ဒေါ်အောင်ဆန်းစုကြည်အမှု စွဲချက်တင်သင့်၊ မတင်သင့် အမိန့်ချတော့မည်
နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်တို့ကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြား အောင်
လှုံ့ဆော်မှုနဲ့ စွဲချက် တင်သင့်၊ မတင်သင့်ကို နေပြည်တော်က အထူးတရားရုံးမှာ ဒီနေ့ နှစ်ဘက်လျှောက်လဲချက် ပေးခဲ့ကြပြီး နောက်အပတ်မှာ အမိန့်ချမှတ်မယ်လို့အကျိုးဆောင်ရှေ့နေတွေက ပြောပါတယ်။
မနေ့က ရုံးထုတ်တဲ့အချိန်မှာ ကားမူးပြီး နေထိုင်မကောင်းဖြစ်လို့ ရုံးချိန်း ခွင့်တိုင်ခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မှာ ပြန်ကျန်းမာလာပြီဖြစ်သလို ပြည်သူတွေအတွက်အမြဲဆုတောင်းမေတ္တာပို့နေတယ်လို့လည်း ဒီနေ့တရားရုံးချိန်းအတွင်း ရှေ့နေတွေနဲ့ တွေ့ချိန်မှာပြောဆိုခဲ့ပါတယ်
Zawgyi
ေဒၚေအာင္ဆန္းစုၾကည္အမႈ စြဲခ်က္တင္သင့္၊ မတင္သင့္ အမိန႔္ခ်ေတာ့မည္
ႏိုင္ငံေတာ္ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတ ဦးဝင္းျမင့္နဲ႔ ေနျပည္ေတာ္ ၿမိဳ႕ေတာ္ဝန္ ေဒါက္တာ မ်ိဳးေအာင္တို႔ကို ႏိုင္ငံေတာ္ ၿငိမ္ဝပ္ပိျပားမႈကို ပ်က္ျပား ေအာင္
လႈံ႕ေဆာ္မႈနဲ႔ စြဲခ်က္ တင္သင့္၊ မတင္သင့္ကို ေနျပည္ေတာ္က အထူးတရား႐ုံးမွာ ဒီေန႔ ႏွစ္ဘက္ေလွ်ာက္လဲခ်က္ ေပးခဲ့ၾကၿပီး ေနာက္အပတ္မွာ အမိန႔္ခ်မွတ္မယ္လို႔အက်ိဳးေဆာင္ေရွ႕ေနေတြက ေျပာပါတယ္။
မေန႔က ႐ုံးထုတ္တဲ့အခ်ိန္မွာ ကားမူးၿပီး ေနထိုင္မေကာင္းျဖစ္လို႔ ႐ုံးခ်ိန္း ခြင့္တိုင္ခဲ့ရတဲ့ ေဒၚေအာင္ဆန္းစုၾကည္ဟာ ဒီေန႔မွာ ျပန္က်န္းမာလာၿပီျဖစ္သလို ျပည္သူေတြအတြက္အၿမဲဆုေတာင္းေမတၱာပို႔ေနတယ္လို႔လည္း ဒီေန႔တရား႐ုံးခ်ိန္းအတြင္း ေရွ႕ေနေတြနဲ႔ ေတြ႕ခ်ိန္မွာေျပာဆိုခဲ့ပါတယ္