တော်လှန်ရေးကြီးမှာ သူမတတ်နိုင်တဲ့ဘက်ကနေပါဝင်ခဲ့ပေမယ့် ဝေဖန်ခံရလို့ စိတ်မကောင်းဖြစ်နေတဲ့ မော်ဒယ်ဒီး

တော်လှန်ရေးကြီးမှာ သူမတတ်နိုင်တဲ့ဘက်ကနေပါဝင်ခဲ့ပေမယ့် ဝေဖန်ခံရလို့ စိတ်မကောင်းဖြစ်နေတဲ့ မော်ဒယ်ဒီး

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်တော့မော်ဒယ်ဒီးကတော်လှန်ရေးကြီးမှာသူမတတ်နိုင်တဲ့ဘက်ကနေပါဝင်ခဲ့ပေမယ့်အပြစ်ပြောနေတဲ့သူတွေကြောင့်သူမအဆင်မပြေဖြစ်ရတဲ့အကြောင်းကိုအခုလိုဝမ်းနည်းစွာပြောပြလာခဲ့ပါတယ်နော်။

အလှမယ်ဒီးကFeb1၊အာဏာစသိမ်းတဲ့နေ့နိုးနိုးချင်းထဲကဘာSocial PunishmentဘာBoycottမှမရှိတဲ့အချိန်ကိုယ့်မခံမရပ်နိုင်မုန်းတဲ့စိတ်နဲ့တောက်လျှောက်SpeakOutလုပ်ခဲ့တယ်။

Friend ဖြစ်နေတဲ့သူတွေသိမှာပါနောက်ပိုင်းအဖမ်းအဆီးများတဲ့အပြင်Listထဲနာမည်ပါနေလို့အမျိုးတွေ မိသားစုတွေသူငယ်ချင်းတွေစိတ်ပူပီးရှောင်ဖို့ဖျက်စရာရှိတာဖျက်ဖို့ပြောလာလို့ရယ်အိမ်နားမှာတပ်လာစွဲလို့ရယ်အကောင့်ထဲမှာပို့စ်အကုန်ဖျက်ပီးရှောင်ခဲ့ပါတယ်။

တစ်နေ့ပို့စ်တစ်နေ့တင်၊နောက်နေ့ဖျက်တဲ့ပုံစံနဲ့သွားခဲ့ပါတယ်၊ကိုယ်Safeတဲ့အပိုင်းကိုယ်ရွေးချယ်မှုပါ၊ တောထဲလဲမသွားနိုင်၊မိဘကိုလဲပြန်ငဲ့နေရလို့ တကယ်ကိုယ်ကျိုးစွန့်ပီးလုပ်ပေးတဲ့သူတွေကို အမြဲတမ်းအားနာပီးလိပ်ပြာလဲမလုံပါဘူးရှင့်၊အဲ့ဒါအပြင်တရေးနိုးWallထဲလာဝင်ကြည့်ပို့စ်တွေဖျက်လို့မတင်လို့လာဆဲကြတဲ့သူတွေကိုအပြစ်လဲမတင်ခဲ့ပါဘူး၊ကိုယ့်နေရာသူတို့ဝင်ကြည့်ရင်သိမှာပါဆိုတဲ့စိတ်နဲ့ပါ။

ကိုယ်တကယ်သေနေခဲ့လို့၊ဝင်မပါခဲ့လို့၊စစ်တပ်မိသားစုကမို့ဒီလိုSpလုပ်တာဆိုလက်ခံပါတယ်၊အခုဟာကတစ်လမ်းထဲသွားနေတဲ့သူအချင်းချင်းကြည့်မရတာနဲ့ရောပီးလောင်းကြတာတော့အဆင်မပြေပါဘူးရှင်။

အခုလဲPageကနေLocalBrandတွေsupportပီးလှူတာလေးကိုကိုယ်တတ်နိုင်တဲ့လမ်းကနေဘဲကူညီပေးနေတာပါ၊အဲ့ဒါကိုSsရိုက်ပီးတင်ပီးပြောနေတာမြင်တော့မခံမရပ်နိုင်တာပါမဟုတ်မမှန်ပြောဆိုတာတွေကိုပါ။

ကိုယ့်ကိုယ်တိုက်ခိုက်ချင်တဲ့သူအလကားမုန်းနေတဲ့သူတော်တော်များတာဘဲတွေးလိုက်ပါတယ်၊ခဏနေရင်တော့ပြန်ဖျက်ပါမယ်နော်၊တကယ်အဆင်မပြေလို့ရင်ဖွင့်တာပါဆိုပြီးတော့ဝမ်းနည်းစွာရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Zawgyi









Leave a Reply

Your email address will not be published. Required fields are marked *