ဒူးနာရောဂါရှိသူများ အတွက် ရှောက်ဘီလူးနှင့် ကြက်သွန်နီ

ဒူးနာရောဂါရှိသူများ အတွက် ရှောက်ဘီလူးနှင့် ကြက်သွန်နီ

“ဒူးနာအတွက် လွယ်ကူသော ဆေးတစ်လက်”

ကျွန်တော်သည်…ဒူးနာဝေဒနာရှင်တစ်ဦးဖြစ်ပါသည်။ ၁၉၉၅ခုက..ကားတိုက်ခံရစဉ်..ပေါင်သုံးပိုင်းကျိုးသည်နှင့်အတူူ…ဒူးကိုပါ..အနည်းငယ်ထိခိုက်မိပါသည်။ .ထိုစဉ်မှစ၍..ယနေ့တိုင်..ဒူးသည်..အနည်းငယ်မျှ..မသိမသာ.ရောင်ရမ်းနေသလို..အတန်ငယ်လည်း..တင်းနေပါသည်။ .ထို့ကြောင့်..ဒူးနာပျောက်ဆေး…မျိုးစုံအား..သုံးစွဲခြင်းလေ့လာဖော်စပ်ခြင်းများ..ပြုခဲ့ပါသည်။

ဒူးနာခြင်းသည်..ဒီဘက်ခေတ်၌..အတော်လေးအဖြစ်များနေသည်ကို..သတိထားမိသည်။ . . . . မိမိမှအလှူအတန်းလုပ်တိုင်း…အခန်းအနားတစ်ခုခုလုပ်တိုင်း။ . . . . ။ . . . . ဒူးနာတတ်သည်ှု….သက်ကြီးရွယ်အို..ဝေဒနာရှင်တို့အတွက်..အဆင်ပြေစေရန်..ကုလားထိုင်များကို..သီးသန့်စီစဉ်ပေးနေရပါသည်။ . . . . တချို့လည်း..ဒူးနာတာကို..အကြောင်းပြု၍..မလာရောက်နိုင်ပါကြောင်းဖုန်ုးဖြင့်..တောင်းပန်ကြပါသည်။ . . . .

ခက်သည်က..ဒူးနာရခြင်း၏..အခြေခံအကြောင်းရင်းတွေက..များလှပါသည်။ . . . . အရိုးမှနာခြင်း..အရွတ်မှနာခြင်း..ချင်ဆီမှနာခြင်း…ကြွက်သားမှနာခြင်း…အကြောမှနာခြင်း….အဆစ်မှနာခြင်း…အပူငုတ်၍နာခြင်း..တီဘီရောဂါ..ကင်ဆာရောဂါလေးဘက်နာကြောင့်..နာခြင်း….ထိခိုက်ဒဏ်ရာရရာမှ..ဒဏ်ဖြစ်သွား၍..နာခြင်း..လေးဘက်နာရောဂါကြောင့်နာခြင်း..ဂေါက်ရောဂါကြောင့်နာခြင်း..ယူးရစ်အက်ဆစ်လွန်ကဲနေ၍နာခြင်း…စသဖြင့်..အကြောင်းရင်းတွေက..စုံလှပါသည်။ . . . . ထို့ကြောင့်..တစ်ဦးတစ်ယောက်က..ကောင်းသည်ဟု..ရည်ညွန်းသော်

လည်း…နောက်တစ်ဦးအတွက်တော့..မထူးခြားဖြစ်နေတတ်သည်။ . . . . အနာနဲ့ဆေးမတွေ့၍..လမ်းလွဲနေခြင်းဖြစ်ပါသည်။ .လွန်ခဲ့သော..အနှစ်၂၀ကျော်က..အလွန်လွယ်ကူ၍..ကုန်ကျမှုနည်းပါးသော..ဒူးနာပျောက်ဆေးနည်း..တစ်လက်ကို…နက္ခတ္တရောင်ခြည်မဂ္ဂဇင်းတွင်..ဖတ်ဘူးခဲ့သည်။ . . . . ရေးသူက..ကျောင်းဆရာမဆိုတော့..ပို၍သဘော

