🌹မိန်းမတစ်ယောက်ရဲ့တန်ဖိုး🌹
🌹မိန်းမတစ်ယောက်ရဲ့တန်ဖိုး🌹
.
မိန်းမတစ်ယောက်ရဲ့တန်ဖိုးဆိုတာ
ရုပ်ရည်လှပခြင်းမဟုတ်ဘူး။အရှက်သိက္ခာကို အသက်ထက်တန်ဖိုးတတ်ထားမှ တန်ဖိုးရှိတာပါ။
တန်ဖိုးကြီးတဲ့ပစ္စည်း လူတိုင်းက လိုချင်ကြပေမယ့် လူတိုင်းဝယ်မသုံးနိုင်ဘူး။ဒီလိုပါပဲ အရမ်းချောမော လှပတဲ့မိန်းကလေးတစ်ယောက်အနားကို ယောကျ်ားလေးတိုင်း ချဥ်းကပ်ချင် ပေမယ့် အရှက်သိက္ခာရှိတဲ့ မိန်းမကောင်းဖြစ်နေရင် လူတိုင်းမချဥ်းကပ်ရဲပါဘူး။
ဈေးပေါတဲ့ပစ္စည်းဆိုတာ …
လှလှမလှလှ အသုံခံသည်ဖြစ်စေ မခံသည်ဖြစ်စေ လတ်တလောအဆင်ပြေစေဖို့အတွက်လူတိုင်းက မနှစ်သက်ကြပေမယ့် လူတိုင်းဝယ်သုံးနိုင်တဲ့ဈေးနှုန်းဖြစ်နေလို့ လူတန်းစားမရွေး ဝယ်သုံးလေ့ရှိတယ်။
ထို့အတူပဲ ဈေးပေါတဲ့ မိန်းမတွေဆိုတာ ရုပ်လှလှမလှလှ။မိန်းမကောင်း တစ်ယောက်ရဲ့အဆင်းအင်္ဂါရပ်နဲ့မညီပဲ လူတိုင်းလိုက်ချဥ်းကပ်ရဲတဲ့အနေအထိုင်အပြုအမူမျိုးဖြစ်နေရင် လူတန်းစားမရွေး အနားလာကပ်တာ ခံရမှာပါပဲ။
လူတန်းစားအရွယ်မရွေး အိမ်ထောင်သည်တွေကအစ ချဥ်းကပ်ရဲတယ်ဆိုတာ ဂုဏ်ယူစရာမဟုတ်ပါဘူး။ကိုယ်က အပေါစားဆန်လွန်းလို့ လူတကာစရဲတာ ရှက်စရာပါ။
ဒါကြောင့် လူတန်းစားအရွယ်မရွေး အနားကပ်ခံနေရပြီဆိုရင်.
ငါအရမ်းချောလှနေလို့လား…တွေးမယ့်အစားငါအပေါစားဆန်နေလို့လား …အရင်တွေးကြည့်ပါ။
လူတကာ ချဉ်းကပ်ရဲတဲ့မိန်းမ ဖြစ်နေဖို့ထက်လူတကာ မချဉ်းကပ်ရဲတဲ့ အရှက်သိက္ခာရှိတဲ့မိန်းမကောင်း ဖြစ်နေဖို့ပဲလိုတယ်။
မြကြာဖြူ
မြကြာဖြူ
Leave a Reply
Your email address will not be published. Required fields are marked *