုးစားနေရတဲ့ဘ၀လို့ ထင်တယ်”
#ကောင်းစံသာ (ရေကြည်)
5.9.2021 ဆိုပြီးရေးသားထားတာကိုတွေ့ရပါတယ်။
Zawgyi
ႏွလုံးလွလူမိုက္ႀကီး မင္းေမာ္ကြန္းရဲ႕ လူတိုင္းမသိတဲ့ ေတာတြင္းက အနစ္နာခံမႈ၊ ျဖတ္သန္းမႈေန႔စဥ္ဘဝေတြကို အသိေပးလာတဲ့ အတူေန ရဲေဘာ္တစ္ေယာက္
ပရိသတ္ႀကီးေရ ေတာ္လွန္ေရးကို အားသြန္ခြန္စိုက္ လုပ္ကိုင္ ေဆာင္႐ြက္ေနတဲ့ မင္းေမာ္ကြန္း ရဲ႕ လူတိုင္းမသိတဲ့ ေတာတြင္းက အနစ္နာခံမႈ၊ ျဖတ္သန္းမႈေန႔စဥ္ဘဝေတြကို အတူေနထိုင္ခဲ့တဲ့ ရဲေဘာ္တစ္ေယာက္ က လူမႈကြန္ရက္ကေန အခုလို အသိေပးလာပါတယ္။ သူ႔ရဲ႕ စာေလးအတိုင္း တင္ဆက္ေပးလိုက္ပါတယ္၊၊
ဘယ္သူ႔ဆီကမွ အလႉမခံလိုတဲ့ႏွလုံးလွလူမိုက္ႀကီးသူ က်န္းမာေရးေလး ျပန္ေကာင္းလာေတာ့ ညဘက္ဆို သီခ်င္းေလးေတြ ဆိုျပတယ္။အတူရွိေနတဲ့ ေတာ္လွန္ေရး ရဲေဘာ္ရဲဘက္ေတြကို ေရွးေဟာင္းေႏွာင္းျဖစ္ျဖစ္ရပ္မွန္ ဟာသေလးေတြ ျပန္ျပန္ေျပာျပတယ္။ ခန႔္ညားလွတဲ့ ဇာတ္စင္ျမင့္ႀကီးတစ္ခုေပၚက ႏွင္းဆီတစ္ပြင့္ရဲ႕ဟန္ပန္အမူအရာ အျပည့္နဲ႔ေပါ့။အားလုံးကို ပြဲက်ေစခဲ့တာကေတာ့ဦးသုေမာင္ရွိခဲ့စဥ္က အလြဲတခ်ိဳ႕နဲ႔ဦးေက်ာ္သူႀကီးရဲ႕လူငယ္သဘာ၀ပုံရိပ္တခ်ိဳ႕ပါပဲ။ခဏတာ အေပ်ာ္ေတြကူးစက္ၿပီး အားလုံးၿပဳံးေပ်ာ္ေနၾကၿပီဆိုရင္ျဖင့္ကေလးတစ္ေယာက္လို ၿပဳံး႐ႊင္ေနခဲ့တဲ့သူ႔ပုံရိပ္ေတြကို ျပန္ျမင္ေယာင္တိုင္း ကြၽန္ေတာ္ သူ႔အေၾကာင္း ျပန္ျပန္ေတြး
မိတယ္။သြားေသးေသးေလးေတြအျပည့္နဲ႔ႏွလုံးသားလွသူႀကီး၊ စိတ္ညစ္ေနသူတခ်ိဳ႕ကို သြားေသးေသးေလးေတြအမ်ားႀကီးေပၚေအာင္ ၿပဳံးၿဖီးၿဖီးလုပ္ျပၿပီး စိတ္သက္သာေစသူႀကီး။သူဟာ စိတ္ေအးလက္ေအး ရွိလွတဲ့သူ။ပုံမွန္ ဘုရား၀တ္ျပဳၿပီး တရားထိုင္ေလ့ရွိတဲ့သူ။ ျဖစ္ႏိုင္ရင္ သူအတြက္ ဘယ္သူ႔ကိုမွ အလုပ္မရႈပ္ေစခ်င္တဲ့သူ။ သူ အျပင္ခဏတျဖဳတ္သြားၿပီး ျပန္လာလို႔ ကြၽန္ေတာ္ သူ႔အ၀တ္ေလးေတြေလွ်ာ္ထားမိရင္ ေျပာမဆုံးေတာ့ဘူး။