ကျပါသည်။ . . . . သူကတော့..တစ်သက်လုံး..မပျောက်တော့ဘူး..ထင်တဲ့..ဒူးနာ…ဒီဆေးနဲ့မှ..ပျောက်တော့သည်..ဟု..ညွှန်းဆိုထားသဖြင့်..မှတ်သားထားသည်နှင့်..အတူ…ဖော်စပ်လိုက်ပါတော့သည်။ .ဆေးဖော်ထားပြီး..၃-၄နှစ်အကြာမှာ…ဝေဒနာရှင်တစ်ဦးနဲ့တွေ့ပါသည်။ . . . . သူကတော့..မိမိအိမ်သို့လာလည်သော…အသက်၆၅နှစ်ခန့်ရှိအမျိုးသမီးကြီးဖြစ်သည်။ . . . . ဇာတိက…သုံးဆယ်မြို့ကပါ။ . . . . သူ့သမီးက…အလုံ-ဗဟို

စာရင်းမှာ..တာဝန်ကြတော့..မိမိတို့အိမ်အနီးမှာ..တိုက်ခန်းဝယ်ပြီး..သားအမိနှစ်ယောက်..အတူနေကြသည်။ . . . . ဇနီးဖြစ်သူနဲ့..တစ်ရုံးထဲမို့..မိတ်ဆွေဖြစ်ပြီး လာလည်ကြခြင်းဖြစ်ပါသည်။ သူဒူးနာနေတာက ကြာပြီ။ . . . . ဘာဆေးနဲ့မှ..မပျောက်။ . . . . ခုတော့..အင်္ဂလိပ်လိမ်းဆေးလိမ်းနေသည်။ . . . . ဒီဆေးက..သွားတိုက်ဆေးကဲ့သို့..ညှစ်ထုတ်ရသော..ခရင်မ်ဖြစ်သည်။ . . . . သူက ( ဆေးပူနဲ့..လုံးဝမတည့် )..ဟုသိရပါသည်။

ဆေးစမ်းချင်သောမိမိက..အသင့်ဖော်ထားတဲ့ဆေးကို..ပေးလိုက်သည်။ .ဆေးကလည်း…နှစ်ချို့နေတော့..အဆီတွေတက်နေပြီး..ရေနွေးကြမ်းရောင်သို့ပင်..ပြောင်းနေပါပြီ။ .ဆယ်ရက်လောက်ရှိတော့..တစ်မနက်မှာ..သမီးဖြစ်သူက..ငါးဆင့်ချိုင့်ကြီးဆွဲပြီး..အိမ်ထဲကို..ဝင်လာပါသည်။မောင်နှတွေလို..ခင်နေတော့လည်း..ဘာမပြောညာမပြောနဲ့..မီးဖိုခန်းထဲကို..တန်းဝင်သွားပြီး….ပါလာတဲ့..ကြာဆံကျော်တွေကို..ပွဲပြင်ပြီး..ဇွန်း-ခက်ရင်းနဲ့တကွ..မိမိရှေ့သို့..လာချပါေတော့သည်။

မိမိလည်း…ဘုမသိဘမသိမို့…ကြောင်စီစီကြည့်ယင်း..ခင်ဗျားးဘာအရူးထတာလည်း…စွံ့သွားပြီလားဟုစမိသည်။ .သူမက..အသက်လေးဆယ်လောက်ရှိတဲ့..အပျိုကြီးဖြစ်ပါသည်။ .သည်တော့မှ..သူကရှင်းပြသည်။ .မိမိပေးလိုက်သောဆေးနဲ့..သူ့အမေရဲ့ဒူးနာသက်သာလို့..ရွှေတိဂုံဘုရားကိုပင်..စောင်းတန်းက..တက်၍ဖူးနိုင်သွားသဖြင့်..ကျေးဇူးဆပ်သည့်အနေနဲ့..နင်ကိုယ်တိုင်..ကျွေးချေဟု…မှာလိုက်ကြောင်းသိရပါသည်။ .မိမိလည်း..ဆေးအခြေအနေသိလို၍..သူမအပြန်မှာ..တပါတည်းလိုက်သွားပြီး..ဝေဒနာရှင်ကို ( ဗျူး )ခဲ့ရာ..အောက်ပါအတိုင်း…သိခွင့်ရလိုက်ပါသည်။ . . . .

