Unicode
လွယ်လွယ်နဲ့အရှုံးမပေးတတ်တဲ့ ရှားမှရှားတဲ့မိန်းကလေးဆိုတာ
တချို့သူတွေက အပြင်ပန်းမှာ မာကျောသလိုထင်ရပေမယ့် အတွင်းစိတ်မှာတော့ ထိခိုက်လွယ်၊ ခံစားလွယ်တာကြောင့် လူတွေကိုအရှုံးပေးလိုက်ရတဲ့သူဖြစ်နေတတ်ပါတယ်။
တကယ်တမ်းစိတ်ဓာတ်မာကြောပြီး ပတ်ဝန်းကျင်ကလူတွေကို ဘယ်တော့မှအရှုံးမပေးတတ်တဲ့မိန်းကလေးဆိုတာ ဒီလိုစိတ်မျိုးရှိတဲ့သူတွေဖြစ်ပါတယ်။
၁- အချစ်ကိုမကိုးကွယ်ဘူး
ခိုင်မာတဲ့စိတ်ထားရှိတဲ့သူတွေဟာ အချစ်ကိုအလေးထားတတ်ပေမယ့် မကိုးကွယ်တတ်ပါဘူးအချစ်ကိုဘဝရဲ့ ပထမဦးစားပေးနေရာမှာထားပြီး အရူးအမူးကိုးကွယ်တတ်တဲ့သူတွေမဟုတ်ပါဘူးအချစ်ဆိုတာ ဘဝရဲ့တစ်စိတ်တစ်ပိုင်းပဲဆိုတာ ကောင်းကောင်းနားလည်တဲ့သူတွေဖြစ်ပါတယ်။
၂-လွယ်လွယ်နဲ့မယိမ်းယိုင်တတ်ဘူး
ဒီလိုလူမျိုးတွေဟာ အလွယ်တကူစိတ်မယိမ်းယိုင်တတ်တာကြောင့် တွေဝေတာတွေ၊ တွန့်ဆုတ်တာတွေမရှိပါဘူး။
ဆုံးဖြတ်ချက်တစ်ခုချပြီးရင် ဘယ်သူကမှတားဆီးလို့မရဘဲ ကိုယ်ဆုံးဖြတ်ထားတဲ့အတိုင်း မဖြစ်ဖြစ်အောင်လုပ်တတ်ကြပါတယ်ဘယ်သူ၊ဘယ်အရာကြောင့်မှ မယိမ်းယိုင်တတ်တဲ့သူတွေဖြစ်ပါတယ်။
၃- တစ်ဖက်သားကိုအပြစ်မတင်တတ်ဘူး
စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေဟာ တစ်ဖက်သားကိုအပြစ်မြင်၊ အပြစ်တင်တာမျိုးတွေမလုပ်တတ်ပါဘူးကိုယ့်အမှားကိုသိအောင်ကြိုးစားပြီး ကိုယ့်ကိုယ်ကိုသာ အကောင်းဆုံးဖြစ်အောင် ကြိုးစားတတ်ကြပါတယ်။
၄- လွယ်လွယ်နဲ့လက်မလျှော့တတ်ဘူး
တစ်ခုခုလုပ်ဖို့ဆုံးဖြတ်ပြီးတဲ့အခါ မရရအောင်ကြိုးစားတတ်တဲ့သူတွေ၊ လွယ်လွယ်လက်မလျှော့တတ်တဲ့သူတွေဖြစ်ပါတယ်။
တစ်ကြိမ်ကြိုးစားလို့ မအောင်မြင်တာနဲ့ အရှုံးပေးလိုက်တာမျိုးမရှိဘဲ အကြိမ်ကြိမ်ပြန်ကြိုးစားပြီး အောင်မြင်အောင်လုပ်တတ်တဲ့ စိတ်မျိုးရှိတဲ့သူတွေဖြစ်ပါတယ်။
၅-စိတ်ရှင်းတယ်
စိတ်ဓာတ်ပျော့ညံ့တဲ့သူတွေက မပြတ်သားဘူး၊တွေဝေတတ်တာကြောင့် အမြဲလိုလိုစိတ်ရှုပ်ထွေးနေတတ်ပါတယ်။
စိတ်ဓာတ်ခိုင်မာတဲ့သူတွေကတော့ ဒီလိုတွေမရှိဘဲ ပြတ်သားတာကြောင့် အမြဲတမ်းစိတ်ရှင်းနေတဲ့သူတွေဖြစ်ပါတယ် စိတ်ဓာတ်ကြံ့ခိုင်လေလေ၊ စိတ်ကလည်း ရှင်းလေလေပါပဲ။