“ဆရာေကာင္းရယ္…ဘာလို႔ အ၀တ္ေတြေလွ်ာ္ရတာလဲ၊ ကြၽန္ေတာ္ ကိုယ့္ဘာသာေလွ်ာ္ႏိုင္ေနပါၿပီ”လို႔ ေျပာတတ္တဲ့သူ။လူတိုင္းကို တေလးတစား ဆက္ဆံၿပီးအခ်ိန္ေပးကာ စကားျပန္ေျပာတတ္တဲ့သူ။ လူတိုင္းကို သူ႔ေၾကာင့္ စိတ္ဆင္းရဲရတာထက္ စိတ္ခ်မ္းသာတာပဲ ပိုျဖစ္ေစခ်င္တဲ့သူ။ႏွလုံးသားကႏုႏု စိတ္ဓာတ္ကမာမာ။ေလျပင္း႐ိုင္းတခ်ိဳ႕ေၾကာင့္ လူငယ္ေလးေတြ ပန္းေတြပမာ အေႂကြေစာရတိုင္း တဖြဖြညည္းတြားၿပီး မစားႏိုင္၊မအိပ္ႏိုင္ ျဖစ္ေနတတ္တဲ့သူ။ သူ႔လုပ္ေဖာ္ကိုင္ဖက္ အႏုပညာရွင္ေတြဆုံးပါးသြားတိုင္း ငိုေႂကြး ေၾကကြဲၿပီး
ၿငိမ္ေနတတ္တဲ့သူ။သူ စိတ္တိုတဲ့အခ်ိန္တခ်ိဳ႕ဆို ၾကမ္းျပင္ကို လက္သီးနဲ႔ထိုးထိုးၿပီး အားမလိုအားမရ ျဖစ္ေနတတ္ေပမဲ့ မည္သူတစ္ဦးတစ္ေယာက္ကိုမွ ဘာတစ္ခုမွထိခိုက္ေအာင္ မလုပ္တတ္တဲ့သူ။တစ္ေန႔ ေဈး၀ယ္ရင္းက ပိုက္ဆံမေလာက္ေတာ့ ကြၽန္ေတာ့္ဆီက ပိုက္ဆံေခ်းရွာတာ။ ကြၽန္ေတာ့္မွာလည္း မရွိေတာ့ အသိတစ္ေယာက္ဆီက ေခ်းေပးလိုက္ရတယ္။
အဲဒီတုန္းက သူ႔ကားေလးကို ရရာေဈးနဲ႔ေရာင္းၿပီးခါစအခ်ိန္၊ သူ႔ဆီကို ေငြလႊဲမပို႔ခင္ အသုံးစရိတ္ ျပတ္ေနတဲ့အခ်ိန္ေပါ့။သူ႔စရိတ္သူစား ရွိသမွ်ကို ပုံေအာၿပီး ေတာ္လွန္ေရး လုပ္ေနသူဟာ သူပါပဲ။
ဘယ္သူ႔ဆီကမွ အလႉမခံတဲ့ႏွလုံးလွလူမိုက္ႀကီး။ သူ႔ကို လႉခ်င္လို႔ ဆက္သြယ္သူေတြကို “မလိုေသးလို႔ပါ” လို႔သာ အၿမဲ ျပန္ျပန္ေျပာတတ္တဲ့သူ။စိတ္ဓာတ္ေရာ၊ လုပ္ရပ္ေရာ၊
အၿမဲေလးစားရတဲ့ ႏွလုံးလွလူမိုက္ႀကီး။သူ႔လို ေအာင္ျမင္ေနေပမဲ့၊ ေက်ာ္ၾကားေနေပမဲ့ ကိုယ္က်ိဳးကြက္ကြက္ေလး၊ ပတ္၀န္းက်င္ေသးေသးေလးကိုပဲ ၾကည့္ၿပီး မဆိုင္သလိုလို၊