ဆေးယူသွားတဲ့ညမှာ..အိပ်ယာဝင်ခါနီးတော့..ထမိန်ကိုခါးထောင်းကြိုက်ပြီး..ပေါင်ရင်းမှ..ချေမျက်စေ့ထိရွဲနေအောင်လိမ်းပြီး…အသားထဲစိမ့်ဝင်သည်အထိ…နာနာပွတ်သည်ဟုဆိုသည်။ .တရေးအနိုးမှာ..ဆီးထသွားတော့..အရင်ကနဲ့မတူ..အထိုင်အထတွေက..ပေါ့ပါးသွက်လက်နေတာမို့..ငါတော့ဒီဆေးနဲ့..တည့်ပြီလို့မှတ်ယူယင်း..ထိုညက..စိတ်ချမ်းသာစွာ..အိပ်စက်လိုက်သည်။ . . . . နောက်နေ့တွေမှာလည်း..နေ့စဉ်မှန်မှန်..လိမ်း သည်နှင့်အတူ…

( မိမိကမညွှန်းဘဲ -သူ့သဘောနဲ့သူ )..အနည်းငယ်လောက်..သောက်သည်ဟူပါ၏။ .တပတ်လောက်ကြာတော့..ဒူးနာက..သိသိသာသာ..ကောင်းနေတာကြောင့်..သမီးကို..ခေါ်ပြီး..နှစ်ပေါင်းများစွာ..မဖူးရတာကြာတဲ့..ရွှေတိဂုံကို..စောင်းတန်းကတက်ပြီး…ဖူးရာ..အဆင်ပြေလာခဲ့သည်ဟု…ပြောပါသည်။ . တသက်လုံး..မဖူးရတော့ဟု..ယူဆထားတဲ့..ရွှေတိဂုံကို..မျက်မြင်ကိုယ်တွေ့ဖူးလိုက်ရလို့..မောင်မင်းကြီးသားကို..ကျေး

ဇူးဆပ်ခိုင်းလိုက်တာပါဟု..အားရဝမ်းသာ..ပြောရှာပါသည်။ .ခုချိန်မှာတော့..သားအမိနှစ်ဦးစလုံး..ကွယ်လွန်သွားကြပါပြီ။ .ဆေးနည်းကတော့.တောရှောက်ခါးသီး ( ခ ) ရှောက်ဘီလူးအား..အလယ်မှ..ထက်ချမ်းခွဲပါ။ .ရိုးရိုးရှောက်သီးလည်း..ရပါသည်။ ကြက်သွန်နီကို..အကွင်းလိုက်..ထူထူလေးလှီးပြီး..ရှောက်သီးကြားမှာ..ညှပ်ပါ။ . . . . ကွာမသွားစေရန်အတွက်..ဝါးချမ်းတုတ်ချောင်းနဲ့..ကန့်လန့်ဖြတ်ထိုးလိုက်ပါ။ ရှောက်သီးတွေကို..နူးအိသွားအောင်..ရေခန်းပြုတ်ပါ။ . . . .

ရလာတဲ့ရှောက်သီးကို.အတုံးငယ်ငယ်ကလေးတွေ..စိတ်ပြီး..အဝကြယ်ဖန်ပုလင်းထဲကိုထည့်ပြီး..မီးတောက်အရက်နဲ့..စိမ်ထားပါ။ . . . . မီးတောက်အရက်..အဆင်မပြေယင်..အရက်ပြင်းပြင်းကို..အရက်ပျံရောပြီးသုံးလို့..ရပါတယ်။ .ပုလင်းကို….တစ်လလောက်..နေပူထဲမှာ..ပစ်ထားလိုက်ပါ။ . . . . ဒီနောက်တော့..သုံးလို့..ရပါပြီ။ . . . . ကြာလေ..ကောင်းလေပါပဲ။ .ဒူးနာသူတိုင်း..( မပျောက်မှာ )..ကတော့..သေချာပါသည်။ .ကုသိုလ်ထူးလို့..အနာနဲ့..ဆေးတည့်သူမှာတော့.အဆင်ပြေပါလိမ့်မည်။ .ပါးနေသူ-အရွတ်ပဲ့နေသူတွေကတော့..ဒူးခေါင်းအစားထိုးမှ..ရပါတယ်။ . . . . ကုန်ကျစားရိတ်ကတော့..ဒူးတစ်ဘက်ကို..သိန်း၈၀လောက်ရှိပါတယ်။ . . . .

