ပိုင်ဖြိုးသုပြောပြတဲ့ဒလံကြောင့် ဖမ်းခံရသော ကိုလူမင်း အကြောင်း

ပိုင်ဖြိုးသုပြောပြတဲ့ဒလံကြောင့် ဖမ်းခံရသောကိုလူမင်းအကြောင်း

အခုလက်ရှိမှာညီမတို့လည်းထွက်ပြေးတိန်းရှောင်နေရတဲ့ ဆန္ဒပြတဲ့အနုပညာရှင် အများစုကို ပုဒ်မ ၅၀၅ နဲ့ မတရားဖမ်းဆီးမှု့တွေလုပ်လာတယ် အန်ကယ်လေး အဖမ်းမခံရခင်မှာ ပိုင်ဖြိုးသုတို့နဲ့ အတူရှိနေသေးတယ်

ညီမတို့မနက်ပိုင်းမှာဆန္ဒပြတယ် လမ်းခွဲကာနီးမှာ ညီမရယ် ကိုဏကြီးရယ် ခါရာ နဲ့ အန်ကယ်လေးပါတယ် စုပီးတိုင်ပင်ကြတယ် ပြည်သူတွေအတွက် အနုပညာရှင်တွေကshort vidoe လေးရိုက်ပီး အားပေးစကားလေးတွေ အရေးတော်ပုံအောင်ဖို့စိတ်ဓာတ်မကြဖို့

ပြောကြရင်ကောင်းမယ်ဆိုပီးတိုင်ပင်ဖြစ်ကြသေးသည်။ ပိုင်ဖြိုးသုအနေနဲ့ ဆက်လက်ပြောပြခဲ့တာတော့ အဒီညက ညီမတို့တိုင်ပင်ထားတဲ့အတိုင်းပဲ အန်ကယ်လေးနဲ့ ညီမ ကvidoe တင်တယ်

ချစ်တဲ့ပိရိတ်သတ်တွေပြည်သူတွေအတွက်စကားပြောပေးတယ် အန်ကယ်လေးက သူ့အိမ်မှာမလုံခြုံတော့တာ သိတဲ့အတွက် နေရာရွေ့တယ် ညီမတို့လည်းလုံခြုံမှူ့မရှိတော့ဘူးလေ

အဒီတော့ညီမတို့လည်းနေရာရွေ့ကြတယ် နောက်မှပြန်သိရတာက အန်ကယ်လေးက သူနဲ့သိတဲ့လူရှိတဲ့ ရပ်ကွက်က အိမ်တစ်အိမ်မှာသွားပုန်းနေတာ အတိအကျကိုသတင်းပေးခံရတာ အစ်မခင်စံပယ်ဦး ငိုပီး live

လွှင့်တော့မှညီမတို့သိတာဆိုတဲ့အကြောင်း ပြောပြလာခဲ့သည်။ ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေကိုသတိထားကြပါ လူတိုင်းကိုသံသယဝင်ခိုင်းတာ မဟုတ်ပေမဲ့ ဒလံတွေဟာအရမ်းဒုက္ခ ပေးနေကြောင်း ပြောပြချက်များအရသိရှိရပါသည်။ အားမလျော့ပါနဲ့ အရေးတော်ပုံအောင်ရမည်။

Zawgyi








Leave a Reply

Your email address will not be published.