ေၾကာက္သလိုလို ေနသူေတြမွ အမ်ားႀကီး။တခ်ိဳ႕ေတြဆို ျပည္သူ႔ထမင္းကို စား၊ျပည္သူ႔အားေပးမႈေၾကာင့္ ေၾကာ္ျငာခေလးရ၊ ေျပာင္ေျပာင္ေရာင္ေရာင္ျဖစ္
လာတဲ့တိုင္ ျပည္သူကို ေက်းဇူးကန္းစကား ေျပာတတ္ေသးတာ။တိုင္းျပည္ရဲ႕ အဆီအႏွစ္ေတြကိုလည္းစစ္တပ္ပိုင္လို႔ က်ပ္မျပည့္အေတြးေတြးၿပီး စစ္တပ္ေခါင္းေဆာင္ကို ေက်းဇူး
ရွင္ႀကီးပမာ တလြဲဆံပင္ေကာင္းေနသူေတြလည္း အမ်ားႀကီးမွအမ်ားႀကီး။အပင္စိုက္ခ်ိန္မွာ ဆင္းရဲသားေတြကိုသာစိုက္ေစၿပီး အသီးသီးလာမွ အေရာင္းအ၀ယ္ထလုပ္တတ္၊ အျမတ္ႀကီးစား
တတ္တဲ့ လူကုံထံေတြလည္း အမ်ားႀကီးမွ အမ်ားႀကီး။ႏွလုံးလွလူမိုက္ႀကီးနဲ႔မ်ား ကြာပါ့။အေျခအေနမပ်က္၊ အစားမပ်က္၊အအိပ္မပ်က္၊ က်န္းမားေရးမထိခိုက္ဘဲ
ေနႏိုင္ရက္သားနဲ႔ သူမွ မိုက္ရက္တယ္လို႔။သူ႔ကို လႉခ်င္သူတိုင္းကိုလည္း PDF ရဲေဘာ္ေလးေတြအတြက္ စား၀တ္ေနေရး ၊ က်န္းမာေရးနဲ႔ တျခားလိုအပ္တာေတြ
ကိုသာ လႉဒါန္းေပးဖို႔ ေဆာ္ၾသသတဲ့။မလႊဲသာလြန္းမွ သူတစ္ပါး အကူအညီကိုယူတတ္တဲ့ လူမိုက္ႀကီး။
အခုေတာ့ သူ႔ဆႏၵေတြ ျဖစ္ေျမာက္ဖို႔AAC မဟာမိတ္အဖြဲ႕က အေဝးကေန အမာခံေထာက္ပံ့ေပးေနတယ္လို႔ သိရတယ္။ ထိုင္းေရာက္ျမန္မာလုပ္သားေတြကိုလည္း အဲဒီႏွလုံးလွလူမိုက္ႀကီး ကိုေက်ာ္ကိုယ္စား ေက်းဇူးတင္ေၾကာင္းကြၽန္ေတာ္ ေျပာခဲ့ခ်င္ပါတယ္။”သံသရာတေကြ႕ ဆုံကာေတြ႕ၾက၊တူရာသန္ရာ ေပါင္းၾကႀကဳံၾက၊ေကာင္းရာဘုံဘ၀ဆိုတာ
မိုးေပၚမွာလား၊ ေသလြန္ၿပီးမွလား၊ကြၽန္ေတာ္ကေတာ့ မိတ္ေကာင္းေဆြေကာင္းေတြနဲ႔လုပ္ရပ္ေကာင္းေတြ ႀကိဳးစားေနရတဲ့ဘ၀လို႔ ထင္တယ္”
#ေကာင္းစံသာ (ေရၾကည္)
5.9.2021 ဆိုၿပီးေရးသားထားတာကိုေတြ႕ရပါတယ္။