ဆေးပူကြိုက်သူတွေကအတွက်တော့..ပရုတ်လေးပါးဆေး ( ခ ) မင်းလေးပါးဆေးက..မဆိုးပါဘူးနီးစပ်ရာ ဘယဆေးဆိုင်တွေမှာ..ပရုတ်လေးပါးတစ်ကျပ်သားစီပေးပါဆိုယင်..သူတို့..နားလည်ပါတယ်။ . . . . ပရုတ်လေးပါးဆိုတာက..ပရုတ်..မင်သော်…သိုင်းမော..နဲ့..ဖုန်းမသိမ်ပါ။ .တစ်မျိုး..တစ်ထုတ်နှုံးနဲ့..လေးထုတ်ပေးပါ လိမ့်မယ်။ . . . . အခဲတွေပါ။ . . . . အိမ်ရောက်မှ..အဝကြယ်တဲ့..ပုလင်းထဲကို..ရောထည့်လိုက်ပါ။ .ခဏကြာယင်..အရည်ဖြစ်သွားပါလိမ့်မယ်။ . . . . သူက..ပူပါတယ်။ . . . . ပူလွန်းတယ်ထင်ယင်..မုံညင်းဆီကို..လိုသလောက်ရောပေးပါ။ . . စုစုပေါင်း..လေးကျပ်သားကို..သုံးထောင်ကျော်လောက်ကျပါမယ်။ .အဆီတွေမို့..တော်တော်ကြာကြာ..သုံးရပါတယ်။

မိမိ၏အတွေ့အကြုံကို..မျှဝေလို့..ဆေးဒါနပြုလိုက်ပါတယ်။ . ဖရင်းအများ..ဒူးနာကင်းဝေး…ထိုင်ထ..မလေးစေရန်..ဆုတောင်းပေးလိုက်ပါသည်။

Zawgyi

ဒူးနာေရာဂါရွိသူမ်ား အတြက္ ေရွာက္ဘီလူးႏွင့္ ၾကက္သြန္

“ဒူးနာအတြက္ လြယ္ကူေသာ ေဆးတစ္လက္”

ကြၽန္ေတာ္သည္…ဒူးနာေဝဒနာရွင္တစ္ဦးျဖစ္ပါသည္။ ၁၉၉၅ခုက..ကားတိုက္ခံရစဥ္..ေပါင္သုံးပိုင္းက်ိဳးသည္ႏွင့္အတူူ…ဒူးကိုပါ..အနည္းငယ္ထိခိုက္မိပါသည္။ .ထိုစဥ္မွစ၍..ယေန႔တိုင္..ဒူးသည္..အနည္းငယ္မွ်..မသိမသာ.ေရာင္ရမ္းေနသလို..အတန္ငယ္လည္း..တင္းေနပါသည္။ .ထို႔ေၾကာင့္..ဒူးနာေပ်ာက္ေဆး…မ်ိဳးစုံအား..သုံးစြဲျခင္းေလ့လာေဖာ္စပ္ျခင္းမ်ား..ျပဳခဲ့ပါသည္။

ဒူးနာျခင္းသည္..ဒီဘက္ေခတ္၌..အေတာ္ေလးအျဖစ္မ်ားေနသည္ကို..သတိထားမိသည္။ . . . . မိမိမွအလႉအတန္းလုပ္တိုင္း…အခန္းအနားတစ္ခုခုလုပ္တိုင္း။ . . . . ။ . . . . ဒူးနာတတ္သည္ႈ….သက္ႀကီး႐ြယ္အို..ေဝဒနာရွင္တို႔အတြက္..အဆင္ေျပေစရန္..ကုလားထိုင္မ်ားကို..သီးသန႔္စီစဥ္ေပးေနရပါသည္။ . . . . တခ်ိဳ႕လည္း..ဒူးနာတာကို..အေၾကာင္းျပဳ၍..မလာေရာက္ႏိုင္ပါေၾကာင္းဖုႏ္ုးျဖင့္..ေတာင္းပန္ၾကပါသည္။ . . . .

