တစ်လပြည့်သွားပီဆိုပေမယ့် မနေ့တနေ့ကလိုခံစားရတုန်းပဲဆိုပြီး သူမရဲ့ခံစားချက်တွေကိုရင်ဖွင့်လာတဲ့ နန်းမြတ်ဖြိုးသင်း

တစ်လပြည့်သွားပီဆိုပေမယ့် တွေးလိုက်တိုင်း မနေ့တနေ့ကလိုခံစားရတုန်းပဲယောက်ျားရေဆိုပြီး သူမရဲ့ခံစားချက်တွေကိုရင်ဖွင့်လာတဲ့ သရုပ်ဆောင်နန်းမြတ်ဖြိုးသင်း

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်တော့သရုပ်ဆောင်နန်းမြတ်ဖြိုးသင်းကသူမရဲ့ခင်ပွန်းဖြစ်သူကကိုဗစ်ရောဂါနဲ့ကွယ်လွန်သွားတာ၁လပြည့်တဲ့အကြောင်းလေးကိုအခုလိုဝမ်းနည်းစွာပြောပြလာခဲ့ပါတယ်နော်။

နန်းမြတ်ဖြိုးသင်းကမနက်ဖြန်ဆိုရင်တစ်လပြည့်ပီ၊သတိရတဲ့စိတ်နဲ့နိုးပီးသတိရတဲ့စိတ်နဲ့အိပ်တယ်၊ကောင်းရာမွန်ရာမှာရှိနေမယ်ဆိုတဲ့စိတ်နဲ့ကလေးတွေအတွက်အကောင်းဆုံးကြိုးစားရှင်သန်နေပါတယ်။

ရှေ့ရေးကိုတော့မတွေးရဲဘူး၊ခက်ခဲတဲ့ကာလမှာတစ်ယောက်တည်းရုန်းကန်ရမှာမို့ကြမ်းတမ်းမှာတော့ကြိုတွေးထားတယ်၊ကိုကျားပေါက်ပြောသလိုပေါ့၊ထွက်သွားတဲ့သူအတွက်ခက်ခဲသလိုကျန်ခဲ့တဲ့သူမှာလဲမလွယ်ကူပါဘူး။

တစ်လပြည့်သွားပီဆိုပေမယ့်တွေးလိုက်တိုင်းမနေ့တနေ့ကလိုခံစားရတုန်းပဲ၊ခက်ခက်ခဲခဲရှင်သန်ရတယ်ဆိုတဲ့အဓိပ္ပါယ်ကိုခုမှနားလည်တယ်၊ဘယ်လိုပဲဖြစ်ဖြစ်ကျန်ခဲ့တဲ့သူကသွားနှင့်တဲ့သူအတွက်ပါပေါင်းပီးရှင်သန်ရပ်တည်ရမှာပါ၊

မိသားစုတွေရဲ့ရင်ထဲမှာတော့အမြဲရှင်သန်နေမှာပါ၊ပျော်ရွှင်စရာအမှတ်တရတွေအများကြီးနဲ့ထာဝရမအိုမင်းတော့ပဲမှတ်ဉာဏ်ထဲမှာရှင်သန်နေမှာ၊ပိုကောင်းတဲ့နေရာမှာအကောင်းဆုံးရှင်သန်နိုင်ပါစေယောက်ျားရေဆိုပြီးတော့ဝမ်းနည်းစွာရေးသားဖော်ပြထားပါတယ်။

Zawgyi







Leave a Reply

Your email address will not be published. Required fields are marked *