ခက္သည္က..ဒူးနာရျခင္း၏..အေျခခံအေၾကာင္းရင္းေတြက..မ်ားလွပါသည္။ . . . . အ႐ိုးမွနာျခင္း..အ႐ြတ္မွနာျခင္း..ခ်င္ဆီမွနာျခင္း…ႂကြက္သားမွနာျခင္း…အေၾကာမွနာျခင္း….အဆစ္မွနာျခင္း…အပူငုတ္၍နာျခင္း..တီဘီေရာဂါ..ကင္ဆာေရာဂါေလးဘက္နာေၾကာင့္..နာျခင္း….ထိခိုက္ဒဏ္ရာရရာမွ..ဒဏ္ျဖစ္သြား၍..နာျခင္း..ေလးဘက္နာေရာဂါေၾကာင့္နာျခင္း..ေဂါက္ေရာဂါေၾကာင့္နာျခင္း..ယူးရစ္အက္ဆစ္လြန္ကဲေန၍နာျခင္း…စသျဖင့္..အေၾကာင္းရင္းေတြက..စုံလွပါသည္။ . . . . ထို႔ေၾကာင့္..တစ္ဦးတစ္ေယာက္က..ေကာင္းသည္ဟု..ရည္ၫြန္းေသာ္

လည္း…ေနာက္တစ္ဦးအတြက္ေတာ့..မထူးျခားျဖစ္ေနတတ္သည္။ . . . . အနာနဲ႔ေဆးမေတြ႕၍..လမ္းလြဲေနျခင္းျဖစ္ပါသည္။ .လြန္ခဲ့ေသာ..အႏွစ္၂၀ေက်ာ္က..အလြန္လြယ္ကူ၍..ကုန္က်မႈနည္းပါးေသာ..ဒူးနာေပ်ာက္ေဆးနည္း..တစ္လက္ကို…နကၡတၱေရာင္ျခည္မဂၢဇင္းတြင္..ဖတ္ဘူးခဲ့သည္။ . . . . ေရးသူက..ေက်ာင္းဆရာမဆိုေတာ့..ပို၍သေဘာ

က်ပါသည္။ . . . . သူကေတာ့..တစ္သက္လုံး..မေပ်ာက္ေတာ့ဘူး..ထင္တဲ့..ဒူးနာ…ဒီေဆးနဲ႔မွ..ေပ်ာက္ေတာ့သည္..ဟု..ၫႊန္းဆိုထားသျဖင့္..မွတ္သားထားသည္ႏွင့္..အတူ…ေဖာ္စပ္လိုက္ပါေတာ့သည္။ .ေဆးေဖာ္ထားၿပီး..၃-၄ႏွစ္အၾကာမွာ…ေဝဒနာရွင္တစ္ဦးနဲ႔ေတြ႕ပါသည္။ . . . . သူကေတာ့..မိမိအိမ္သို႔လာလည္ေသာ…အသက္၆၅ႏွစ္ခန႔္ရွိအမ်ိဳးသမီးႀကီးျဖစ္သည္။ . . . . ဇာတိက…သုံးဆယ္ၿမိဳ႕ကပါ။ . . . . သူ႔သမီးက…အလုံ-ဗဟို

စာရင္းမွာ..တာဝန္ၾကေတာ့..မိမိတို႔အိမ္အနီးမွာ..တိုက္ခန္းဝယ္ၿပီး..သားအမိႏွစ္ေယာက္..အတူေနၾကသည္။ . . . . ဇနီးျဖစ္သူနဲ႔..တစ္႐ုံးထဲမို႔..မိတ္ေဆြျဖစ္ၿပီး လာလည္ၾကျခင္းျဖစ္ပါသည္။ သူဒူးနာေနတာက ၾကာၿပီ။ . . . . ဘာေဆးနဲ႔မွ..မေပ်ာက္။ . . . . ခုေတာ့..အဂၤလိပ္လိမ္းေဆးလိမ္းေနသည္။ . . . . ဒီေဆးက..သြားတိုက္ေဆးကဲ့သို႔..ညႇစ္ထုတ္ရေသာ..ခရင္မ္ျဖစ္သည္။ . . . . သူက ( ေဆးပူနဲ႔..လုံးဝမတည့္ )..ဟုသိရပါသည္။

ေဆးစမ္းခ်င္ေသာမိမိက..အသင့္ေဖာ္ထားတဲ့ေဆးကို..ေပးလိုက္သည္။ .ေဆးကလည္း…ႏွစ္ခ်ိဳ႕ေနေတာ့..အဆီေတြတက္ေနၿပီး..ေရေႏြးၾကမ္းေရာင္သို႔ပင္..ေျပာင္းေနပါၿပီ။ .ဆယ္ရက္ေလာက္ရွိေတာ့..တစ္မနက္မွာ..သမီးျဖစ္သူက..ငါးဆင့္ခ်ိဳင့္ႀကီးဆြဲၿပီး..အိမ္ထဲကို..ဝင္လာပါသည္။ေမာင္ႏွေတြလို..ခင္ေနေတာ့လည္း..ဘာမေျပာညာမေျပာနဲ႔..မီးဖိုခန္းထဲကို..တန္းဝင္သြားၿပီး….ပါလာတဲ့..ၾကာဆံေက်ာ္ေတြကို..ပြဲျပင္ၿပီး..ဇြန္း-ခက္ရင္းနဲ႔တကြ..မိမိေရွ႕သို႔..လာခ်ပါေေတာ့သည္။

မိမိလည္း…ဘုမသိဘမသိမို႔…ေၾကာင္စီစီၾကည့္ယင္း..ခင္ဗ်ားးဘာအ႐ူးထတာလည္း…စြံ႕သြားၿပီလားဟုစမိသည္။ .သူမက..အသက္ေလးဆယ္ေလာက္ရွိတဲ့..အပ်ိဳႀကီးျဖစ္ပါသည္။ .သည္ေတာ့မွ..သူကရွင္းျပသည္။ .မိမိေပးလိုက္ေသာေဆးနဲ႔..သူ႔အေမရဲ႕ဒူးနာသက္သာလို႔..ေ႐ႊတိဂုံဘုရားကိုပင္..ေစာင္းတန္းက..တက္၍ဖူးႏိုင္သြားသျဖင့္..ေက်းဇူးဆပ္သည့္အေနနဲ႔..နင္ကိုယ္တိုင္..ေကြၽးေခ်ဟု…မွာလိုက္ေၾကာင္းသိရပါသည္။ .မိမိလည္း..ေဆးအေျခအေနသိလို၍..သူမအျပန္မွာ..တပါတည္းလိုက္သြားၿပီး..ေဝဒနာရွင္ကို ( ဗ်ဴး )ခဲ့ရာ..ေအာက္ပါအတိုင္း…သိခြင့္ရလိုက္ပါသည္။ . . . .

ေဆးယူသြားတဲ့ညမွာ..အိပ္ယာဝင္ခါနီးေတာ့..ထမိန္ကိုခါးေထာင္းႀကိဳက္ၿပီး..ေပါင္ရင္းမွ..ေခ်မ်က္ေစ့ထိ႐ြဲေနေအာင္လိမ္းၿပီး…အသားထဲစိမ့္ဝင္သည္အထိ…နာနာပြတ္သည္ဟုဆိုသည္။ .တေရးအႏိုးမွာ..ဆီးထသြားေတာ့..အရင္ကနဲ႔မတူ..အထိုင္အထေတြက..ေပါ့ပါးသြက္လက္ေနတာမို႔..ငါေတာ့ဒီေဆးနဲ႔..တည့္ၿပီလို႔မွတ္ယူယင္း..ထိုညက..စိတ္ခ်မ္းသာစြာ..အိပ္စက္လိုက္သည္။ . . . . ေနာက္ေန႔ေတြမွာလည္း..ေန႔စဥ္မွန္မွန္..လိမ္း သည္ႏွင့္အတူ…

( မိမိကမၫႊန္းဘဲ -သူ႔သေဘာနဲ႔သူ )..အနည္းငယ္ေလာက္..ေသာက္သည္ဟူပါ၏။ .တပတ္ေလာက္ၾကာေတာ့..ဒူးနာက..သိသိသာသာ..ေကာင္းေနတာေၾကာင့္..သမီးကို..ေခၚၿပီး..ႏွစ္ေပါင္းမ်ားစြာ..မဖူးရတာၾကာတဲ့..ေ႐ႊတိဂုံကို..ေစာင္းတန္းကတက္ၿပီး…ဖူးရာ..အဆင္ေျပလာခဲ့သည္ဟု…ေျပာပါသည္။ . တသက္လုံး..မဖူးရေတာ့ဟု..ယူဆထားတဲ့..ေ႐ႊတိဂုံကို..မ်က္ျမင္ကိုယ္ေတြ႕ဖူးလိုက္ရလို႔..ေမာင္မင္းႀကီးသားကို..ေက်း

ဇူးဆပ္ခိုင္းလိုက္တာပါဟု..အားရဝမ္းသာ..ေျပာရွာပါသည္။ .ခုခ်ိန္မွာေတာ့..သားအမိႏွစ္ဦးစလုံး..ကြယ္လြန္သြားၾကပါၿပီ။ .ေဆးနည္းကေတာ့.ေတာေရွာက္ခါးသီး ( ခ ) ေရွာက္ဘီလူးအား..အလယ္မွ..ထက္ခ်မ္းခြဲပါ။ .႐ိုး႐ိုးေရွာက္သီးလည္း..ရပါသည္။ ၾကက္သြန္နီကို..အကြင္းလိုက္..ထူထူေလးလွီးၿပီး..ေရွာက္သီးၾကားမွာ..ညႇပ္ပါ။ . . . . ကြာမသြားေစရန္အတြက္..ဝါးခ်မ္းတုတ္ေခ်ာင္းနဲ႔..ကန႔္လန႔္ျဖတ္ထိုးလိုက္ပါ။ ေရွာက္သီးေတြကို..ႏူးအိသြားေအာင္..ေရခန္းျပဳတ္ပါ။ . . . .

ရလာတဲ့ေရွာက္သီးကို.အတုံးငယ္ငယ္ကေလးေတြ..စိတ္ၿပီး..အဝၾကယ္ဖန္ပုလင္းထဲကိုထည့္ၿပီး..မီးေတာက္အရက္နဲ႔..စိမ္ထားပါ။ . . . . မီးေတာက္အရက္..အဆင္မေျပယင္..အရက္ျပင္းျပင္းကို..အရက္ပ်ံေရာၿပီးသုံးလို႔..ရပါတယ္။ .ပုလင္းကို….တစ္လေလာက္..ေနပူထဲမွာ..ပစ္ထားလိုက္ပါ။ . . . . ဒီေနာက္ေတာ့..သုံးလို႔..ရပါၿပီ။ . . . . ၾကာေလ..ေကာင္းေလပါပဲ။ .ဒူးနာသူတိုင္း..( မေပ်ာက္မွာ )..ကေတာ့..ေသခ်ာပါသည္။ .ကုသိုလ္ထူးလို႔..အနာနဲ႔..ေဆးတည့္သူမွာေတာ့.အဆင္ေျပပါလိမ့္မည္။ .ပါးေနသူ-အ႐ြတ္ပဲ့ေနသူေတြကေတာ့..ဒူးေခါင္းအစားထိုးမွ..ရပါတယ္။ . . . . ကုန္က်စားရိတ္ကေတာ့..ဒူးတစ္ဘက္ကို..သိန္း၈၀ေလာက္ရွိပါတယ္။ . . . .

ေဆးပူႀကိဳက္သူေတြကအတြက္ေတာ့..ပ႐ုတ္ေလးပါးေဆး ( ခ ) မင္းေလးပါးေဆးက..မဆိုးပါဘူးနီးစပ္ရာ ဘယေဆးဆိုင္ေတြမွာ..ပ႐ုတ္ေလးပါးတစ္က်ပ္သားစီေပးပါဆိုယင္..သူတို႔..နားလည္ပါတယ္။ . . . . ပ႐ုတ္ေလးပါးဆိုတာက..ပ႐ုတ္..မင္ေသာ္…သိုင္းေမာ..နဲ႔..ဖုန္းမသိမ္ပါ။ .တစ္မ်ိဳး..တစ္ထုတ္ႏႈံးနဲ႔..ေလးထုတ္ေပးပါ လိမ့္မယ္။ . . . . အခဲေတြပါ။ . . . . အိမ္ေရာက္မွ..အဝၾကယ္တဲ့..ပုလင္းထဲကို..ေရာထည့္လိုက္ပါ။ .ခဏၾကာယင္..အရည္ျဖစ္သြားပါလိမ့္မယ္။ . . . . သူက..ပူပါတယ္။ . . . . ပူလြန္းတယ္ထင္ယင္..မုံညင္းဆီကို..လိုသေလာက္ေရာေပးပါ။ . . စုစုေပါင္း..ေလးက်ပ္သားကို..သုံးေထာင္ေက်ာ္ေလာက္က်ပါမယ္။ .အဆီေတြမို႔..ေတာ္ေတာ္ၾကာၾကာ..သုံးရပါတယ္။

မိမိ၏အေတြ႕အႀကဳံကို..မွ်ေဝလို႔..ေဆးဒါနျပဳလိုက္ပါတယ္။ . ဖရင္းအမ်ား..ဒူးနာကင္းေဝး…ထိုင္ထ..မေလးေစရန္..ဆုေတာင္းေပးလိုက္ပါသည္။ . . . .

Leave a Reply

Your email address will not be published. Required fields are marked *